Can United Win?

ဆင်ပျံကြီးကတော့ ခုထိ အမြင့်ပျံနေဆဲပါမယ်။ Brentford ကို အိမ်ကွင်းမှာ 2-0 ဖြင့် အနိုင်ရသွားခဲ့ပါတယ်။ Man City က အဆင့် 2 နေရာကနေ ဆက်လက် ဖိအားပေးနေပေမယ့် Chelsea ကတော့ အဝေးကွင်းမှာ Leeds ကို 3-1 ဖြင့် ရှုံးနိမ့်သွားခဲ့ပါတယ်။ ယခုပွဲ အနိုင်ရသွားတဲ့ Leeds ကတော့ လောလောဆယ် တန်းဆင်းဇုန်ကနေ လွတ်သွားခဲ့ပါတယ်။

Liverpool အနေနဲ့ကတော့ အိမ်ကွင်းမှာ Sunderland နှင့် 1-1 သရေကျသွားခဲ့ပါတယ်။ Sunderland ကတောင် အပိုင်အခွင့်အရေးတွေ ပိုရခဲ့ပါသေးတယ်။ သေချာ အသုံးမချနိုင်လို့သာ အနိုင်ရမယ့် အခြေအနေနဲ့ ဝေးသွားခဲ့တာပါ။ Liverpool အနေနဲ့ကတော့ ခုထိ ပြန်လာနိုင်ဖို့ ကြိုးစားနေဆဲ လိုအပ်နေဆဲလို့ ပြောရမှာ ဖြစ်ပါတယ်။

Liverpool vs Sunderland ပွဲစဉ်ကလွဲလို့ ကျန်ပွဲစဉ် 5 ပွဲက အရှုံးအနိုင် အဖြေပေါ်ခဲ့ပါတယ်။ မနေ့က Fulham vs Man City တို့ရဲ့ ပွဲစဉ်လိုပဲ Brighton vs Aston Villa ပွဲစဉ်ကလည်း နှစ်သင်းပေါင်း သွင်းဂိုး များခဲ့ပါတယ်။ Fulham vs Man City ပွဲစဉ်မှာက 4-5 ရလဒ် ထွက်ပေါ်ခဲ့ပြီး Brighton vs Aston Villa ပွဲစဉ်မှာတော့ 3-4 ဂိုး ရလဒ် ထွက်ပေါ် ခဲ့ပါတယ်။

နက်ဖြန်မှာတော့ Man United အနေဖြင့် West Ham အသင်းနဲ့ အိမ်ကွင်းမှာ ကစားသွားဖို့ ရှိနေပါတယ်။ United အနေနဲ့က နိုင်မယ်ထင်ရင် ရှုံး၊ ရှုံးမယ်ထင်ရင် နိုင်နဲ့ ဆိုတော့ ဘယ်လို ပြောလို့ ပြောရမယ် ဘယ်လို မှန်းရမယ် မှန်းလည်း မသိနေခဲ့ပေ။

United နိုင်ခဲ့ရင် အမှတ်ပေး ဇယားအထက်နားကို တက်နိုင်မှာ ဖြစ်ပါတယ်။ အဆင့် 5 နေရာ လောက်ထိပေါ့။ West Ham အနေနဲ့ကလည်း တန်းဆင်းဇုန်ထဲကနေ လွတ်နိုင်ဖို့ အမှတ်လိုအပ်နေပါတယ်။ ဘယ်လို ရလဒ် ထွက်ပေါ်လာမလဲကတော့ စိတ်ဝင်စားဖို့ ကောင်းနေခဲ့ပါတယ်။

(photos from Premier League Page)



0
0
0.000
0 comments