EPL & FPL will Coming Soon
August 16 မှာ EPL ပွဲတွေ ပြန်လည်လို့ စတင်တော့မည် ဖြစ်၏။ 2025/26 season ပေါ့။ United အနေဖြင့် Round 1 မှာ Arsenal အသင်းနဲ့ စတင် ကစားရမည် ဖြစ်၏။ August 17 မြန်မာစံတော်ချိန် ည 10 နာရီတွင် ကစားရမည် ဖြစ်၏။
ရာသီအကြို ခြေစမ်းပွဲများအရ United အနေဖြင့် လိုအပ်ချက်တွေ များစွာ ရှိနေသေး၏။ အသစ် ခေါ်ယူလိုက်တဲ့ ကစားသမားတွေက EPL မှာ ကျင်လည်နေပြီးသားသူတွေ ဖြစ်ပေမယ့် အသင်းသစ်မှာ အထိုင်ကျဖို့ရာ အချိန်တော့ ပေးရဦးမည်ထင်။ ဒါကလည်း သဘာဝပင် မဟုတ်လား။ အသင်းသစ်မှာ မြန်မြန်အသားကျပြီး ခြေစွမ်းပြနိုင်သည့် ကစားသမားတွေ ရှိပေမယ့် အရေအတွက် အားဖြင့်တော့ နည်းလှပေ၏။
EPL ပြန်စတော့မယ်ဆိုတော့ Fantasy Premier League လည်း လာပေတော့မည်။ hive FPL (hivefpl) အနေဖြင့်လည်း Hive platform ပေါ်က FPL ကစားသမားတွေကို tag တွဲ၊ mention ခေါ်ပြီး ယခု season မှာလည်း ပါဝင်နိုင်ဖို့ ဆော်ဩထားလေ၏။ သူ သတိပေးမှ ကိုယ်လည်း PL app လေး ပြန် download ဆွဲရပြန်၏။ အကောင့်ပြန်ဝင်ပေါ့။ FPL အသင်းရွေးခွင့်တော့ မရသေးပေ။ ရက်ပိုင်းလောက် စောင့်ရဦးမည် ဆို၏။
ရက်အနည်းငယ်လောက် စောင့်ပြီးနောက်မှာတော့ အသင်း ဖန်တီးလို့ရပြီ ဖြစ်၏။ အရင်ဆုံး auto pick ရွေးလိုက်၏။ ထိုထဲကမှ နေရာ တော်တော်များများကို ကိုယ့် အကြိုက်၊ ပြီး ပုံမှန်ကစားခွင့်နှင့် ခြေစွမ်းပြနိုင်မည့် ကစားသမားတွေ ရွေးပြီး ထည့်သွင်း၏။ မရွေးခင် Facebook မှာ FPL group ထဲက hint & tip တွေကိုလည်း လိုက်ကြည့်ရသေး၏။
ကိုယ်က FPL မှာ ကျွမ်းကျင် ကစားသမား တယောက် မဟုတ်လေတော့ အခြား ဝါရင့် ကျွမ်းကျင်သူများ၏ အကြံပြုချက်တွေကိုလည်း လေ့လာဖတ်ရှု နည်းနာ ယူရ၏။ FPL ကို seriously ကစားတာမျိုး မဟုတ်ပေ။ Hive အကြောင်း မသိခင်တုန်း ကတည်းက FPL ကို ကစားခဲ့ဖူး၏။ စွဲစွဲမြဲမြဲတော့ မဟုတ်ပေ။ ထိုစဉ်က App အနေနဲ့ မလာသေး။ Smart phone ခေတ်ဦးဆိုတော့ PC မှာပဲ Web game အနေနဲ့ ကစားလို့ရ၏။ Internet ဆိုင်သွားရင်း Internet သုံးရင်း တပါထဲ အသင်း formation ချခဲ့၏။ ပြီး နောက်တခါ Internet ဆိုင်လာမှ result ပြန်ကြည့် ကစားကွက် ပြန်ချိန်းပေါ့။
ထိုစဉ်က ပုံမှန် ပွဲထွက်ခွင့်တွေ ဘာတွေကို မလေ့လာဘဲ ကိုယ်ကြိုက် ကိုယ်နာမည်သိသည့် ကစားသမားတွေကိုသာ ရွေးခဲ့လေ၏။ ထို့ကြောင့် အမှတ်ရသင့်သလောက် မရပေ။ နောက်မှသာ အတန်ငယ် သဘောပေါက်လာလို့ နည်းနည်း အဆင်ပြေလာ၏။
Hive FPL ကိုလည်း အစကတော့ ဒီအတိုင်း အပျော်သဘောနဲ့ ပိုစ့်တင်ရုံ အတွက် ကစားခဲ့ခြင်း ဖြစ်၏။ မနှစ်ကမှထင်ပါရဲ့ စတင် ဝင်ရောက်ခွင့်ရတာ။ ရှေ့ season တွေတုန်းကတော့ မမှီလိုက်လို့ မဝင်လိုက်ရဘူးရယ်။ ဒီနှစ်တော့ အနေအထားလေး တခု ဖြစ်အောင် ကြိုးစားကြည့်မလား တွေးထား၏။ အသင်းတော့ ရွေးပြီးပါပြီ နောက်ရက် မိတ်ဆက်ပေးပါမယ်။
(screenshot from PL app)
!PGM
!LOLZ
မဆော့ဖြစ်တာကြာပြီ။ ဒါပေမဲ့ ဘယ်လိုပြန်ဝင်ဆော့ရမလဲကို မသိတော့ဘူး။ ဖြစ်နေတယ်။