EPL Round 7
EPL Round 7 ပွဲစဉ်တွေ ရောက်ရှိလို့လာခဲ့ပြီ။ ဒီမနက် မြန်မာစံတော်ချိန် ၁ နာရီခွဲမှာ Bournemouth vs Fulham တို့ ပွဲစဉ်နဲ့ စတင် ဖွင့်လှစ်ပါတယ်။ အိမ်ရှင် Bournemouth က 3-1 ဖြင့် အနိုင်ရသွားခဲ့ပါတယ်။ Bournemouth အနေဖြင့် လောလောဆယ် 14 မှတ်နဲ့ အဆင့် 2 နေရာမှာ ရပ်တည်နေပါတယ်။ Bournemouth ကစားသမား Antonio Semenyo က 2 ဂိုးသွင်းပေးခဲ့ပါတယ်။ ကျနော့် FPL အသင်းမှာ ထည့်ထားမှပါလေ။ တော်နေကြာ ကိုယိဝယ်ထည့်လိုက်မှ ဆရာသမား ခြေစွမ်း မပြနိုင်တော့မှာလည်း စိတ်ပူရသေး။
တချိန်က အသင်းငယ်တွေလို့ ပြောရမယ့်အသင်းတွေက ဇယားထိပ်တွေနားမှာ ရပ်တည်နေကြပြီး အသင်းကြီးတွေက ဇယားအလယ်၊ ဇယား အောက်ခြေနားတွေ ရောက်နေခဲ့ပါတယ်။ အဆိုးဆုံးကတော့ United ပေါ့။ အဆင့် 14 နေရာမှာ ရပ်တည်နေပါတယ်။ ဒီနေ့မှာ တန်းတက် အသင်းတသင်းဖြစ်တဲ့ Sunderland နဲ့ ကစားသွားဖို့ ရှိပါတယ်။
အိမ်ကွင်းဆိုပေမယ့် Sunderland က လွယ်ကူတဲ့ ပြိုင်ဘက်တော့ မဟုတ်ပါဘူး။ လက်ရှိ အနေအထားမှာ သူက ကိုယ့်ထက် သာနေရော။ အဆင့် 6 နေရာ ရောက်နေတဲ့ အသင်း။ ပြီး တန်းတက်အသင်းတွေထဲမှာ ကစားသမား ဖြည့်တင်းမှုကို အတော်လေး လုပ်ထားခဲ့ပါတယ်။ Arsenal & Leverkusen ကစားသမားဟောင်း Xhaka ကိုလည်း ခေါ်ယူထားပါသေးတယ်။
Round 6 မှာ ရှုံးပွဲတွေ့ထားတဲ့ United Round 7 မှာတော့ ပြန်လည် အနိုင်ရသွားမယ် ထင်ပါရဲ့။ သူက နိုင်တလှည့် ရှုံးတလှည့်မလား။ အားပေးနေမှာ ဖြစ်ပေမယ့် စိတ်တော့ လျော့ထားလိုက်ပါပြီလေ။
Arsenal vs West Ham တို့ရဲ့ ပွဲကလည်း ကြည့်ကောင်းဦးမှာပါ။ လန်ဒန် မြို့ခံအသင်း အချင်းချင်းတွေ့တဲ့ ပွဲမလား။ Arsenal vs Tottenham လောက် ပြိုင်ဆိုင်မှု မပြင်းထန်ပေမယ့် မြို့ခံအချင်းချင်း လွယ်လွယ်တော့ အကျောခံမှာ မဟုတ်ပါဘူး။ အဆင့် 1 က Liverpool ကို ဆက်လက် ဖိအားပေးနိုင်ဖို့ Arsenal တို့ ဒီပွဲကို အနိုင်ကစားထားဖို့ လိုပါလိမ့်မယ်။
ဒီတပတ်ရဲ့ အကောင်းဆုံးပွဲလို့ ဆိုရမယ့် ပွဲစဉ်ကတော့ Chelsea vs Liverpool တို့ ပွဲစဉ်ပါ။ နှစ်သင်းလုံးက Round 6 မှာ ကိုယ်စီ ပြိုင်ဘက်တွေကို ရှုံးထားကြပါတယ်။ Liverpool အနေဖြင့် သူတို့ရဲ့ EPL ပထမဆုံး ရှုံးပွဲကို ကြုံခဲ့ရတာပါ။ Round 7 Chelsea ရဲ့ အိမ်ကွင်းမှာ သူတို့ အသာစီး ရယူနိုင်မလားကတော့ စောင့်ကြည့်ရပါလိမ့်မယ်။ Liverpool သာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် Arsenal ရဲ့ ကျော်တက်ခြင်းကို ခံသွားရနိုင်ပါတယ်။ အကယ်လို့ Arsenal က West Ham ကို နိုင်ခဲ့ရင်ပေါ့။
(photos from Premier League Page)
United ကလည်း အဆင့် ၁၄ တဲ့ဗျာ !PIZZA
ဟုတ်ပဗျာ။
$PIZZA slices delivered:
@phyowinkoko7(1/10) tipped @donjaun
Come get MOONed!