Congratulations Leicester City


(Photo from Leicester City Facebook page)

မနှစ်က EPL ကနေ တန်းဆင်းခဲ့ရသည့် Leicester City အသင်း Championship မှာ တနှစ်သာ နေခဲ့ရပြီး တဖန် တန်းပြန်တက်ခွင့် ရသွားခဲ့ပြီ ဖြစ်၏။ ဒီနေ့ မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲမှာ ကစားသည့် QPR vs Leeds ပွဲစဉ်မှာ Leeds အသင်းက QPR ကို ၄-၀ ဖြင့် ရှုံးနိမ့်သွားခဲ့ရပါတယ်။

46 ပွဲ စီ ကစားရမှာကို Leeds အသင်းက 45 ပွဲ ကစားပြီး အမှတ် 90 ရထားပြီး Leicester City က 44 ပွဲ ကစားပြီး 94 မှတ် ရထားပါတယ်။ Leicester အနေနဲ့ လက်ကျန် 2 ပွဲလုံး ရှုံးခဲ့ရင်တောင် အဆင့် 2 နေရာကို သေချာပေါက် ရမှာမို့ EPL တန်းတက်ခွင့်ကို တိုက်ရိုက် ရရှိသွားခဲ့ပါပြီ။ အဆင့် 1 ရယူပြီး ချန်ပီယံ အဖြစ်ဖြင့် တန်းတက် မတက်ကတော့ လက်ကျန် 2 ပွဲကို စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Leeds အနေဖြင့်လည်း တိုက်ရိုက် တန်းတက်ခွင့် ရ မရကိုက Ipswich အသင်းရဲ့ အခြေအနေကို ကြည့်ရပါလိမ့်မယ်။ လက်ရှိမှာ Ipswich က 43 ပွဲကစားထားပြီး 89 မှတ် ရရှိထားပါတယ်။ Leeds United အဖို့ အဆင့် 3 နေရာကနေ playoff ကစားရမယ့် အနေအထားက ပိုများပါလိမ့်မယ်။ ချန်ပီယံ ဆုကိုတော့ Ipswich နဲ့ Leicester တို့ပဲ ယှဉ်ပြိုင်သွားရဖို့ ရှိပါတယ်။ Ipswich တို့ လက်ကျန် 3 ပွဲလုံး နိုင်ဖို့ လိုပါတယ်။ ဒါတောင် Leicester က ခြေချော်ဦးမှ။ Leicester အနေနဲ့ လက်ကျန် 2 ပွဲကနေ 4 မှတ်ရရင်ကို ချန်ပီယံ ဖြစ်ပါပြီဗျ။ Ipswich တို့ 3 ပွဲလုံး နိုင်ခဲ့ရင်တောင် ရမှတ်တူ ဂိုးကွာခြားချက်အသာနဲ့ ချန်ပီယံ ဖြစ်သွားပါလိမ့်မယ်။

EPL ဘက်မှာတော့ Arsenal က တပွဲ အပို ကစားထားပြီး 77 မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်ထားပါတယ်။ Manchester City အသင်းက 33 ပွဲကစားပြီး 76 မှတ်ဖြင့် ဒုတိယ နေရာမှာ ရပ်တည်နေပါတယ်။ Liverpool ကတော့ 34 ပွဲ ကစားပြီး 74 မှတ်ဖြင့် တတိယ နေရာမှာ ရပ်တည်နေပါတယ်။ Liverpool နည်းပြကတော့ ချန်ပီယံ တိုက်ပွဲမှာ သူတို့ အသင်း အနေနဲ့ လိုက်မမှီနိုင်တော့ဘူးလို့ ဝန်ခံထားပါတယ်။

ထိပ်ဆုံး 3 သင်းထဲက ဘယ်အသင်း ချန်ပီယံ ဖြစ်မလဲကတော့ Tottenham အသင်းပေါ် မူတည်မယ် ထင်ပါရဲ့။ အဆို 3 သင်းလုံး Tottenham အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ အဆိုပါ 3 သင်းထဲမှာ Man City ကတော့ ပွဲစဉ် ပိုချောင်တယ်လို့ ပြောလို့ ရပါလိမ့်မယ်။

ဒီနေ့ မြန်မာစံတော်ချိန် ည 8 နာရီခွဲမှာတော့ Man United vs Burnley အသင်းတို့ ယှဉ်ပြိုင်ကစားသွားဖို့ ရှိနေပါတယ်။ ဘယ်လောက် စိတ်ဒုက္ခ ပေးပေး ပွဲချိန် ရှိလာပြန်တော့လည်း အားပေးကြရပြန်တာပေါ့။



0
0
0.000
2 comments