EPL ဇာတ်ခုံပေါ်ဝယ်

London ညီအကိုတွေ သာမက Manchester ညီအကိုတွေလည်း ဒီတပတ် အခြေအနေ မကောင်းပေ။ Arsenal & Chelsea တို့က ရှုံးပွဲတွေ့ခဲ့ပြီး United က သရေ၊ City က ရှုံး၏။ City အတွက် ချန်ပီယံ မျှော်လင့်ချက်က အဆုံးသတ်သွားခဲ့ပြီ။ ချန်ပီယံလိဂ် ဝင်ခွင့် အတွက်သာ သူတို့ အတွက် ကျန်၏။ ကိုယ်တွေ United ကတော့ အဆင့် ၁၅ နေရာကနေ ဘာမျှော်လင့်ချက်မှ ထားမရတော့ပေ။ FA ဖလား အရယူပြီး ယူရိုပါလိဂ် ကန်ခွင့်လေး မျှော်ဖို့သာ ရှိတော့၏။

Arsenal အနေနဲ့လည်း လိုက်လေ ဝေးလေ ဖြစ်လို့ လာနေခဲ့၏။ Liverpool ၏ သရေကျ ခြေချော်ခဲ့တဲ့ ပွဲစဉ်တွေကြောင့် သူတို့ မျှော်လင့်ချက်လေး ရှိလာခဲ့ပေမယ့် ဒီတပတ်မှာတော့ သူကိုယ်တိုင်ပဲ ခြေချော်သွားခဲ့၏။ Chelsea ကလည်း ထူးမခြားနားပင်။ အဆင့် ၇ မှာ ရပ်တည်နေ၏။ ဒါပေမယ့် သူလည်း ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အခွင့်အရေး ရှိနေပါသေး၏။

အမှတ်ပေး ဇယား အဆင့် ၃ မှ အဆင့် ၁၁ ထိ အသင်းတွေက အမှတ်ကွာခြားချက် အားဖြင့် သိပ်မများလှပေ။ အဆင့် ၃ က Nottm Forest က 47 မှတ်၊ အဆင့် ၁၁ က Brentford က 39 မှတ် ဖြစ်၏။ နို့ပေမယ့် ချန်ပီယံလိဂ် ဝင်ခွင့် အတွက်ကတော့ အမှတ် 40 နဲ့ အထက် ရနေသည့် အသင်းတွေသာ ရနိုင်ပေလိမ့်မည်။

ဒီရာသီ Liverpool ကိုတော့ ချီးကျူးရပေလိမ့်မည်။ ကစားသမား အပြောင်းအလဲ မရှိပေမယ့် နည်းပြ အပြောင်းအလဲ ရှိပေမယ့် သူတို့အသင်းဟာ ပုံစံကောင်းတွေ ဆက်လက် ပြသနေနိုင်ခဲ့၏။ ရာသီ မစခင်တုန်းက Liverpool တို့အဖို့ အနည်းငယ် ခက်ခဲသည့် ရာသီ ဖြစ်မယ် ထင်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ သူတို့ အကောင်းဆုံး ကစားပြနေနိုင်ခဲ့ကြ၏။ အထိုင်ကျနေပြီးသား အချိတ်အဆက် မိနေပြီးသား ကစားသမားဟောင်းတွေနဲ့ သူတို့၏ စွမ်းဆောင်ရည်က အားရစရာပင်။

ဒီရာသီ အဆင်ပြေပေမယ့် နောက်ရာသီတွေ အတွက် လူငယ် မျိုးဆက်သစ် ကစားသမားများကို ရှာဖွေထားဖို့ လိုမည် ဖြစ်၏။ ဒါကိုလည်း နည်းပြက သိနားလည်ထားပြီး ဖြစ်မှာပါလေ။ EPL ပွဲစဉ်တွေ အများကြီး ကျန်နေသေးပေမယ့် ချန်ပီယံကတော့ Liverpool ပါပဲလို့ ကြိုတင် ပြောထားလို့တောင် ရနေပြီ ထင်ပါ၏။

(photos from English Premier league Page)



0
0
0.000
3 comments