Congratulations England Women Team
27 ရက်နေ့ မြန်မာစံတော်ချိန် ည 10 နာရီခွဲမှာတော့ Women's EURO Final ပွဲစဉ် အဖြစ် England vs Spain တို့ Switzerland နိုင်ငံ Basel မြို့ St. Jakob-Park ကွင်းကြီးထဲမှာ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ သာမန် ပွဲကစားချိန် မိနစ် 90 ထိ တဖက်ကို 1 ဂိုးစီဖြင့် သရေကျနေတာကြောင့် အချိန်ပို 15 မိနစ်စီဖြင့် မိနစ် 30 ကစားပြီးသည့်တိုင် ဘယ်သူ့ ဘယ်သူမှ ဂိုးထပ် မသွင်းနိုင်သဖြင့် ပင်နယ်တီ အဆုံးအဖြတ် ယူရတော့၏။
ပင်နယ်တီမှာတော့ England ဂိုးသမား Hampton ၏ လက်စွမ်းပြ ကာကွယ်မှု နှင့်အတူ England တို့ 3-1 ဖြင့် အနိုင်ရကာ ဗိုလ်စွဲ သွားခဲ့လေ၏။ England အသင်း အနေဖြင့် 2022 မှာလည်း ဗိုလ်စွဲထားနိုင်ခဲ့တာမို့ နှစ်ကြိမ်ဆက် back to back Champion လို့ ပြောရမှာ ဖြစ်ပါတယ်။
2023 ရဲ့ FIFA Women's World Cup Champion Spain အသင်း အနေဖြင့် ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ခြေစွမ်း ကစားပုံ ကစားကွက်အရ Spain အသင်းက သာခဲ့ပေမယ့် ပင်နယ်တီမှာတော့ သူတို့ ကံမကောင်းခဲ့ပါဘူး။ ဒီနှစ်သင်းဟာ 2023 World Cup Final မှာလည်း ထိပ်တိုက်တွေ့ဆုံခဲ့ဖူးပါတယ်။ 29 မိနစ်မှာ သွင်းယူခဲ့တဲ့ Olga ရဲ့ တလုံးထဲသော သွင်းဂိုးနဲ့ Spain တို့ ကမ္ဘာ့ ချန်ပီယံ ဖြစ်ခဲ့တာပါ။ ယခု ဥရောပ ဗိုလ်လုပွဲမှာတော့ England တို့က တဖန် ပြန်အနိုင်ရယူပြီး ချန်ပီယံ ဖြစ်ခဲ့ပါပြီ။
England နည်းပြ Sarina Wiegman အနေဖြင့်လည်း EURO ဖလား 3 ကြိမ်ရ နည်းပြ အဖြစ် မှတ်တမ်း ဝင်သွားခဲ့ပါပြီ။ 2017 မှာ Netherlands, 2022 နဲ့ ခု 2025 မှာ England အသင်းနဲ့ ဗိုလ်စွဲ ထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
ကျနော့် အသည်းကျော် Manchester United Women အသင်းက Ella Toone အနေဖြင့်လည်း နှစ်ကြိမ်မြောက် EURO Champion ဖြစ်ခဲ့ပါပြီ။ England အသင်း အနေဖြင့် တသင်းလုံး ကောင်းကြပါတယ်။ ဒါပေမယ့် Highlight ထုတ်ပြပေးရမယ် ဆိုရင်တော့ ဂိုးသမား Hampton နဲ့ တိုက်စစ် ကစားသမား Chloe Kelly တို့ပဲ ဖြစ်ပါလိမ့်မည်။
Chloe Kelly ဟာ နောက်ဆုံး ပင်နယ်တီကို အမှားအယွင်း မရှိ ကန်သွင်းပြီး England အသင်းကို နောက်တကြိမ် ချန်ပီယံ ဖြစ်စေခဲ့တာပါ။ သူမဟာ 2022 ဗိုလ်လုပွဲမှာတုန်းကလည်း Germany အသင်းကို အချိန်ပို 110 မိနစ်မှာ အနိုင်ဂိုး သွင်းယူပြီး England အသင်းကို ချန်ပီယံ ဖြစ်စေခဲ့တာပါ။ ပွဲကြီးတွေမှာ အလှည့်အပြောင်း ဖြစ်စေသူ၊ ဗိုလ်လုပွဲရဲ့ လာဒ်ကောင်အဖြစ် သတ်မှတ်ရမယ် ထင်ပါရဲ့။
Congratulations England women Team
Congratulations My lovely Tooney
!LOLZ
!MEME