Congratulations Inter Milan

မနေ့က Inter Milan တို့ AC Milan ကို အနိုင်ရပြီး Serie A ချန်ပီယံဆုကို ရာသီ မပြီးဆုံးသေးခင်မှာပဲ သိမ်းပိုက် သွားခဲ့ပြီ ဖြစ်၏။ ဂျာမန်မြေမှာကော၊ အီတလီမြေမှာကော ချန်ပီယံတွေ စောစီးစွာ ထွက်ပေါ်လာခဲ့၏။ Leverkusen က 5 ပွဲ အလို၊ Inter Milan ကလည်း 5 ပွဲ အလို နဲ့ပဲ ချန်ပီယံ ဖြစ်သွားခဲ့၏။

Inter တို့ အဖို့ AC ကွင်းမှာ အနိုင်ရယူပြီး ဖလားသိမ်းသွားသည့် အပြင် မြို့ခံ ပြိုင်ဘက် AC Milan ထက် Scudetto ချန်ပီယံဆုကို တကြိမ် ပိုရထားသည့် စံချိန်ပါ ရသွားခဲ့၏။ ဒီရာသီ မတိုင်ခင်ထိ AC ကော၊ Inter ကော ချန်ပီယံ 19 ကြိမ်စီ ဖြစ်ထား၏။ ခုတော့ Inter က အကြိမ် 20 ဖြင့် အပိုတကြိမ် ချန်ပီယံ ဖြစ်သွားခဲ့ပြီ ဖြစ်၏။

ပြင်သစ်လိဂ်နှင့် စပိန်လိဂ်တွေမှာလည်း ပထမနှင့် ဒုတိယ အသင်းတွေ အမှတ်ပြတ်နေ၏။ ပြင်သစ်မှာဆို PSG က 29 ပွဲ ကစားပြီး 66 မှတ်ဖြင့် ပထမ၊ Monaco က 29 ပွဲ ကစားပြီး 55 မှတ်ဖြင့် ဒုတိယ နေရာကနေ လိုက်နေ၏။ 34 ပွဲ ကစားရမှာမို့ နောက်ထပ် 5 ပွဲ ကစားဖို့ ကျန်နေသေး၏။ ဒီအတိုင်းဆို PSG ဖလား ဖြစ်ဖို့ကတော့ များနေပါပြီလေ။ စပိန်မှာတော့ Real Madrid က 32 ပွဲ ကစားပြီး 81 မှတ်ဖြင့် ပထမ၊ Barcelona က 32 ပွဲ ကစားပြီး ရမှတ် 70 ဖြင့် ဒုတိယ နေရာမှာ ရှိနေ၏။ 38 ပွဲ ကစားရမှာမို့ 6 ပွဲ ကစားဖို့ ကျန်နေသေး၏။ 11 မှတ်ဆိုသည့် အခြေအနေက ဘာစီတို့ လိုက်မှီဖို့ ခက်သွားခဲ့ပြီ။ သူတို့ လက်ကျန်ပွဲ အားလုံးနိုင်ပြီး Real Madrid က ခြေချော် လင်ချော် ဖြစ်ဦးမှ။

ချန်ပီယံ ဆု အတွက် အကြိတ်အနယ် ဖြစ်နေတာကတော့ အင်္ဂလန်မြေမှာ ဖြစ်၏။ Arsenal, Man City & Liverpool တို့ 3 သင်း အပြိုင် ဖြစ်နေ၏။ 33 ပွဲ ကစားပြီး Arsenal နှင့် Liverpool တို့က 74 မှတ်စီဖြင့် ပထမနှင့် ဒုတိယ၊ Man City က 32 ပွဲ ကစားပြီး 73 ဖြင့် တတိယနေရာကနေ လိုက်နေ၏။ ပရီးမီးယားလိဂ် ချန်ပီယံဆုကတော့ နောရ်ဆုံးပွဲစဉ်တွေအထိ ရင်ခုန် စိတ်လှုပ်ရှားမှုတွေပေးပြီး ဆွဲခေါ်သွားဖို့ ရှိနေ၏။

ပရီးမီးယားလိဂ် ချန်ပီယံ အတွက်ရယ်မှ မဟုတ် ချန်ပီယံရှစ် ချန်ပီယံဆု အတွက်လည်း 3 သင်စ အပြိုင် ဖြစ်နေ၏။ Leicester City က 43 ပွဲ ကစားပြီး 91 မှတ်ဖြင့် ပထမ၊ Leeds United က 44 ပွဲ ကစားပြီး 90 ဖြင့် ဒုတိယ၊ Ipswich က 43 ပွဲ ကစားပြီး 89 ဖြင့် တတိယ နေရာမှာ ရပ်တည်နေ၏။ 46 ပွဲ ကစားရမှာမို့ ချန်ပီယံ ဘယ်အသင်း ဖြစ်မယ်ဆိုတာက နောက်ဆုံးပွဲစဉ်တွေအထိ စောင့်ကြည့်ရတော့မည် ဖြစ်၏။

အဆင့် 1 & 2 ကသာ ပရီးမီးယားလိဂ်သို့ တိုက်ရိုက် တန်းတက်ခွင့် ရမှာ ဖြစ်ပြီး အဆင့် 3,4,5,6 ကတော့ လက်ကျန် တနေရာ အတွက် playoff ကစားရမည် ဖြစ်၏။ ထို့ကြောင့် အကောင်းဆုံးက အခွင့်အရေး ရတုန်း သေချာသည့် တိုက်ရိုက်ဝင်ခွင့်ကို ရအောင်ယူထားနိုင်ရင် အကောင်းဆုံးပင် ဖြစ်၏။ ဥရောပ လိဂ်ပွဲစဉ်တွေ၏ ဇာတ်ရှိန် အမြင့်ဆုံး အချိန်သို့ ရောက်နေပြီဟု ပြောလို့ရမည် ထင်ပါ၏။

(Photos from Inter Milan Facebook page)



0
0
0.000
3 comments
avatar

@princekham, the HiQ Smart Bot has recognized your request (2/2) and will start the voting trail.

In addition, @donjaun gets !HUG from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

0
0
0.000
avatar

@hiq.smartbot, sorry!

You are out of hugs for today.

You can call the HUG bot a maximum of 2 per day.

The current call limits are:

HUG in walletcalls per day
01
12
103
0
0
0.000