Congratulations Chelsea FC

လာမယ့် Sunday မှာ Champion League Final ပွဲစဉ် ကစားမည် ဖြစ်၏။ May 29 မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲမှာတော့ Real Betis vs Chelsea တို့၏ Conference League Final ပွဲစဉ် ကစားသွားခဲ့၏။ ကြည့်ကောင်းမယ့်ပွဲဟု ထင်မှတ်ခဲ့ပေမယ့် မထင်ထားလောက်အောင် ဂိုးပြတ်သွားခဲ့၏။ Chelsea က 1-4 ဖြင့် နိုင်ပြီး ချန်ပီယံ ဖြစ်သွားခဲ့၏။

ဦးဆောင်ဂိုးကို Real Betis က ပထမပိုင်း အစ 9 မိနစ်မှာတင် သွင်းယူခဲ့၏။ ပထမပိုင်း တပိုင်းလုံး ထိုဂိုး တဂိုးထဲနဲ့ ပြီးသွားခဲ့၏။ ပွဲချိန် မိနစ် 60 အထိ Real Betis တို့ ထိန်းချုပ် ကစားနိုင်ခဲ့ပေမယ့် 65 မိနစ် နောက်ပိုင်းမှာတော့ ပွဲ အခြေအနေက ပြောင်းပြန် ဖြစ်သွားခဲ့လေ၏။

65, 70, 83, 90+1 မိနစ်တွေမှာ Chelsea တို့ 4 ဂိုး ဆက်တိုက် သွင်းယူသွားခဲ့၏။ Betis တို့ လက်တကမ်းကွာမှ ရောက်နေပြီးသည့် ဖလားကို Chelsea ထံ လွဲပေးလိုက်ရလေတော့၏။ Conference League မှာ ဗိုလ်စွဲသွားသည့် Chelsea အနေဖြင့် ဥရောပလိဂ်ဖလား အကုန်ရဖူးသည့် အသင်းအဖြစ်လည်း မှတ်တမ်း ဝင်သွားခဲ့လေ၏။

United သာ Europa League ကို ဗိုလ်စွဲ ခဲ့မယ်ဆိုရင် United မှ အငှားချထားသည့် Sancho အနေဖြင့် Europa League ကော၊ Conference League ကော ရသည့် သဘောမျိုးဆိုပြီး ပြောချင် ပြောလို့နိုင်သေး၏။ United ကပဲ အငှားချထားသည့် Real Betis ကစားသမား Antony အဖို့တော့ ဘာဖလား အောင်မြင်မှုမှ မရလိုက်ပေ။

Sancho ထက်စာရင် Antony က Real Betis မှာ ပိုမိုပြီး ခြေစွမ်းတွေပြ၊ ပို၍လည်း ကစားခွင့်ရသည်ဟု ဆိုရပေလိမ့်မည်။ Real Betis က Antony ကို အပြီး ခေါ်မခေါ်ကတော့ မပြောတတ်သေးပေ။ Sancho ကိုတော့ Chelsea က မခေါ်ဟု အသံတွေ ထွက်နေ၏။ ဘာတွေ ဆက်ဖြစ်မယ်ကတော့ စိတ်ဝင်စားစရာပင်။ ဥရောပဖလား စုံသွားသည့် Chelsea အသင်း အတွက်တော့ ဂုဏ်ယူပါ၏။

(photos from Chelsea FC page)



0
0
0.000
0 comments