European League Weekday

ဒီကြားရက်တွေထဲမှာတော့ ဥရောပလိဂ် ပွဲစဉ်များ ယှဉ်ပြိုင်ကစားကြမည် ဖြစ်၏။ Champion League, Europa League & Europa Conference League Semi Final အဆင့် ပွဲစဉ်များ ကစားသွားကြမည် ဖြစ်၏။ 30, 1, 2 ရက်နေ့များတွင် ယှဉ်ပြိုင်ကစားကြမည် ဖြစ်၏။ 30 & 1 ရက်နေ့တွေမှာတော့ Champion League ပွဲစဉ်များ ကစားကြမည် ဖြစ်၏။ 2 ရက်နေ့မှာတော့ Europa League & Europa Conference League ပွဲစဉ်များ ကစားကြမည် ဖြစ်၏။ ထုံးစံအတိုင်း မြန်မာစံတော်ချိန်နဲ့ တွက်ရင် သန်းခေါင်ကျော် ညနက်ပွဲစဉ်များ ဖြစ်၏။ ပွဲချိန်တွေက မြန်မာစံတော်ချိန် မနက် 1 နာရီခွဲတွေချည်း ဖြစ်၏။

Champion League ပွဲစဉ်တွေ အရင် ကြည့်လိုက်ရအောင်။ Arsenal vs PSG , Barcelona vs Inter Milan. Arsenal ကော PSG ကော သက်ဆိုက်ရာ League တွေမှာ ဖိအား မရှိကြတော့ပေ။ Arsenal က အဆင့် 2 နေရာ၊ PSG က အစောကြီးကတည်းက Ligue 1 ချန်ပီယံ ဖြစ်ထားခဲ့ပြီး ဖြစ်၏။ PSG အဖို့ ပြည်တွင်း Cup တခု ကစားဖို့တော့ ရှိနေသေး၏။ Coupe De France Final ပွဲစဉ် ဖြစ်၏။ အဆိုပါ ဗိုလ်လုပွဲက မေလ 25 ရက်နေ့မှဆိုတော့ ရက်တွေ အများကြီး ဝေးပါသေး၏။ ပထမကျော့ Arsenal အသင်း၏ အိမ်ကွင်းမှာ ရလဒ်ကောင်းအောင် ထိန်းကစားပြီး မိမိ အိမ်ကွင်းမှာ အကောင်းဆုံး ကစားမယ်ဆိုရင် PSG တို့ ဗိုလ်လုပွဲ ရောက်နိုင်ပါသေး၏။

Arsenal ကိုကလည်း လျော့တွက်လို့ မရပေ။ UCL King ကြီးကို နှစ်ကျော့လုံး အနိုင်ကစားပြီး Semi Final တက်လာခဲ့သည် မဟုတ်လား။ အိမ်ကွင်းမှာ Real Madrid ကို Rice ၏ ထူးရှယ် free kick နှစ်ဂိုးအပါအဝင် 3 ဂိုးပြတ် အနိုင်ယူထားသည်မို့ ယခု PSG နှင့်ပွဲမှာလည်း အိမ်ကွင်းအားသာချက်ကို အသုံးချပြီး အနိုင်ကစားသွားဖို့ ရှိနေ၏။ Champion League မှာ ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရသည့် နှစ်သင်း ထိပ်တိုက် တွေ့ဆုံမှုမှာ ဘယ်အသင်းက ဗိုလ်လုပွဲ တက်ရောက်နိုင်သွားမလဲက စိတ်ဝင်စားစရာပင်။

5 ကြိမ်နှင့် 3 ကြိမ် ချန်ပီယံတို့၏ Semi Final ပွဲစဉ်ကလည်း စိတ်ဝင်စားစရာပင်။ ပထမကျော့က Barcelona ၏ အိမ်ကွင်းမှာ အရင်ကစားရမည် ဖြစ်၏။ ဒီနှစ်သင်း၏ အနေအထားက ပြောရခက်၏။ ပြီး နှစ်သင်းလုံး၏ အနေအထားက အနည်းငယ် ဆင်တူ၏။ သက်ဆိုင်ရာ League တွေမှာပါ ချန်ပီယံ အိပ်မက်အတွက် အခွင့်အရေးတွေ ရှိနေကြသေးသည်မို့ စစ်မျက်နှာ နှစ်ခု ဖွင့်ထားရသည့် သဘောမျိုး ရှိ၏။ Barcelona ၏ အိမ်ကွင်း ဖြစ်နေတာရယ် လူငယ်ကစားသမားလေးတွေ၏ စွမ်းဆောင်ရည်တွေကြောင့် ပထမကျော့မှာ Barcelona အနိုင်ရသွားမည်ဟု ထင်မြင်မိပါ၏။

May 2 ရက်နေ့မှာတော့ Europa League နှင့် Europa Conference League Semi Final ပထမကျော့ ပွဲစဉ်များ ကစားကြမည် ဖြစ်၏။ Man United အနေဖြင့် Athletic club ၏ အိမ်ကွင်းမှာ သွားရောက် ကစားရမည် ဖြစ်၏။ အသင်းက EPL မှာ အခြေအနေ ဆိုးနေပေမယ့် Europa League မှာတော့ သိပ်အဆိုးကြီး မဟုတ်ဟု ပြောလို့ရမည်ထင်ပါ၏။ နည်းပြ Amorim ကလည်း Europa League ကိုပဲ ပို အာရုံစိုက်တော့မည်ဟု အတိအလင်း ပြောကြားထားသည်ကိုး။ သူ ဒီဖလားကို ဘယ်အလောက် အလေးထားမလဲဆိုတာ မကြာမီ သိရမည် ဖြစ်၏။

အခြား Semi Final ပွဲစဉ်အဖြစ် Tottenham vs Bodo/Glimt တို့ တွေ့ဆုံကြမည် ဖြစ်၏။ All English (England Club) Final ဖြစ်လာနိုင်မလားကတော့ မကြာမီ ရုပ်လုံး ပေါ်လာပေလိမ့်မည်။ Europa Conference League မှာတော့ Chelsea အသင်း ဗိုလ်လုပွဲ တက်သွားမယ်လို့ ထင်မိ၏။ ဗိုလ်စွဲဖို့ကတော့ အတန်ငယ် ခက်ခဲပေလိမ့်ဦးမည်။ တဖက်မှာ တက်လာနိုင်သည့် အသင်းတွေက Real Betis နှင့် Fiorentina တို့ဆိုတော့ ဗိုလ်လုပွဲက ကြည့်ကောင်းပေလိမ့်မည်။

(photos from Respective Facebook page)



0
0
0.000
4 comments