EPL Round 36

EPL Round 36 ပွဲစဉ်များ ဒီတပတ်မှာ ကစားမည် ဖြစ်၏။ ဘာလိုလိုနဲ့ ရာသီ သိမ်းဖို့တောင် ၂ ပွဲသာ လိုတော့၏။ စနေနေ့၏ အဖွင့်ပွဲစဉ်က ပွဲ‌ကြီး ပွဲကောင်းနဲ့ ဖွင့်လှစ်ထား၏။ Liverpool vs Chelsea ပွဲစဉ် ဖြစ်၏။ UCL ဝင်ခွင့်ရဖို့ သေချာသလောက် ဖြစ်နေသည့် Liverpool အနေဖြင့် Europa သို့မဟုတ် Conference League ဝင်ခွင့်ရဖို့ ရုန်းကန်နေရသည့် Chelsea နဲ့ ယှဉ်ပြိုင် ကစားရမည် ဖြစ်၏။ Liverpool အနေဖြင့် ရှုံးနိမ့်ခဲ့ရင်လည်း UCL ဝင်ခွင့် ဆုံးရှုံးဖို့ မရှိလှပေမဲ့ အိမ်ကွင်းဆိုတော့ အရှုံးခံမည် မဟုတ်ပေ။ ပြီးခဲ့သော တပတ်က United ကိုရှုံးထားသည်မို့ ဒီတပတ်မှာ ရလဒ်ကောင်း ရယူနိုင်ဖို့ လို၏။

Chelsea အနေဖြင့် UCL ဝင်ခွင့်နေရာကနေ တဖြည်းဖြည်း လျော့ကျလာခဲ့ရာ ခုဆို Europa, Conference League ဝင်ခွင့်တို့နဲ့ ဝေးရာ နေရာအထိကိုပါ ရောက်သွားခဲ့လေ၏။ Chelsea အနေဖြင့် လက်ကျန် ပွဲစဉ် အားလုံး အနိုင်ရခဲ့ရင်တောင် ကိုယ့်ရှေ့က အသင်းတွေ ခြေချော်မှသာ ဥရောပလိဂ်ပြိုင်ပွဲတွေ ဝင်ရောက်ခွင့်ရမည် ဖြစ်၏။

ညနေ ၈ နာရီခွဲမှာတော့ Sunderland vs Man United ပွဲစဉ် ကစားမည် ဖြစ်၏။ UCL ဝင်ခွင့်သေချာသွားခဲ့ပြီ ဖြစ်ပေမဲ့ အဆင့် ၃ နေရာကို ကာကွယ်ဖို့ အတွက် လက်ကျန် ပွဲစဉ်တွေကို United တို့ အာရုံစိုက်ဖို့ လိုမည် ဖြစ်၏။ နှစ်သင်းလုံး အတွက် အမှတ်ပေးဇယား ရပ်တည်မှု အပြောင်းအလဲ ကြီးကြီးမားမား မရှိနိုင်သည့် ပွဲစဉ်ပေမဲ့ EPL ပွဲစဉ်တို့၏ ထုံးစံအတိုင်း အကြိတ်အနယ် ရှိနေဦးမှာ အသေအချာပင်။

ည ၁၁ နာရီမှာတော့ Man City vs Brentford ပွဲစဉ် ကစားမည် ဖြစ်၏။ ချန်ပီယံ အိပ်မက်လေး မမှေးမှိန်ရေးအတွက် ယခုပွဲစဉ်ကို City တို့ အနိုင်ကစားဖို့ လိုမည် ဖြစ်၏။ သရေ သို့မဟုတ် ရှုံးနိမ့်သွားခဲ့ရင် City ၏ ချန်ပီယံ အိပ်မက်က ရေစုန်မြောပြီ။ Brentford အနေဖြင့် Europa League ‌ဝင်ခွင့် မျှော်မှန်းလို့ရနေတာကလည်း City ကို အခက်တွေ့စေနိုင်၏။ ဇာတ်လမ်း အားလုံးတို့၏ အစက Chelsea ဖြစ်၏။

ဇယားထိပ်ပိုင်းကနေ ဆင်းလာလိုက်တာ သူက ပြန်မတက်နိုင်တော့ အခြားအသင်းတွေက ကျော်တက်လာကြ၏။ Bournemouth, Brentford & Brighton တို့ အနေဖြင့် မျှော်မှန်းချက်တွေ မျှော်လင့်ချက်တွေ ဖြစ်ပေါ်လို့ လာခဲ့၏။ လာမယ့်နှစ် ဥရောပပြိုင်ပွဲတွေမှာ မျက်နှာသစ် အသင်းတွေ တွေ့မြင်ရလာနိုင်၏။ ဒီနှစ်ဆိုလည်း UCL, Europa & Conference League ဗိုလ်လုပွဲတွေမှာ EPL က အသင်း ၃ သင်း ကိုယ်စီ တက်ရောက်ထားသည် မဟုတ်ပါလား။

(photos from Premier League Page)



0
0
0.000
0 comments