Championship

ဒီတပတ်မှာတော့ EPL ပွဲစဉ်တွေ မရှိပေ။ ဆိုတော့ကာ Championship ပွဲစဉ်တွေဘက် လှည့်ကြည့်ရအောင်။ Championship ပွဲစဉ်တွေ အနေဖြင့် Round 36 အထိ ရောက်ရှိနေခဲ့ပြီး ဖြစ်ပါတယ်။ ၂၄ သင်း ရှိတာ ဆိုတော့ ၄၆ ပွဲ ကစားကြရမှာ ဖြစ်ပါတယ်။ ခုက ၃၆ ပွဲမြောက်ဆိုတော့ ၁၀ ပွဲသာ ကစားဖို့ ကျန်ပါတော့တယ်။ ဇာတ်ရှိန်မြင့်တဲ့ အချိန်လို့ ပြောရမှာ ဖြစ်ပါတယ်။ EPL ကို တက်ရောက်နိုင်ဖို့ ဇယားထိပ်က အသင်းတွေ ကြိုးစား ကြမှာ ဖြစ်သလို League 1 သို့ တန်းမဆင်း ရရေးအတွက်လည်း ရုန်းကန်ကြရမှာ ဖြစ်ပါတယ်။

လက်ရှိ ၃၅ ပွဲ ကစားအပြီးမှာ Coventry အသင်းက အမှတ်ပေး ဇယားကို ၇၁ မှတ်နဲ့ ဦးဆောင်ထားပါတယ်။ ဒုတိယနေရာမှာတော့ ၆၆ မှတ်နဲ့ Middlesbrough အသင်းက ရပ်တည်နေပါတယ်။ တတိယနေရာမှာတော့ Ipswich အသင်းက တပွဲလျော့ ၆၃ မှတ်နဲ့ ရပ်တည်နေပါတယ်။ ၆၂ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေတာကတော့ Millwall အသင်းပဲ ဖြစ်ပါတယ်။ ဇယားထိပ်ပိုင်းက အသင်းတွေ အနေနဲ့ အမှတ်ကွာဟချက် သိပ်အများကြီး မရှိနေပါဘူး။

ချန်ပီယံ ဖြစ်ဖို့၊ တန်းတက်နိုင်ရေး playoff ကစားခွင့်ရဖို့ စသည်ဖြင့် အကြိတ်အနယ် ဆက်လက် ယှဉ်ပြိုင်ကြရဦးမှာ ဖြစ်ပါတယ်။ မနှစ်က တန်းဆင်းခဲ့ရတဲ့ Ipswich အနေဖြင့် ဒီရာသီ တန်းပြန်တက်နိုင်ဖို့ အခြေအနေကောင်းနေပါတယ်။ ချန်ပီယံလား အဆင့် ၂ နဲ့လား၊ ဒါမှ မဟုတ် playoff ကစားခွင့် ရမလားကတော့ လက်ကျန် ပွဲစဉ်တွေကို စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

အဆင့် ၁ နှင့် ၂ အသင်းတွေက EPL ကို တိုက်ရိုက် တန်းတက်ခွင့်ရမှာ ဖြစ်ပြီး အဆင့် ၃ မှ ၆ အထိ ၄ သင်းကတော့ playoff ကစားကြရမှာ ဖြစ်ပြီး ထိုအထဲကမှ ဗိုလ်စွဲတဲ့ ၁ သင်းက တန်းတက်ခွင့်ရမှာ ဖြစ်ပါတယ်။ အဆင့် ၁၊ ၂ တွေထက်ကို playoff ပွဲစဉ်တွေက ပိုမို ရင်ခုန် စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ ၄ သင်းထဲက ၁ သင်းပဲ တန်းတက်ခွင့်ရမှာ ဆိုတော့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရတာကြောင့်လည်း ဖြစ်ပါမယ်။

တန်းဆင်းဇုန်ထဲ ရောက်နေတဲ့အသင်းတွေကတော့ West Brom, Leicester & Sheff Wed အသင်းတို့ ဖြစ်ပါတယ်။ မနှစ်က EPL ကနေ တန်းဆင်းသွားရတဲ့ Leicester အသင်းအနေနဲ့ Championship ရဲ့ တန်းဆင်းဇုန်ထဲကိုပါ ထပ်မံ ရောက်ရှိနေတာကတော့ စိတ်မကောင်းစရာပါ။ ၂၀၁၅-၁၆ မှာ EPL ချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့ Leicester အသင်းအနေဖြင့် ခုလောက်ထိကြီး ရလဒ်တွေ ဆိုးရွားသွားမယ်လို့ ဘယ်သူမှ ထင်မှတ်ထားမှာ မဟုတ်ပါဘူး။

(photos from EFL page)



0
0
0.000
0 comments