Congratulations Eagles
စနေနေ့ မြန်မာစံတော်ချိန် ည 10 နာရီမှာ FA Cup ဗိုလ်လုပွဲစဉ် အဖြစ် Crystal Palace vs Man City တို့ ယှဉ်ပြိုင် ကစားကြ၏။ Crystal Palace က 1-0 ဖြင့် အနိုင်ရပြီး အသင်း သမိုင်းတလျောက် ပထမဆုံး Major ဖလားတခုကို ထိုက်ထိုက်တန်တန် ရယူ သွားနိုင်ခဲ့၏။ ထိုက်ထိုက်တန်တန် ဆိုသည့် အတိုင်း City ကို သူတို့ အကောင်းဆုံး တုန့်ပြန် ကစားသွားခဲ့ကြခြင်း ဖြစ်၏။ City တို့၏ တိုက်စစ်ဆင် ကစားမှုကို သူတို့ အကောင်းဆုံး ခံကစားနိုင်ခဲ့ကြ၏။
ယခု နိုင်ပွဲ အတွက် ချီးကျူးရမှာက Palace ဂိုးသမား Dean Henderson ဖြစ်၏။ City ၏ အပိုင်အခွင့်အရေးတွေ အားလုံးနီးပါးကို ကာကွယ်ပြသွားခဲ့၏။ 36 မိနစ်မှာ ပေးခဲ့ရသည့် ပင်နယ်တီဂိုးကိုလည်း သူ အကောင်းဆုံး ကာကွယ်ပြသွားခဲ့၏။ Palace တသင်းလုံး ကစားပုံ ကောင်းခဲ့ပါ၏။ ဒါပေမယ့် Henderson ကတော့ လုံးဝကို Highlight ထုတ်ပြ၊ တခုတ်တရကို ချီးကျူးရအောင် လက်စွမ်း ပြသွားခဲ့၏။
ပွဲစကတည်းက City တို့က တိုက်စစ်ဆင် ဖိကစားခဲ့၏။ Palace တို့ကတော့ တန်ပြန် တိုက်စစ်ကနေသာ ကစားခဲ့၏။ ရရင် ရသည့် အခွင့်အရေးကို အပိုင်အသုံးချသွားနိုင်ခဲ့သည်ဟု ဆိုရမည်။ ပထမပိုင်း 16 မိနစ်မှာ သွင်းယူခဲ့သည့် Eze ၏ ဂိုးကို City တို့ ချေပနိုင်ခြင်း မရှိခဲ့ပေ။ ပင်နယ်တီလည်း မဝင်၊ အပိုင်အခွင့်အရေးတွေကိုလည်း အသုံးမချနိုင်နဲ့။ ဘောလုံးပိုင်ဆိုင်မှုပဲ ကြည့်၏။ Palace က 22%, City က 78% တဲ့လေ။
လူစာရင်း အရရော အစဉ်အလာ အရရော City က သာသည် မှန်ပေမယ့် ဒီပွဲမှာ Palace က ပိုကောင်းခဲ့၏။ တိုက်ပွဲဝင် စိတ်မျိုးနဲ့ City ကို အကောင်းဆုံး တုန့်ပြန် ကစားသွားခဲ့လေ၏။ နာကျင် အချိန်ပို 10 မိနစ်ထိ ပေးခဲ့ပေမယ့် City တို့ ချေပဂိုး သွင်းနိုင်ခြင်း မရှိခဲ့ပေ။ ပွဲကို Palace ကသာ အကောင်းဆုံး ထိန်းချုပ် ကစားပြသွားခဲ့၏။ Palace ၏ ခံစား ကစားပုံကို City တို့ ထိုးဖောက်ပြီး ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ပေ။
ဒီနှစ် ဘောလုံး ရာသီကတော့ ထူးခြားသည့် နှစ်ပင် ဖြစ်၏။ EFL Cup Champion က New Castle တဲ့၊ FA Cup Champion က Crystal Palace တဲ့။ အသင်းကြီးတွေကို ကျော်လွန်ပြီး အလယ်အလတ် အသင်းတွေက အံ့အားသင့်ဖွယ် စွမ်းဆောင်ပြပြီး ဖလားတွေ အရယူသွားခဲ့ကြလေ၏။
Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
!LOLZ
!MEME
Credit: orionvk
Earn Crypto for your Memes @ HiveMe.me!
lolztoken.com
It was just so lava-able.
Credit: belhaven14
@donjaun, I sent you an $LOLZ on behalf of htwegyi
(2/8)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.