Dave Come Home

မနေ့က Man United vs Fiorentina တို့၏ ခြေစမ်းပွဲ ဖြစ်၏။ သာမန် ပွဲကစားချိန်ထိ တဖက် တဂိုးစီ သရေကျနေခဲ့၏။ ပင်နယ်တီ အဆုံးအဖြတ်မှာတော့ United က 5-4 ဖြင့် အနိုင်ရသွားခဲ့လေ၏။ Premier League Summer Series Champion ဖြစ်ပြီးနောက်မှာ Snapdragon Champion ပါ ထပ်ဖြစ်သွားသည်ပေါ့။ ခုနောက်ပိုင်း အသင်းတွေက ခြေစမ်းပွဲတွေကို ရိုးရိုးကစားကြတာထက် ဖလားပုံစံလိုမျိုး ယှဉ်ပြိုင်ကစားကြလာ၏။ တမျိုးတော့ တမျိုးပဲ ဆိုပေမယ့် သူ့ဟာနဲ့သူတော့ ကောင်းပါရဲ့။

Champion တွေ ထဖြစ်နေတယ်ဆိုလို့ အထင်လည်း မကြီးနေကြနဲ့ဦး။ အသင်း ကစားပုံက နည်းနည်းလေး ပိုကောင်းလာတယ် ဆိုတာလောက်ပဲ။ အဲ့ထက် မပိုသေးဘူး။ EPL က ပြန်စတော့မယ် ကိုယ်တွေ United က သိပ်ပြီး ထူးမခြားနေသေးသလိုပဲ။ လူသစ်တွေတော့ ခေါ်ထားတာပဲ။ ထုတ်ရောင်းမယ့်သူ၊ အငှားသွားမယ့်သူတွေလည်း ရှိနေပါသေး၏။ ဒီရာသီ လူခေါ်တာတော့ အားရစရာ ကောင်း၏။

ဘယ်သူ့ကိုတော့ ခေါ်မယ်ဟု အသံထွက်ပြီး မကြာခင်မှာပင် ခေါ်ပြီးသား၊ လက်မှတ်ထိုးပြီးသား။ ကောင်း၏။ အသင်းက ထုတ်ရောင်းရမယ့် ကစားသမားကြ အချိန်ကြာပြီး ဈေးကောင်းက မရ။ ဒီနှစ်အပိုင်းအခြားမှာ အသင်းက ထွက်သွားရသူတွေထဲမှာ နှမြောမိတာဆိုလို့ De Gea ဟု ဆိုရမည်။ McTominay ကိုလည်း နှမြောမိတယ် ဆိုပေမယ့် David (Dave) ကိုတော့ ပိုလွမ်း ပိုနှမြောသည်ဟု ဆိုရပေလိမ့်မည်။

Onana တလွဲတွေ လုပ်တိုင်း Dave ကိုသာ သတိတွေရမိနေ၏။ အသင်း တာဝန်ရှိသူတွေ၏ Dave ပေါ် ပြုမူ ဆက်ဆံပုံတွေကိုလည်း သဘောမကျခဲ့ပေ။ De Gea ထွက်ခွာချိန်မှာ အသင်းအနေဖြင့် တခုတ်တရ မရှိခဲ့ပေ။ နှုတ်ဆက်ပွဲလေးတောင် မလုပ်ပေးခဲ့ပေ။ United ကို အားပေးလာတဲ့ ကာလတလျောက်မှာ အကြိုက်ဆုံး ဂိုးသမားက De Gea ဖြစ်၏။

မနေ့က United fan တွေ၏ အချစ်တော်ဂိုးသမား De Gea တယောက် Old Trafford ကွင်းကြီးဆီသို့ အလည်တခေါက် ပြန်ရောက်လာခဲ့၏။ အားလုံးက ဝမ်းသာအားရ နွေးနွေးထွေးထွေး ကြိုဆိုကြ၏။ ဒီလိုလေး တွေ့မြင်ရပြန်တော့ ဝမ်းနည်း ဝမ်းသာ ဖြစ်ရပြန်၏။ အကောင်းဆုံး ပေးဆပ်ကစားခဲ့သူဖို့ အားလုံးက အမှတ်တရ ရှိနေကြသည် မဟုတ်ပါလား။

(photos from David De Gea page)



0
0
0.000
1 comments
avatar

Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

0
0
0.000