1 st Lag, Day 2

ဒီနေ့ မနက် ၁ နာရီခွဲမှာတော့ UCL ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ် ဖြစ်သည့် Atletico Madrid vs Arsenal တို့ ကစား၏။ မနေ့က ပွဲစဉ်နဲ့ ဒီနေ့ ပွဲစဉ်က ဘာမှကို မဆိုင်နေပေ။ မနေ့က ဂိုးတွေ အများကြီး တွေ့မြင်ခဲ့ရပေမဲ့ ဒီနေ့မှာတော့ ဂိုးနှမြောနေကြ၏။ တသင်းကို ၁ ဂိုးစီသာ သွင်းယူခဲ့ကြပြီး ၂ သင်းပေါင်း ၂ ဂိုး ၁-၁ ဖြင့် သရေကျသွားခဲ့၏။ ၂ ဂိုးလုံးကလည်း ပင်နယ်တီဂိုးတွေချည်း ဖြစ်၏။ ပရိတ်သတ်တွေ ထင်မှတ်ထားခဲ့ကြသည့်အတိုင်း ဖြစ်သွားခဲ့လေ၏။
မနေ့က မြိုင်ဆိုင်သလောက် ဒီနေ့ကြ ငြိမ်သက်သွားသည့် သဘော ရှိလေ၏။ ပရိတ်သတ် အကြိုက် ပွဲကောင်း တပွဲတော့ မဖြစ်ခဲ့ပေ။ ၄၄ မိနစ်မှာ Arsenal တို့ ဦးဆောင်ဂိုး စရ၏။ ၅၆ မိနစ်မှာ Atletico Madrid က ချေပဂိုး ပြန်လည်လို့ သွင်းယူ၏။ ထို့နောက် ဘယ်သူ့ ဘယ်သူမှ ဂိုး ထပ်မံသွင်းယူနိုင်ခြင်း မရှိတော့ဘဲ ပွဲပြီးသွားခဲ့လေ၏။ အိမ်ရှင်အသင်း အနေဖြင့် ဘောလုံးပိုင်ဆိုင်မှု အနည်းငယ် ပို အသာရခဲ့သလို ဂိုးသွင်းခွင့်တွေလည်း ပို၍ ရရှိခဲ့၏။

သို့ပေမဲ့ ဒီနှစ်သင်းက ဒီလိုပဲ ဖြစ်မှဟု အားလုံးက ကြိုတွေးထားကြပြီး ဖြစ်၏။ ထို့ကြောင့် ထူးပြီး အံဩမနေကြတော့ပေ။ ပကျော့ ပွဲစဉ်များ အပြီးမှာ ဘယ်အသင်းတွေ ဗိုလ်လုပွဲ တက်မယ်ဆိုတာ မပြောနိုင်သေးပေ။ ဒုကျော့ပွဲစဉ်များ ပြီးမှသာ ပြောလို့ရပေလိမ့်မယ်။ ပကျော့ပွဲစဉ်တွေမှာ ရလဒ်တွေက သိသိသာသာ ပြတ်သားနေတာမျိုး မရှိခဲ့ပေ။ ဆိုတော့ကာ ဒုတိယကျော့ ပွဲစဉ်တွေကလည်း ဆက်လက် ကြည့်ကောင်းနေမှာ အသေအချာပင်။
နက်ဖြန် မနက် ၁ နာရီခွဲမှာတော့ Europa နှင့် Conference League ဆီမီးဖိုင်နယ် ပွဲစဉ်များ ကစားသွားကြမည် ဖြစ်၏။ Europa ဆီမီးဖိုင်နယ် အဖြစ် Braga vs Freiburg, Nottm Forest vs Aston Villa တို့ ကစားမည် ဖြစ်၏။ Conference ဆီမီးဖိုင်နယ် အဖြစ် Rayo Vallecano vs Strasbourg, Shakhtar Donetsk vs Crystal Palace တို့ ကစားကြမည် ဖြစ်၏။
(photos from UCL page)