EPL is Officially End

EPL ပွဲစဉ်တွေက တရားဝင် ပြီးဆုံးသွားခဲ့ပြီ။ ချန်ပီယံကတော့ Round 37 မှာ ကတည်းက အဖြေပေါ်ခဲ့ပေမဲ့ တန်းဆင်းဇုန် ၁ နေရာ အတွက်ကတော့ နောက်ဆုံး ပွဲစဉ် Round 38 မှာမှ အဖြေပေါ်ခဲ့လေ၏။ တကယ်တော့ Round 37 ကတည်းက အဖြေပေါ်ခဲ့ရမှာ။ Tottenham တို့ သရေဆိုရင်ကို တန်းမဆင်းရတော့ဘူး။ ဒါကို ရှုံးသွားလို့ နောက်ဆုံးပွဲစဉ်ထိ ရောက်လာခဲ့ရရော။ နောက်ဆုံး ပွဲစဉ်မှာလည်း သရေကျရုံနဲ့ တန်းမဆင်းရတော့ပါဘူး။ ဒါပေမဲ့ Everton ကို ၁-၀ နဲ့ အနိုင်ကစား သွားခဲ့ပါတယ်။

West Ham အနေဖြင့် Leeds ကို ၃-၀ ဖြင့် အနိုင်ရခဲ့ပေမဲ့ Tottenham ရဲ့ အနိုင်ရလဒ်ကြောင့် တန်းဆင်းသွားခဲ့ရပါပြီ။ စိတ်မကောင်း စရာပါ။ နောက်ဆုံးပွဲစဉ်မှာ ထရှုံးလို့ UEL ဝင်ခွင့် ဆုံးရှုံးခဲ့ရတဲ့ အသင်းက Chelsea ဖြစ်ပါတယ်။ ရာသီဝက် ကျော်လာသည်အထိ UCL ဝင်ခွင့်နေရာမှာ ရှိနေခဲ့တဲ့ Chelsea ဟာ ရာသီသိမ်းခါနားနီးချိန်မှာတော့ ရလဒ်တွေ တဖြည်းဖြည်း ဆိုးလာပြီး အမှတ်ပေး ဇယားရဲ့ အလယ်အလတ်အဆင့်ထိ ဆင်းသွားခဲ့ရပါတယ်။ နောက်ဆုံးပွဲစဉ်မှာ Sunderland ကို အနိုင်ရခဲ့ရင် UEL ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရမှာပါ။ သို့ပေမဲ့ Sunderland ကို ၂-၁ ဖြင့် ရှုံးနိမ့်ပြီး အဆိုပါ အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။ UEL ဝင်ခွင့်ကို Sunderland က ရရှိသွားခဲ့ပါတယ်။

ငါတို့ အဆင့် ၂ ပဲ ရတော့တယ်ဆိုပြီး စိတ်လျော့ လိုက်လို့လားရယ် မသိ City တို့ အိမ်ကွင်းမှာ Aston Villa ကို ၁-၂ ဖြင့် ရှုံးနိမ့်သွားခဲ့ပါတယ်။ ပူပူနွေးနွေး UEL ချန်ပီယံအဖို့ ချိုမြိန်သော ရာသီပိတ် ပွဲစဉ်လေး ဖြစ်ခဲ့ပါတယ်။ Liverpool ကတော့ အိမ်ကွင်းမှာ Brentford နဲ့ ၁-၁ သရေကျသွားခဲ့ပါတယ်။ ချန်ပီယံ Arsenal ကတော့ Crystal Palace ကို ၁-၂ ဖြင့် အနိုင်ရသွားခဲ့ပါတယ်။

Arsenal ပရိတ်သတ်တွေ ပျော်ရသလို United ပရိတ်သတ်တွေလည်း ဝမ်းသာရတဲ့ နှစ်တနှစ် ဖြစ်ခဲ့ပါတယ်။ အသင်းက လမ်းကြောင်းပေါ် ပြန်ရောက်လာတယ်လို့ ပြောရမလိုပါပဲ။ Michael Carrick ရောက်လာပြီးနောက် ရလဒ်တွေ ပြန်လည် ကောင်းမွန်ခဲ့ပြီး အဆင့် ၃ နဲ့ ရာသီသိမ်းပြီး UCL ဝင်ခွင့်ပါရရှိခဲ့ပါတယ်။ ဝမ်းအသာရဆုံးက အသင်းခေါင်းဆောင် Bruno Fernandes အနေဖြင့် 21 Assist နဲ့ စံချိန်သစ် တင်သွားခဲ့တာပါ။ Round 37 မှာ Henry & De Bruyne ရဲ့ 20 Assist စံချိန် တူခဲ့ပြီး နောက်ဆုံးပွဲစဉ်မှာတော့ နောက်ထပ် Assist ထပ်ရခဲ့တာ ဖြစ်ပါတယ်။

Bruno အတွက် အကောင်းဆုံး ရာသီလို့ ဆိုရမှာ ဖြစ်ပါတယ်။ EPL ပြီးဆုံးသွားခြင်း နှင့်အတူ Legend players တွေလည်း အသင်းတွေနဲ့ လမ်းခွဲနှုတ်ဆက်သွားခဲ့ပါပြီ။ လာမယ့် ရာသီမှာ ဒီ ကစားသမားတွေကို ကျနော်တို့ တွေ့မြင်ရတော့မှာ မဟုတ်ပါဘူး။ Man City, Chelsea တို့မှာ နည်းပြ အသစ်တွေနဲ့ ရာသီသစ်ကို ဖြတ်သန်းကြရမှာ ဖြစ်ပါတယ်။

(photos from Premier League Page)



0
0
0.000
1 comments
avatar

Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

0
0
0.000