Come on United


(Photo from Manchester United Facebook page)

မနေ့က ပွဲစဉ်တွေက တကယ် ကောင်း၏။ ဦးစွာ ပြောရရင်တော့ ယူနိုက်တက် အမျိုးသမီးအသင်းပေါ့။ မနေ့က အာဆင်နယ် အမျိုးသမီးအသင်းကို အဝေးကွင်းမှာ (၃-၁) ဂိုးဖြင့် ရှုံးနိမ့်သွားခဲ့၏။ အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်းက ပြောင်းပြန်တွေ ဖြစ်နေသည် ထင်ပါရဲ့။ အမျိုးသားအသင်း တလွဲတွေ ဖြစ်နေတုန်းက အမျိုးသမီးအသင်းက အတော်လေး ဟုတ်နေခဲ့ပြီး ခု အမျိုးသားအသင်း အခြေအနေကောင်းလာတော့ အမျိုးသမီးအသင်းက တလွဲတွေ ထလုပ်နေ၏။

ဒီနှစ် အမျိုးသမီးအသင်းက မနှစ်က အမျိုးသမီးအသင်းလောက် မစွံနေတာကတော့ အသိသာကြီး။ အသင်း၏ အဓိက တိုက်စစ်မှူး Russo အာဆင်နယ်သို့ ပြောင်းသွားတာလည်း သက်ရောက်မှု ရှိမည် ထင်ပါ၏။ မနှစ်က အဆင့် ၂ ဖြင့် ရာသီသိမ်းနိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ဒီအတိုင်းဆို မလွယ် လောက်ပေ။ ယူနိုက်တက် အမျိုးသမီးအသင်း အနေဖြင့် ပြင်ဆင်မှုတွေ လုပ်ဖို့ လိုအပ်နေပြီ ဖြစ်၏။

EPL ဖက်မှာတော့ မနေ့က လီပါပူးကော၊ အဆင်နယ်ကော အဝေးကွင်းမှာ ပြိုင်ဘက်တွေကို ဂိုးပြတ် အနိုင်ရယူခဲ့ပါတယ်။ လီပါပူးက ဘန်းဖို့ကို (၁-၄)၊ အာဆင်နယ်က ဘန်လေကို (၀-၅) ဂိုးဖြင့် အနိုင်ရသွားခဲ့ပါတယ်။ စီးတီးတို့ကတော့ အိမ်ကွင်းမှာ ချယ်လ်ဆီးနှင့် (၁-၁) ဂိုး သရေကျခဲ့တာကြောင့် အနည်းငယ် နစ်နာခဲ့ရတယ်လို့ ဆိုရပါလိမ့်မယ်။

ချန်ပီယံ ဖြစ်ဖို့ အမှတ်တွေ ရနိုင်သမျှ ဂိုးတွေ ရနိုင်သမျှ ယူထားဖို့ လိုပါတယ်။ စီးတီးတို့ ပထမအကျော့တုန်းကလည်း ချယ်လ်ဆီးကို အနိုင်မယူနိုင်ခဲ့ပါဘူး။ ပထမကျော့ ချယ်လ်ဆီး အိမ်ကွင်းမှာတော့ (၄-၄) ဂိုးဖြင့် သရေကျခဲ့တာပါ။ ခုဆို လီပါပူးက ၅၇ မှတ်၊ အာဆင်နယ်က ၅၅ မှတ်၊ စီးတီးက တပွဲလျော့ ၅၃ ဖြင့် ချန်ပီယံ ပြေးလမ်းက စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ ဘယ်သူ ပန်းဝင်သွားမလဲကတော့ ဆက်လက် စောင့်ကြည့်ကြရုံပေါ့။

စပါး အနေနဲ့ မနေ့က အိမ်ကွင်းမှာ ဝုဗ်ကို (၁-၂) ဂိုးဖြင့် ရှုံးနိမ့်သွားခဲ့ပါတယ်။ စပါးရဲ့ အခက်က ယူနိုက်တက် အတွက်တော့ အချက်ပါပဲ။ ဥရောပ ပြိုင်ပွဲ ဝင်ခွင့် အိပ်မက်တွေ ပိုနီးစပ်လာစေပါတာ။ ဒီနေ့ မြန်မာစံတော်ချိန် ည ၁၁ နာရီမှာ ကစားမယ့် လူတန်တောင်းနဲ့ အဝေးကွင်း ပွဲကိုသာ အနိုင်ကစားနိုင်ခဲ့မယ် ဆိုရင် အဆင့် (၄) က အက်စတုန်ဗီလာနဲ့ ၅ မှတ်၊ အဆင့် (၅) က စပါးနဲ့ ၃ မှတ်သာ ကွာဟမှာ ဖြစ်ပါတယ်။

ထို့ကြောင့် ယခုပွဲကို ယူနိုက်တက်တို့ အနိုင်ကစားဖို့ လိုပါတယ်။ အိမ်ကွင်းဆိုရင် ကစားပုံ ပိုကောင်းတတ်တဲ့ လူတန်တောင်းကလည်း ယူနိုက်တက် အတွက် ခက်ခဲတဲ့ ပြိုင်ဘက် ဖြစ်နေဦးမှာပါ။ ပြီး တန်းဆင်းဇုန် ဖိအားကလည်း ရှိနေသေးတော့ သူတို့ ယူနိုက်တက်ကို လွယ်လွယ်နဲ့ အလျော့ပေးမှာ မဟုတ်ပါဘူး။ သရေ တမှတ် ရရ ဆိုပြီး အားကုန် ကစားပါလိမ့်မယ်။



0
0
0.000
3 comments