Brentford took 1 point from Arsenal

EPL Round 26 ၏ လက်ကျန် ပွဲစဉ် ၁ ပွဲဖြစ်သည့် Brentford vs Arsenal ပွဲစဉ်မှာ တဖက် ၁ ဂိုးစီ သရေကျသွားခဲ့လေ၏။ ဦးဆောင်ဂိုးကို ၆၁ မိနစ်မှာ Arsenal က အရင်သွင်းခဲ့ပေမဲ့ ၇၁ မိနစ်မှာ Brentford က ချေပဂိုး ပြန်လည်လို့ သွင်းယူသွားခဲ့လေ၏။ Arsenal အနေဖြင့် သရေရလဒ်ကြောင့် အဆင့် ၂ က Man City ကို ၄ မှတ်သာ ဖြတ်ထားနိုင်လေ၏။ ချန်ပီယံ စိန်ခေါ်မှု ချန်ပီယံ အိပ်မက်က တဖန် ပြန်လည် အသက်ဝင် ကြည့်ကောင်းလို့ လာလေပြီ။

၂၆ ပွဲကစားပြီးပြီမို့ ၁၂ ပွဲသာ ကစားဖို့ ကျန်တော့လေ၏။ အဆိုပါ ၁၂ ပွဲက ဘယ်အသင်း ချန်ပီယံ ဖြစ်မလဲဆိုတာ အဆုံးအဖြတ် ပေးပေလိမ့်မည်။ Arsenal, Man City, Aston Villa တို့ အနေဖြင့် ချန်ပီယံလိဂ်၊ ယူရိုပါလိဂ် ပွဲစဉ်တွေ အပြင် FA & Carabao Cup တွေပါ ကစားသွားရဖို့ ရှိနေပြန်သေး၏။ ကန်ရမယ့် ပွဲစဉ်တွေ များသောကြောင့် လက်ကျန် ၁၂ ပွဲမှာ အမှတ် ဘယ်လောက် ရနိုင်မလဲက အရေးပါလာခဲ့၏။

ဇယားထိပ် အသင်းတွေထဲမှာ တပတ်ကို ၁ ပွဲသာ ကန်ရသည့်အသင်းဆိုလို့ United တသင်းထဲသာ ရှိလေ၏။ ဥရောပ ပြိုင်ပွဲတွေ မကစားရပါဘူးဆို Carabao နှင့် FA Cup တို့ကနေလည်း စောစီးစွာ ထွက်ခွာခဲ့ရပြီး ဖြစ်လေ၏။ ဆိုတော့ကာ United အတွက် အာရုံစိုက်စရာက EPL သာ ရှိတော့၏။ ထိုသို့ ပြောနေပေမဲ့ ချန်ပီယံ ဖြစ်ဖို့အထိကတော့ မဖြစ်နိုင်သေးပေ။ အဆင့် ၁ က Arsenal နှင့် ၁၂ မှတ် ကွာနေသည့် အနေအထား ဖြစ်၏။

United အနေဖြင့် အမြင့်ဆုံး မှန်းလို့ရတာ ချန်ပီယံလိဂ် ဝင်ခွင့်သာ ဖြစ်လေ၏။ အဆင့် ၃ နေရာထိ ရည်မှန်းပြီး ကစားနိုင်လေ၏။ လက်ရှိမှာ အဆင့် ၃ က Aston Villa နှင့် ၅ မှတ်ကွာ အနေအထား ဖြစ်၏။ ကံတရား ဖေးမရင်တော့ အဆင့် ၂ တွေ ဘာတွေလည်း ရသွားကောင်း ရသွားနိုင်၏။ ကိုယ်တိုင်တော့ ကြိုးစား အားထုတ်ဖို့ လိုမပေါ့။

ဒီနှစ် EPL ချန်ပီယံ အနေနဲ့ Arsenal သို့မဟုတ် Man City ထဲကပဲ ရယူသွားမယ် ထင်ပါ၏။ United ကတော့ ချန်ပီယံလိဂ် ဝင်ခွင့် ရသွားနိုင်၏။ Burnley, Wolves တို့ကတော့ တန်းဆင်းရမည် ဖြစ်၏။ နောက်တနေရာ အတွက် Leeds, Tottenham, Nottm Forest, West Ham တို့ထဲက တသင်းသင်း ဖြစ်သွားနိုင်၏။

(photos from Premier League Page)



0
0
0.000
0 comments