Arsenal End their Winless Run

ဒီတပတ်မှာ EPL Round 24 ပွဲစဉ်များ ကစား၏။ ဒီတပတ်မှာ အသင်းကြီးချင်း ထိပ်တိုက်တွေ့သည့် ပွဲစဉ်က Tottenham vs Man City တို့၏ ပွဲစဉ် ဖြစ်၏။ ဒီနေ့ည ၁၁ နာရီမှာ ကစားမည် ဖြစ်၏။ United ကတော့ Fulham နှင့် ည ၈ နာရီခွဲ၊ အိမ်ကွင်းမှာ ကစားမည် ဖြစ်၏။ Aston Villa ကတော့ Brentford နှင့် အိမ်ကွင်းမှာ ကစားရမည် ဖြစ်၏။
Round 24 ၏ ပွဲစဉ် ၅ ပွဲ ကစားပြီးချိန်မှာ သရေ ၁ ပွဲသာပါပြီး ကျန် ပွဲစဉ် ၄ ပွဲက အရှုံးအနိုင် အဖြေ ပေါ်ခဲ့လေ၏။ Brighton vs Everton တို့ တဖက် ၁ ဂိုးစီ သရေကျသွားခဲ့လေ၏။ United အပေါ် အခဲမကျေခဲ့မှုတွေကို ဆင်ပျံကြီးတို့ အနေဖြင့် Leeds United အပေါ် အတိုးချလေသလားဟု ထင်မှတ်ရလောက်အောင် 0-4 ဖြင့် အနိုင်ရယူသွားခဲ့လေ၏။ ၄ ဂိုး ဆိုပေမယ့် ရိုးရာမပျက် own goal ကတော့ ၁ ဂိုး ပါနေပြန်သေး၏။ Arsenal အတွက်ဆို ပြိုင်ဘက် အသင်းတွေကပါ ဂိုးတွေ သွင်းပေးချင်နေကြ၏။ United ကိုပေါ့။ ပြီးခဲ့တဲ့ တပတ် 2-3 နဲ့ နိုင်တဲ့ ပွဲမှာတောင် OG ၁ ဂိုး ပါလိုက်သေးသည် မဟုတ်လား။
Wolves အနေဖြင့် အိမ်ကွင်းမှာ Bournemouth ကို 0-2 ဖြင့် ရှုံးနိမ့်သွားခဲ့၏။ United နဲ့ ပွဲစဉ်မှာ ရှုံးပွဲတွေ ရပ်တန့်နိုင်ခဲ့ပေမယ့် City နဲ့ တွေ့ပြီး နောက်မှာတော့ ၂ ပွဲဆက် ရှုံးပွဲတွေ့သွားခဲ့လေ၏။ Wolves တို့ အနေဖြင့် ရာသီကုန်မှာ တန်းဆင်းရဖို့ သေချာ သလောက် ရှိသွားခဲ့ပြီ ဖြစ်၏။

ခုတလော နိုင်ပွဲတွေ ဆက်နေလို့ တန်းဆင်းဇုန်က လွတ်ပြီဟဟု တွေးထင်ထားသည့် West Ham အနေနဲ့ ဒီတပတ်မှာတော့ Chelsea ကို 3-2 ဖြင့် ရှုံးနိမ့်သွားခဲ့ရလေ၏။ အဆင့် ၁၈ နေရာမှာ ရပ်တည်နေတယ် ဆိုပေမယ့် အဆင့် ၁၄ က အသင်းနှင့် ၈ မှတ်ကွာ၊ တန်းဆင်းဇုန် အထက် အဆင့် ၁၇ က အသင်းနှင့် ၆ မှတ်ကွာ အနေထားဆိုတော့ EPL မှာ တင်ကျန်နေရေး ဆက်လက် တိုက်ပွဲ ဝင်လို့ ရနေပါသေး၏။ Liverpool ကတော့ အိမ်ကွင်းမှာ New Castle ကို 4-1 ဖြင့် အနိုင်ယူသွားခဲ့၏။
United နည်းပြ Michael Carrick အနေဖြင့် အဖွင့်လှခဲ့မှုကို ဆက်ထိန်းထားနိုင်ဖို့ လိုမည် ဖြစ်၏။ ပထမကျော့ Round 2, Fulham အိမ်ကွင်းမှာ တဖက် ၁ ဂိုးစီ သရေကျထားခဲ့၏။ United ကို United လို ပြန်မြင်နေရပြီမို့ ယခု ပွဲစဉ်အတွက် ယုံကြည်မှု ရှိပါ၏။ Carrick လက်ထက်မှာ United က သိသိသာသာကို တိုးတက် ပြောင်းလဲလို့ လာခဲ့၏။ ဒီအရှိန် ဒီအခြေအနေကို ဆက်လက် ထိန်းထားနိုင်ဖို့ လိုမည် ဖြစ်၏။
Super Sunday ၏ နောက်ဆုံး ပွဲစဉ် အနေဖြင့် Tottenham vs Man City တို့၏ ပွဲစဉ်ကို ကြည့်ရပေလိမ့်မည်။ UCL မှာ ကျား၊ EPL မှာ ကြောင် ဖြစ်နေမှုကို Tottenham တို့ ချေဖျက်နိုင်ပါ့မလားက စိတ်ဝင်စားဖို့ ကောင်းနေ၏။ City အနေဖြင့် Arsenal ကို ဖိအားပေးဖို့ ယခု ပွဲစဉ်ကို အနိုင်ကစားဖို့ လိုမည် ဖြစ်၏။ Tottenham အနေဖြင့် London သား အချင်းအချင်းအတွက်ဆိုပြီး City ကို ဟန့်တား ပေးသွားမလားကတော့ စိတ်ဝင်စားဖို့ ကောင်းနေခဲ့၏။
(photos from Premier League Page)