After Game Week 10

avatar

EPL Game Week 10 ကစားအပြီးမှာ အသင်းတွေ၏ အမှတ်ပေးဇယား ရပ်တည်မှု အပြောင်းအလဲ ဖြစ်ပေါ်ခဲ့၏။ Liverpool အနေနဲ့ EPL မှာ လေးပွဲဆက် ရှုံးနိမ့်မှုကို Aston Villa ကို အနိုင်ယူပြီး ရပ်တန့်ပြလိုက်ပြီ ဖြစ်၏။ နိုင်ပွဲ နှင့်အတူ အဆင့် 3 နေရာသို့ ပြန်လည် တက်လှမ်းလာနိုင်ခဲ့လေ၏။ အဆင့် 2 နေရာမှာတော့ Man City က ရမှတ် 19 မှတ်ဖြင့် ရပ်တည်နေ၏။

အဆင့် 1 မှာတော့ ဆင်ပျံကြီး Arsenal က 25 မှတ်ဖြင့် ရပ်တည်နေ၏။ အဆင့် 1 နှင့် 2 က 6 မှတ်ကွာ အနေအထားမှာ ရှိနေပေမယ့် အဆင့် 2 မှ အဆင့် 11 ထိ အသင်းတွေကတော့ 1 မှတ်၊ 2 မှတ်၊ 3 မှတ်၊ 4 မှတ်ကွာ အနေအထားတွေသာ ရှိလေ၏။ ဆင်ပျံကြီးက တကယ်ကို ဆင်ပျံကြီး ဖြစ်လို့ နေခဲ့ပြီ။ 10 ပွဲသာ ကစားထားပြီးတာမို့ ချန်ပီယံ ဖြစ်မယ် မဖြစ်ဘူး ပြောဖို့ရာ စောနေပါသေး၏။

ရှေ့ရာသီတွေတုန်းကလည်း ခုလိုပဲ အမှတ်တွေဖြတ်ပြီး ဇယားထိပ်မှာ ဦးဆောင်ခဲ့ပေမယ့် ရာသီလယ်နှောင်းပိုင်းမှာ ရလဒ်တွေ ဆိုးရွားလို့လာခဲ့၏။ အချိန်အတော်ကြာထိ အဆင့် 1 နေရာကို ရယူထားနိုင်ခဲ့ပြီးမှ အဆင့် 2 ဖြင့် ရာသီ သိမ်းရတာက ပျော်စရာ မကောင်းလှပေ။

ရှေ့ GW တွေမှာတုန်းက ဇယားထိပ်ပိုင်းနား တက်လှမ်းလာနိုင်ခဲ့သည့် United အနေနဲ့က Nottm Forest ကို သရေကျပြီး အဆင့် 8 နေရာသို့ ရောက်သွား၏။ အဆင့် 1 က Arsenal နဲ့ 8 မှတ်ကွာ အနေအထားမှာ ရှိနေခဲ့၏။

10 ပွဲ ကစားပြီးချိန်ထိ တပွဲမှာ အနိုင်မရထားသည့်အသင်းက Wolves ဖြစ်လေ၏။ ဒီတိုင်းဆို ဒီရာသီမှာ တန်းဆင်းသွားရနိုင်၏။ Nottm Forest အနေဖြင့် Wolves အသင်း၏ အထက် အဆင့် 19 နေရာမှာ ရပ်တည်နေ၏။ မနှစ်က မထင်မှတ်တာတွေ လုပ်ပြနိုင်ခဲ့သည့် Nottm Forest အနေဖြင့် ဒီနှစ်မှာ ထင်မှတ်မထားရလောက်အောင် ရလဒ်ပိုင်းတွေ ဆိုးရွားလို့ နေခဲ့၏။

(photos from Premier League Page)



0
0
0.000
0 comments