Aston Villa

ဥရောပဖလား ပွဲစဉ်များ (ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ ယူရိုပါ ကွန့်ဖရင့်လိဂ် ) ကွာတားဖိုင်နယ် အဆင့်တွေ ယှဉ်ပြိုင် ကစားလို့ ပြီးသွားခဲ့ပြီ ဖြစ်၏။ ဆီမီးဖိုင်နယ်အဆင့် ပွဲစဉ်များကိုတော့ မေလ အ‌စောပိုင်းမှာ ယှဉ်ပြိုင်ကစား သွားဖို့ ရှိ၏။ ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်မှာတော့ England မှ ကလပ်အသင်းတွေ ဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်း လာနိုင်ခဲ့ခြင်း မရှိပေ။

ချန်ပီယံလိဂ်မှာ Arsenal က Bayern Munich နှင့် Man City က Real Madrid တို့၏ ဖြုတ်ချခြင်းကို ခံခဲ့ရ၏။ England ကလပ်အသင်း‌တွေ၏ ချန်ပီယံလိဂ် အိပ်မက်က ကွာတားဖိုင်နယ် အဆင့်နဲ့ပဲ ပြီးဆုံးလို့ သွားခဲ့ရ၏။ မနှစ်က ချန်ပီယံ မန်စီးတီးလည်း ဆီမီးဖိုင်နယ် အဆင့်သို့ မလှမ်း နိုင်တော့ပေ။

ယူရိုပါလိဂ်မှာလည်း ထိုနည်းလည်းကောင်းပင်။ Liverpool က Atalanta နှင့် West Ham က လောလောလတ်လတ် ဂျာမန်ချန်ပီယံ ဖြစ်ထားသည့် Leverkusen တို့၏ ဖြုတ်ချခြင်းကို ခံခဲ့ရ၏။ West က Leverkusen နဲ့တွေ့ရလို့ ဆိုတာမျိုး ပြောလို့ရပေမယ့် Liverpool ကတော့ အနည်းငယ် ပြောစရာ ဖြစ်ခဲ့၏။ EPL ချန်ပီယံဆု အတွက် အပြိုင် ဖြစ်နေသည့် ဇယား ထိပ်ဆုံးက ၃ သင်းလုံး ဥရောပပြိုင်ပွဲတွေကနေ ထွက်ခွာ ခဲ့ရပြီမို့ EPL ပွဲစဉ်တွေကတော့ ပိုပြီး အကြိတ်အနယ် ရှိလာနိုင်၏။

ယူရိုပါ ကွန့်ဖရင့်လိဂ်မှာတော့ Aston Villa တို့ Lille ကို ကွာတားဖိုင်နယ် အဆင့်မှာ ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ဖြတ်ကျော်ပြီး ဆီမီးဖိုင်နယ်သို့ တက်လှမ်း သွားပြီ ဖြစ်၏။ မနှစ်က ချန်ပီယံ ဖြစ်ခဲ့သည့် West Ham ၏ ခြေရာနင်းနိုင် မလားကတော့ ဆက်လက် စောင့်ကြည့်ရ ပေလိမ့်မည်။

ပြင်သစ်တွေ အတွက်တော့ နောက်ထပ် နာကျင်စရာ ထပ်တိုးသွားခဲ့၏။ ကမ္ဘာဖလား ဗိုလ်လုပွဲမှာ သူတို့ကို အသည်းခွဲခဲ့သည့် အာဂျင်တိုင်းသား ဂိုးသမားကြီး Martinez ကပဲ ထပ်မံ အသည်းခွဲသွားခဲ့ပြန် လေပြီ။ ဆီမီးဖိုင်နယ်မှာတော့ Aston Villa တို့ ဂရိကလပ် Olympiacos နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်၏။ Martinez ကြီး မဒွန့်နိုင်အောင် ဂရိတွေ လုပ်ပြ နိုင်မလားကတော့ စိတ်ဝင်စားစရာပင်။

(Photos from Aston Villa Facebook page)



0
0
0.000
2 comments