1 st Day 1 st Lag

ချန်ပီယံလိဂ် ၃၂ သင်းအဆင့် ပထမရက် ပထမကျော့ ပွဲစဉ်များ ဒီနေ့ မနက်မှာ ကစားသွားခဲ့၏။ ပွဲစဉ်အားလုံး အရှုံးအနိုင် အဖြေ ထွက်ပေါ်ခဲ့၏။ အိမ်ရှင် ၂ ပွဲနိုင်၊ ဧည့်သည် ၂ ပွဲနိုင် ပွဲစဉ်တွေ ဖြစ်ခဲ့၏။ ဂိုးသွင်းများသည့် ပွဲစဉ်များဟု ဆိုရမည် ဖြစ်၏။ ၁ ဂိုး သွင်းသည့်ပွဲ ၁ ပွဲသာ ပါ၏။ ကျန်ပွဲစဉ်တွေက ၂ ဂိုးနှင့် ၂ ဂိုးအထက်တွေ ဖြစ်၏။

Galatasaray က Juventus ကို အိမ်ကွင်းမှာ ၅-၂ ဖြင့် အနိုင်ရသွားခဲ့၏။ ပထမပိုင်း ၁၅ မိနစ်မှာ ကတည်းက အိမ်ရှင်တွေ ဦးဆောင်ဂိုး အရင်သွင်း၏။ ချက်ချင်းပဲ ၁၆ မိနစ်မှာ ဧည့်သည်အသင်းက ချေပဂိုး ပြန်သွင်း၏။ ၃၂ မိနစ်မှာ ဧည့်သည်အသင်း ဦးဆောင်ဂိုး သွင်း၏။ အိမ်ရှင်တွေ ၄၉ မိနစ်မှာ ချေပဂိုး၊ ၆၀ မိနစ်မှာ ဦးဆောင်ဂိုး သွင်းယူ၏။ ၆၇ မိနစ်မှာ Juventus ကစားသမား Juan Cabal ၂ ဝါ ၁ နီဖြင့် ထုတ်ပယ်ခံလိုက်ရပြီးသည့် နောက်မှာ Galatasaray တို့ ၂ ဂိုး ထပ်သွင်းပြီး အနိုင်ရသွားခဲ့၏။ Juventus အနေဖြင့် ဒုတိယအကျော့ အိမ်ကွင်းမှာ ၃ ဂိုးနှင့် အထက် သွင်းယူနိုင်မှသာ အဆင်ပြေပေလိမ့်မည်။

Benfica vs Real Madrid ပွဲစဉ်မှာ Real Madrid က ၀-၁ ဖြင့် အနိုင်ရသွားခဲ့၏။ Real Madrid အတွက် ၁ လုံးထဲသော ဂိုးကို Vinicius Jr က မိနစ် ၅၀ မှာ သွင်းယူပေးသွားခဲ့၏။ ပြင်သစ် ကလပ်ချင်း တွေ့ဆုံသည့် ပွဲစဉ်က အကြိတ်အနယ် ရှိလှ၏။ Monaco က ဦးဆောင်ဂိုး အရင် ရခဲ့ခြင်း ဖြစ်၏။ ၁ ဂိုးထဲ မဟုတ် ၂ ဂိုးဆက် သွင်းယူခဲ့ခြင်း ဖြစ်၏။ ပွဲအစ ၁ မိနစ်နှင့် ၁၈ မိနစ်တွေမှာ ၂ ဂိုးဆက် ရယူသွားခဲ့ခြင်း ဖြစ်၏။ PSG တို့ နောက်ကနေ လိုက်ကစားခဲ့ရခြင်း ဖြစ်၏။ ၂၉ မိနစ်နှင့် ၄၁ မိနစ်တို့မှာ PSG ချေပဂိုးတွေ ပြန်လည် ရယူသွားနိုင်ခဲ့၏။ ၄၈ မိနစ်မှာ Monaco ကစားသမားတဦး တိုက်ရိုက် အနီကဒ်ဖြင့် ထုတ်ပယ်ခံခဲ့ရ၏။ ၆၇ မိနစ်မှာ PSG တို့ ဦးဆောင် အနိုင်ဂိုး ပြန်လည် သွင်းယူနိုင်ခဲ့လေ၏။

Dortmund vs Atalanta ပွဲစဉ်မှာတော့ အိမ်ရှင် Dortmund က ၂-၀ ဖြင့် အနိုင်ရသွားခဲ့၏။ ၂ ဂိုးလုံး ပထမပိုင်း မှာကတည်းက သွင်းယူခဲ့ခြင်း ဖြစ်၏။ Juventus က လွဲရင် ကျန်အသင်းတွေအဖို့ ဒုတိယကျော့မှာ မျှော်လင့်ချက် ကျန်နေသေး၏။ Juventus အနေဖြင့် လုံးဝကြီး မျှော်လင့်စရာ မရှိတော့တာမျိုးတော့ မဟုတ်ပေ။ သို့ပေမယ့် ကိုယ့်အိမ်ကွင်းမှာ ၃ ဂိုးနှင့် အထက် သွင်းယူနိုင်ဖို့က အတော်လေး ကြိုးစားရပေလိမ့်မည်။

နက်ဖြန်မှာတော့ ကျန်ပွဲစဉ် ၄ ပွဲကစားမည် ဖြစ်၏။ အီတလီကလပ် ၂ သင်းကတော့ ရှုံးပွဲတွေနှင့် ရင်ဆိုင်ထားခဲ့ရ၏။ Inter Milan အနေဖြင့် နိုင်ပွဲ ရယူပြီး အီတလီ ဂုဏ်ကို ဆောင်နိုင်မလားကတော့ စောင့်ကြည့်ရုံသာ။ New Castle အနေဖြင့်လည်း အခြား EPL အသင်းတွေလို ၁၆ သင်းဆင့် တက်လှမ်းနိုင်ဖို့ ကြိုးစားသွားဖို့ ရှိနေ၏။ Atletico Madrid အနေဖြင့်လည်း မြို့ခံ ပြိုင်ဘက် Real Madrid ကို ပုခုံးချင်း ယှဉ်နိုင်ဖို့ ရှုံးထွက် အဆင့်တွေ ဖြတ်ကျော်လာနိုင်ဖို့ လို၏။ ချန်ပီယံလိဂ်မှာတော့ Atletico Madrid အနေဖြင့် Real Madrid ၏ အောင်မြင်မှု သမိုင်းအစဉ်အလာကို မှီနိုင်ဖို့ရာ ခဲယဉ်း နေပေလိမ့်ဦးမည် ဖြစ်၏။

(photos from UCL page)



0
0
0.000
1 comments
avatar

⚠️⚠️⚠️ ALERT ⚠️⚠️⚠️

HIVE coin is currently at a critically low liquidity. It is strongly suggested to withdraw your funds while you still can.

0
0
0.000