Eliminated from Round of 16

ရှုံးထွက်ဆင့်ကို တက်ရောက်နိုင်ခဲ့သဖြင့် နောက်ထပ် မဲနှိုက်ရပြန်၏။ အချို့ ပြိုင်ပွဲတွေမှာက ပွဲစဉ်စဆုံးကို တခါထဲ မဆွဲထားပေ။ အုပ်စုပွဲစဉ်များ ကစားပြီးချိန်မှာမှ ရှုံးထွက် ပွဲစဉ်တွေ အတွက် မဲပြန်ခွဲလေ့ ရှိ၏။ အုပ်စုအဆင့်မှာက တအုပ်စုကို 4 သင်း၊ အုပ်စု 6 ခု ဆိုတော့ 24 သင်း ဖြစ်၏။ တအုပ်စုကို 2 သင်း တက်မည် ဖြစ်၏။ 12 သင်း နောက်တဆင့် တက်မည်။ 12 သင်း ဖြစ်နေသောကြောင့် 4 သင်းကို ဘိုင် သတ်မှတ်၏။

အဆိုပါ ဘိုင် 4 သင်း က မဲနှိုက်စဉ် ကျရာနံပတ်ပေါ် မူတည်ပြီး အခွင့်အရေးရမည် ဖြစ်၏။ ကျန် 8 သင်းက 16 သင်း အဆင့်ကို ကန်ရမည် ဖြစ်၏။ ထိုမှ တက်လာသည့် 4 သင်းနှင့် ဘိုင်ရသည့် 4 သင်းက Quarter Final အဆင့်ကို ဆက်ကစားကြရမည် ဖြစ်၏။

အုပ်စု ပွဲစဉ် အားလုံး ယှဉ်ပြိုင်ပြီးသည့် နေ့မှာပဲ မဲနှိုက်လေ၏။ ကျနော်တို့ အသင်း ဘိုင်မကျပေ။ 16 သင်းအ‌ဆင့် ကစားရမည် ဖြစ်၏။ Shan United အသင်းကြီးမှ ကစားသမား 3 ယောက်တိတိ ပါဝင်နေသည့် အသင်းနဲ့ ကစားရမည် ဖြစ်၏။ အလွတ်တန်း ပြိုင်ပွဲမို့ မည်သည့် နယ်ပယ်မှ ကစားသမားမဆို ဝင်ရောက်ကစားလို့ ရ၏။ ထို့ကြောင့် ယခုလို ပရိုလိဂ်မှ ကစားသမားတွေလည်း လာရောက် ကစားကြခြင်း ဖြစ်၏။

သူတို့ အတွက်က ဘာရယ် မဟုတ်ပေမယ့် ကျနော်တို့လို အပျော်တန်းအသင်းတွေ အတွက်မှာ အနည်းငယ် နစ်နာ သယောင် ရှိလေ၏။ ရှုံးထွက်အဆင့်ထက် ကျော်လွန်၍ နောက်တဆင့် တက်နိုင်ဖို့ရာ ခက်ခဲလေ၏။ ကျနော်တို့ အနေဖြင့် ယခုထက်ပိုမိုပြီး ပြင်ဆင် ကြိုးစားထားမှသာ တခုခု လုပ်ပြနိုင်မည် ဖြစ်၏။ ထိုသို့ မဟုတ်ရင်တော့ ပြိုင်ပွဲကနေ ခပ်စောစောလေး ထွက်ခွာရပေလိမ့်မည်။

တချို့အသင်းတွေဆို အသင်းကောင်းပေမယ့် အုပ်စု အဆင့်ကနေ မတက်တာမျိုးတွေလည်း ရှိ၏။ အမှတ်တူ ဂိုးကွာခြားချက်ဖြင့် သူတို့တွေ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရလေ၏။ အသင်းကောင်းတွေချည်း ပါနေသည့် အုပ်စုကြပ်ထဲ ရောက်သွားသောကြောင့်လည်း ပါသေး၏။

ရှုံးထွက်ပွဲစဉ် ကန်ရမည့် ရက်၊ အချိန်မှာ ကျနော်တို့အသင်းက လူမစုံနေခဲ့ပေ။ တယောက် နှစ်ယောက် မဟုတ်၊ ကစားသမား တဝက်တိတိ မလာနိုင်ကြခြင်း ဖြစ်၏။ 12 ယောက်မှာ 6 ယောက်သာ ရှိသည် ဆိုတော့ စဉ်းစားသာ ကြည့်ပါတော့။ အလုပ်ကိစ္စနှင့် အခြားအကြောင်းအရာတွေကြောင့် အချိန်မှီ မရောက်လာကြတာမျိုးတွေလည်း ရှိ၏။ တဖက်က ပရိုကစားသမားတွေ ပါဝင်နေပြီး ကျနော်တို့အသင်းက လူမစုံနဲ့ ဟုတ်တော့ ဟုတ်နေပြီ။ တကယ်လည်း ကစားရော ဘယ်လိုမှ ယှဉ်ကစားလို့ မရခဲ့ပေ။ 7-2 ဖြင့် ကျနော်တို့ ရှုံးသွားခဲ့၏။

ပြိုင်ပွဲက ထွက်ရပေမယ့် အစဉ်အလာကိုတော့ ထိန်းနိုင်ခဲ့ပါ၏။ ရှုံးထွက်ဆင့်သို့ အမြဲတက်သည့် အစဉ်အလာကိုပေါ့။ နို့ပေမယ့် ထိုအဆင့်ထက် ပိုသည့် တဆင့်ကိုရင်ချင်သည့် ဆန္ဒကတော့ ဖြစ်မလာခဲ့ပေ။ နောက်ပြိုင်ပွဲ ကြမှပေါ့။

(photos from Cygnus page)



0
0
0.000
3 comments
avatar

Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You published more than 3600 posts.
Your next target is to reach 3700 posts.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out our last posts:

Hive Power Up Day - October 1st 2025
0
0
0.000
avatar

ခြေမမျှတော့ဘူးပေါ့။ အပျော်တမ်းဆို အပျော်တမ်းလေးတွေပဲ ယှဉ်ပြိုင်မှ ဘတ်တူမှာပေါ့။ တစ်ဖက်စောင်းနင်းကြီးကျတော့ ရေများရာ ငါးလာတော့မှာပေါ့။

!PIZZA

0
0
0.000