EPL Round 12

avatar

EPL Round 12 ပွဲစဉ်အချို့ ဒီနေ့မှာ ကစားသွားဖို့ ရှိနေ၏။ Chelsea, Liverpool တို့၏ ပွဲစဉ်များ အပြင် အခြား စိတ်ဝင်စားဖွယ် ပွဲကောင်းများ ကစားသွားဖို့ ရှိနေ၏။ Chelsea က Burnley နဲ့ အဝေးကွင်း၊ Liverpool က Nottm Forest နဲ့ အိမ်ကွင်းမှာ ကစားသွားဖို့ ရှိနေ၏။

၁၆ မှတ်စီဖြင့် အဆင့် ၁၁၊ ၁၂ မှာ အသီးသီး ရပ်တည်နေကြသည့် Brighton vs Brentford တို့၏ ပွဲစဉ်ကလည်း ကြည့်လို့ ကောင်းမည့် ပွဲစဉ် ဖြစ်လေ၏။ တန်းတက် အသင်း‌တွေထဲမှာ အင်အားဖြည့်တင်းမှုတွေ လုပ်ထားပြီး ခြေစွာနေသည့် Sunderland အနေနဲ့ အဝေးကွင်းမှာ Fulham နှင့် သွားရောက် ယှဉ်ပြိုင်ကစားရမည် ဖြစ်၏။

နိုင်ပွဲ တပွဲမှ မရထားသေးသည့် Wolves အနေဖြင့် Crystal Palace ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမည် ဖြစ်၏။ ဒီအတိုင်းသာဆိုရင် Wolves အနေဖြင့် ဒီရာသီမှာ တန်းဆင်းသွားရနိုင်၏။ တန်းဆင်းဇုန်ထဲ ရောက်နေသည့် West Ham အနေဖြင့် Bournemouth နဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင် ကစားရမည် ဖြစ်၏။

တန်းဆင်းဇုန်ထဲက နောက်တသင်း ဖြစ်သည့် Nottm Forest တို့ အနေဖြင့် အမှတ် လိုနေချိန်ကြမှ Liverpool အသင်းနဲ့ လာတွေ့နေခြင်းက ခက်ခဲမှုတွေ ဖြစ်လာနိုင်၏။ ဒီရာသီမှာ ခြေစွမ်း မတည်မငြိမ် ဖြစ်နေသည့် Liverpool ထံကနေ အမှတ် ခွဲဝေယူနိုင်ဖို့ သူတို့ ကြိုးစားကြပေလိမ့်မည်။

မနက် ၁၂ နာရီမှာတော့ New Castle vs Man City တို့၏ ပွဲစဉ်လည်း ရှိနေပါသေး၏။ UCL မှာ အခြေအနေကောင်းနေပေမယ့် EPL မှာတော့ New Castle တို့ အခြေမလှ ဖြစ်နေ၏။ ၁၂ မှတ်ဖြင့် အဆင့် ၁၄ နေရာမှာ ရပ်တည်နေ၏။ အိမ်ကွင်း အားသာချက် ရှိနေပေမယ့် Arsenal ကို ဖိအားပေးဖို့ အမှတ်လိုနေသည့် Man City အနေနဲ့ကလည်း New Castle ကို အခက်တွေ့ စေနိုင်၏။

နိုင်ငံတကာ ပွဲတွေ နှင့် မတူသည့် ရသမျိုး (သူ့ ရသနှင့် သူ) ပေးစွမ်းသည့် လိဂ်ပွဲစဉ်များကို တဖန်ပြန်လည်လို့ ကြည့်ရှု ရတော့မည် ဖြစ်၏။

(photos from Premier League Page)



0
0
0.000
0 comments