England Championship

ခုတလော လိဂ်ပွဲစဉ်တွေ အားလုံး နီးပါး ကြည့်လို့ကောင်းနေ၏။ ရာသီ သိမ်းခါနားနီးပြီမို့ ချန်ပီယံ အိပ်မက် မက်သူတွေ၊ တန်းမဆင်းရရေး ရုန်းကန်ရသူတွေကြောင့် ပွဲစဉ်တိုင်းက အကြိတ်အနယ် ရှိနေခဲ့၏။ England League တွေက လွဲလို့ တခြားလိဂ်တွေမှာက အဆင့် ၁ နှင့် ၂ က အမှတ်တွေ သိသိသာသာလေး ပြတ်လို့ နေခဲ့၏။

ဒီရက်ပိုင်း စိတ်ဝင်တစားနဲ့ လိုက်ကြည့် ဖြစ်နေတာက Leverkusen အသင်း၏ ပွဲစဉ်များ အပြင် England Championship ပွဲစဉ်များ ဖြစ်၏။ Premier League လိုပဲ Championship ပွဲစဉ်တွေကလည်း အကြိတ်အနယ် ရှိလှ၏။ ပြီး ဘယ်အသင်း ချန်ပီယံ ဖြစ်မယ် ဆိုတာ ခုထိ မှန်းဆရ ခက်နေသေး၏။ Premier League မှာဆို Arsenal, Liverpool, Man City က အပြိုင်အဆိုင်၊ Championship မှာ ဆိုရင် Leicester, Leeds, Ipswich တို့က အပြိုင် ဖြစ်နေ၏။

ကနဦးတုန်းက Leicester က အမှတ်ဖြတ် ဦးဆောင်နေခဲ့ပေမယ့် ရာသီဝက် အရောက်မှာတော့ Leicester အသင်း၏ အမှားတချို့ကနေ အမှတ်တွေဆုံးရှုံးပြီး ကျန်အသင်းတွေက လိုက်မှီလာခဲ့ခြင်း ဖြစ်၏။ Championship ပွဲတွေက တခါတလေ Premier League ထက်ပင် ပိုပြီး ကြည့်လို့ ကောင်းနေတတ်၏။ ခြေစွမ်းအားဖြင့် မတိမ်းမယိမ်း ရှိကြတော့ ပိုပြီးလည်း မြိုင်မြိုင်ဆိုင်ဆိုင်ရှိ၏။

Premier League တန်းတက်ခွင့် playoff ပွဲစဉ်တွေဆိုရင် ပိုလို့ပင် သိသာသေး၏။ Championship မှာ အဆင့် ၁ နှင့် ၂ က Premier League သို့ တိုက်ရိုက် ဝင်ရောက်ခွင့်ရပြီး လက်ကျန် တနေရာ အတွက် အဆင့် ၃၊ ၄၊ ၅၊ ၆ ကတော့ playoff သဘောမျိုး ပြန်ကစားရ၏။ ထိုပွဲစဉ်တွေက တကယ့်ကို အကြိတ်အနယ် ရှိလှ၏။

Championship ရာသီ ပြီးဆုံးဖို့ ၆ ပွဲ (တချို့ အသင်းတွေ ၇ ပွဲ) သာ လိုတော့၏။ ဘယ် အသင်း ချန်ပီယံ ဖြစ်ပြီး နောက်ထပ် ဘယ်အသင်းက တိုက်ရိုက် ဝင်ခွင့်ရမယ် ဆိုတာက တကယ့်ကို စိတ်ဝင်စားစရာပင်။



0
0
0.000
3 comments