EPL Drama

EPL Round 26 ၏ ပွဲစဉ်များ ဒီနေ့ မနက်မှာ ထပ်မံ ကစားသွားခဲ့၏။ ပွဲစဉ် ၅ ပွဲဖြစ်၏။ နက်ဖြန်မှာတော့ Round 26 ၏ နောက်ဆုံး ပွဲစဉ် အဖြစ် Brentford vs Arsenal တို့ ယှဉ်ပြိုင် ကစားကြမည် ဖြစ်၏။ ဒီနေ့ ၅ ပွဲမှာ သရေပွဲ ၁ ပွဲနှင့် ကျန်ပွဲစဉ်တွေကတော့ အရှုံးအနိုင် အဖြေပေါ်ခဲ့၏။ Aston Villa က Brighton ကို အိမ်ကွင်းမှာ ၁-၀ ဖြင့် အနိုင်ရပြီး အဆင့် ၃ နေရာမှာ ဆက်လက်ရပ်တည်နေ၏။ Aston Villa အတွက် တလုံးထဲသော အနိုင်ဂိုးကို Brighton အသင်းက ကစားသမားကပဲ ကိုယ့်ဂိုးကိုယ် သွင်းယူပေးသွားခဲ့ခြင်း ဖြစ်၏။

Man City ကလည်း Fulham ကို အိမ်ကွင်းမှာ ၃ ဂိုးပြတ် နှင့် အနိုင်ရသွားခဲ့လေ၏။ ၃ ဂိုးပြတ်နှင့် အနိုင် ၃ မှတ်ကို ရယူပြီး Arsenal ကို ဆက်လက်၍ ဖိအား ပေးထား၏။ City အသင်း၏ သွင်းဂိုး အားလုံးကို ပထမပိုင်းမှာ ကတည်းက သွင်းယူထားခဲ့ခြင်း ဖြစ်လေ၏။ Nottm Forest vs Wolves ပွဲစဉ်မှာတော့ ဘယ်သူ့ ဘယ်သူမှ ဂိုး သွင်းယူနိုင်ခဲ့ခြင်း မရှိသောကြောင့် ဂိုးမရှိ သရေကျသွားခဲ့လေ၏။

Crystal Palace vs Burnley ပွဲစဉ်မှာတော့ ဧည့်သည် Burnley က ၂-၃ ဖြင့် အနိုင်ရသွားခဲ့လေ၏။ ၂ သင်းလုံး၏ သွင်းဂိုးတွေကို City ပွဲစဉ်လိုပဲ ပထမပိုင်းမှာတင် သွင်းယူသွားခဲ့ခြင်း ဖြစ်လေ၏။ Sunderland vs Liverpool ပွဲစဉ်မှာတော့ ဧည့်သည် Liverpool က ၀-၁ ဖြင့် အနိုင်ရသွားခဲ့လေ၏။ အဆင့် ၄ နှင့် ၅ မှ အသင်းတွေ သရေကျထားမှုကို Liverpool တို့ အခွင့်အရေးအရယူနိုင်ခဲ့သည်ဟု ဆိုရမည် ဖြစ်၏။ ယခု နိုင်ပွဲကြောင်ါ အဆင့် ၄ က United နှင့် ၃ မှတ် အကွာ၊ အဆင့် ၅ က Chelsea နှင့် ၂ မှတ်သာ ကွာတော့ လေ၏။

အဆင့် ၂ မှ City အနေဖြင့် ရလဒ်ပိုင်းတွေ ပြန်လည် ကောင်းမွန်လာပြီး Arsenal ကို ဆက်လက်ဖိအား ပေးထားနိုင်၏။ Arsenal အနေဖြင့် Brentford နှင့် ပွဲစဉ်ကို အာရုံစိုက် အလေးထားဖို့ လိုမည် ဖြစ်၏။ ယခုပွဲစဉ်ကိုသာ အနိုင်ရမယ်ဆိုရင် ယခင်အတိုင်း ၆ မှတ် ဖြတ်ထားနိုင်မည် ဖြစ်၏။ သရေ ကျရင် ၄ မှတ်၊ ရှုံးနိမ့်သွားခဲ့ရင် ၃ မှတ်သာ ဖြတ်ထား နိုင်မည် ဖြစ်၏။

(photos from Premier League Page)



0
0
0.000
0 comments