Congratulations Napoli

ဒီနေ့ မြန်မာစံတော်ချိန် မနက် ၁ နာရီ ၁၅ မိနစ်မှာ Serie A Round 38 ပွဲစဉ် ၂ ပွဲ ကစားသွားခဲ့၏။ EPL မှာဆိုရင်တော့ Round 38 တနည်းအားဖြင့် ရာသီ နောက်ဆုံးပိတ် ပွဲစဉ်များ အားလုံးကို တချိန်ထဲ တပြိုင်နက်ထဲ ကစားလေ့ ရှိ၏။ Serie A ကတော့ သူ့ အချိန်နဲ့သူ ခွဲကစားကြ၏။ အခြား ပွဲစဉ်များက နောက်ရက် နောက်အချိန်မှ ဆိုပေမယ့် ချန်ပီယံဆု အပြိုင် ဖြစ်နေသည့် Inter Milan နှင့် Napoli အသင်းတို့၏ ပွဲစဉ်များကို တချိန်ထဲ တပြိုင်နက်ထဲ ကစားခဲ့၏။

Como vs Inter Milan, Napoli vs Cagliari တို့ တွေ့ဆုံ ယှဉ်ပြိုင် ကစားခဲ့၏။ Round 37 ကစားအပြီးမှာ Napoli က Inter Milan ကို 1 မှတ်အသာဖြင့် အမှတ်ပေးဇယားကို ဦးဆောင်ထား၏။ Round 38 ပွဲစဉ်က နှစ်သင်းလုံးအတွက် တကယ့်ကို အရေးပါလှ၏။ Inter Milan က မဖြစ်မနေကို အနိုင်ရမှ ဖြစ်မည်။ သူက နိုင်ခဲ့ရင်တောင် Napoli ကပါ ပြိုင်ဘက်ကို အနိုင်ရသွားရင် 1 မှတ်အသာနဲ့ Napoli က ဖလားရမယ်။

Napoli အနေနဲ့ကလည်း အကောင်းဆုံးက အနိုင်ကစားဖို့ပါ။ သရေတို့ ရှုံးတာတို့ ဖြစ်သွားရင် Inter Milan အသင်းပွဲ ရလဒ်ကို စောင့်နေရဦးမှာကိုး။ ဒါကြောင့် အနိုင်ကစားလိုက်တာက နား အအေးဆုံးပဲ။ တကယ်လည်း Napoli တို့ ပွဲစတယ် ဆိုရင်ပဲ Cagliari ကို ဖိအားပေး ကစားခဲ့ပါတယ်။ အစောပိုင်း မိနစ်တွေ ဂိုးရနိုင်တဲ့ အခွင့်အရေးကောင်းတွေ အများကြီး ရှိခဲ့ပေမယ့် ဂိုးအဖြစ် မပြောင်းလဲ နိုင်ခဲ့ပါဘူး။

42 မိနစ် ရောက်မှသာ MC Tominay က ဦးဆောင်အဖွင့်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း 51 မိနစ်မှာတော့ အနိုင်သေချာ စေမယ့် ဒုတိယဦးဆောင်ဂိုးကို Lukaku က ထပ်မံသွင်းယူပေးခဲ့ပါတယ်။ နောက်ထပ်လည်း အခွင့်အရေးတွေ ထပ်ရပေမယ့် အဆုံးသတ် မသေချာသောကြောင့် ဂိုးတော့ ထပ်မရခဲ့ပါဘူး။ ဒါပေမယ့် 2-0 ကလည်း လုံလောက်နေပါပြီ။

Inter Milan တို့လည်း Como ကို 0-2 နဲ့ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် တဖက်မှာ Napoli ကလည်း အနိုင်ရသွားတာမို့ 1 မှတ်လျော့နဲ့ ချန်ပီယံဘွဲ့ကို Napoli လက်ထဲ ပြန်ပေးလိုက်ရပါတော့တယ်။ မနှစ်က Serie A ချန်ပီယံက Inter Milan ပါ။ Napoli အနေနဲ့ 2022/23 ‌မှာ ချန်ပီယံ ဖြစ်ခဲ့ပါသေးတယ်။ 33 နှစ်ကြာပြီးမှ တကျော့ပြန် ချန်ပီယံ ပြန်ဖြစ်ခဲ့တာပါ။ ခု 2024/25 တနှစ်ကြာပြီးနောက် ထပ်မံ ဗိုလ်စွဲခဲ့ပြန်ပါတယ်။

Napoli တို့ Serie A ချန်ပီယံဆုကို 4 ကြိမ်တိုင်တိုင် ဆွတ်ခူးထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ 2024/25, 2022/23, 1989/90, 1986/87 ခုနှစ်တွေမှာ ဖြစ်ပါတယ်။

(photos from Napoli page)



0
0
0.000
0 comments