Arsenal :: Still Flying High

Arsenal အသင်း ဆက်လက်၍ အမြင့်ပျံနေဆဲပင် ဖြစ်၏။ ဒီနေ့ မနက် အစောမှာ ကစားသွားသည့် UCL ပွဲစဉ်မှာ ဆက်လက်၍ အနိုင်ရသွားခဲ့၏။ Inter Milan ကို အဝေးကွင်းမှာ 1-3 ဖြင့် အနိုင်ရယူပြီး ရာနှုန်းပြည့်နိုင်ပွဲဖြင့် အမှတ်ပေး ဇယားကို ဆက်လက် ဦးဆောင်ထားခဲ့၏။ ပွဲစပြီး ၁၀ မိနစ်မှာပင် Arsenal တို့ ဦးဆောင်ဂိုး စတင်ရသွားခဲ့၏။ ၁၈ မိနစ်မှာ Inter Milan အသင်းက ချေပဂိုး ပြန်လည်လို့ သွင်းယူသွားခဲ့လေ၏။ သို့ပေမယ့် ၃၁ မိနစ်နှင့် ၈၄ မိနစ်တွေမှာ အနိုင်ဂိုးတွေ ဆက်တိုက် သွင်းယူပြီး ၃ မှတ် ရယူသွားခဲ့လေ၏။

UCL Round 7 ပွဲစဉ်တွေ အဖြစ် ၉ ပွဲ ကစားခဲ့ရာ ၁ ပွဲသာ သရေကျခဲ့ပြီး ကျန် ၈ ပွဲက အနိုင်အရှုံး အဖြေ ပေါ်ခဲ့၏။ သရေပွဲက FC Kobenhavn vs Napoli တို့၏ ပွဲစဉ် ဖြစ်၏။ 1-1 ဖြင့် သရေကျသွားခဲ့ခြင်း ဖြစ်၏။

Arsenal ကဲ့သို့ အနိုင်ရလဒ် ရယူနိုင်သည့် နောက်တသင်းကတော့ လန်ဒန် မြို့ခံ ပြိုင်ဘက် အသင်းတသင်း ဖြစ်သည့် Tottenham ဖြစ်လေ၏။ EPL မှာ ရလဒ်တွေ ဆိုးနေပေမယ့် UCL မှာတော့ ရလဒ်ကောင်းအောင် စွမ်းဆောင်ထားနိုင်ခဲ့၏။ Dortmund အသင်းကို 2-0 ဖြင့် အနိုင်ရသွားခဲ့၏။ ပွဲအစ ၁၄ မိနစ်မှာ ဦးဆောင်ဂိုး အရင် ရသွားခဲ့၏။ ပထမပိုင်း ၂၄ မိနစ်မှာ Dortmund ကစားသမား တယောက် အနီကဒ်နှင့် ထုတ်ပယ်ခံရပြီး နောက်မှာတော့ ပွဲ၏ ချိန်ခွင်လျှာက Tottenham တို့ဘက် ရောက်သွားခဲ့လေတော့၏။

Man City အနေဖြင့် Manchester Derby မှာ United ကို ရှုံးနိမ့်ပြီးနောက် UCL မှာပါ ထပ်မံ ရှုံးပွဲတွေ့သွားခဲ့ပြန်လေ၏။ Bodo/Glimt ကို 3-1 ဖြင့် ရှုံးနိမ့်သွားခဲ့ရလေ၏။ ပထမပိုင်း ၂၂ နှင့် ၂၄ မိနစ်တွေမှာ ဆက်တိုက် ဦးဆောင်ဂိုးတွေ သွင်းယူသွားခဲ့၏။ ဒုတိယပိုင်း ၅၈ မိနစ်မှာ တတိယဂိုးကို သွင်းယူသွားပြီးနောက်မှာတော့ ပွဲက ပြီးသလောက် ရှိသွားခဲ့လေ၏။ မိနစ် ၆၀ မှာ City တို့ ချေပဂိုး ၁ ဂိုး ပြန်သွင်းယူနိုင်ခဲ့လို့ မျှော်လင့်ချက်လေး အနည်းငယ် ရှိလာခဲ့ပေမဲ့ ၆၂ မိနစ်မှာ Rodri နှစါဝါ တနီဖြင့် ထုတ်ပယ်ခံရပြီးနောက်မှာတော့ မျှော်လင့်ချက် ပြန်မဲ့သွားခဲ့ရလေတော့၏။

Sporting CP ကတော့ လက်ရှိ UCL ချန်ပီယံ PSG ကို အိမ်ကွင်းမှာ 2-1 ဖြင့် အနိုင်ရသွားခဲ့လေ၏။ နည်းပြသစ်နှင့် Real Madrid ကတော့ အိမ်ကွင်းမှာ Monaco ကို 6-1 ဖြင့် ဂိုးပြတ် အနိုင်ရသွားခဲ့၏။

UCL ပထမရက် ပွဲစဉ်တွေမှာ EPL သုံးသင်း အနေဖြင့် နှစ်သင်းက အနိုင် တသင်းကရှုံးသည့် ရလဒ် ထွက်ပေါ်ခဲ့လေ၏။ ဒုတိယရက်မှာတော့ ဘယ်လို ရလဒ်တွေ ထွက်ပေါ်မည် မသိသေးပေ။ Chelsea က Pafos FC နှင့် အိမ်ကွင်း၊ Liverpool က Marseille နှင့် အဝေးကွင်း၊ New Castle က PSV နှင့် အိမ်ကွင်းတို့မှာ အသီးသီး ယှဉ်ပြိုင်ကစားသွားကြရမည် ဖြစ်၏။

(photos from UCL page)



0
0
0.000
0 comments