Finalists of Europa & Conference League

Europa နှင့် Conference League ဆီမီးဖိုင်နယ် ဒုတိယကျော့ ပွဲစဉ်များ ကစားပြီး ဖြစ်၏။ ဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်သည့် အသင်းတွေ ထွက်ပေါ်လာခဲ့ပြီ ဖြစ်၏။ ထင်မှတ်ထားသည့်အသင်းတွေသာ နောက်တဆင့်သို့ တက်လှမ်း သွားခဲ့လေ၏။ Europa League မှာ တော့ Aston Villa vs Nottm Forest ပွဲစဉ်မှာ Aston Villa က ၄-၀ ဖြင့် အနိုင်ရပြီး နှစ်ကျော့ပေါင်း ၄-၁ ဖြင့် နောက်တဆင့် တက်လှမ်းသွားခဲ့ခြင်း ဖြစ်၏။ Nottm Forest အနေဖြင့် ဂိုးပြန်လည်သွင်းယူနိုင်ခြင်း မရှိခဲ့ပေ။ Aston Villa တို့ အနေဖြင့် ဗိုလ်လုပွဲမှာ ဂျာမန် ကလပ် Freiburg နှင့် ယှဉ်ပြိုင်ရမည် ဖြစ်၏။
Freiburg vs Braga ပွဲစဉ်မှာတော့ အိမ်ရှင် Freiburg က ၃-၁ ဖြင့် အနိုင်ရပြီး နှစ်ကျော့ပေါင်း ၄-၃ ဖြင့် ဗိုလ်လုပွဲသို့ တက်လှမ်း သွားခဲ့ရလေ၏။ Freiburg အနေဖြင့် ပထမကျော့ အဝေးကွင်းမှာ ၂-၁ ဖြင့် ရှုံးနိမ့်ထား၏။ ထို့ကြောင့် အိမ်ကွင်း ပွဲစဉ်မှာ အနိုင်ရမှ ဖြစ်မည်။ သရေကျလို့ကို မရပေ။ ၂-၁ ဆို အချိန်ပိုတွေ ဆက်လက် ကစားနေရဦးမည် ဖြစ်၏။ ၃-၁ ဆိုတော့ အိမ်ရှင် Freiburg တို့ ဗိုလ်လုပွဲ တက်သွားခဲ့လေ၏။ ဗိုလ်လုပွဲကိုတော့ May 21 ရက်နေ့မှာ ယှဉ်ပြိုင် ကစားမည် ဖြစ်၏။

Conference League မှာလည်း EPL နောက်ထပ် အသင်းတသင်း ဖြစ်သည့် Crystal Palace အနေဖြင့် Shakhtar Donetsk ကို နှစ်ကျော့ပေါင်း ၅-၂ ဖြင့် အနိုင်ရပြီး နောက်တဆင့် တက်လှမ်း သွားခဲ့လေ၏။ ပထမကျော့ အဝေးကွင်း ပွဲစဉ်မှာ ကတည်းက ၁-၃ ဖြင့် အနိုင်ရထားသည့် Aston Villa အနေဖြင့် ဒုတိယကျော့ အိမ်ကွင်းမှာ ၂-၁ ဖြင့် ထပ်မံ အနိုင်ရခဲ့လေ၏။ UCL, Europa & Conference League တွေမှာ England ကလပ်သင်းတွေ အားလုံး ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့၏။ England ကလပ်အသင်းတွေအားလုံးသာ ဗိုလ်စွဲခဲ့ရင် ထူးခြားသည့် နှစ်တနှစ်အဖြစ် မှတ်တမ်းဝင်သွားပေလိမ့်မည်။
Strasbourg vs Rayo Vallecano ပွဲစဉ်မှာတော့ ဧည့်သည် အသင်းက ဒုတိယကျော့မှာပါ ထပ်မံ အနိုင်ရပြီး နှစ်ကျော့ပေါင်း ၀-၂ ဖြင့် နောက်တဆင့်သို့ တက်လှမ်းသွားခဲ့၏။ ပထမကျော့ အိမ်ကွင်းမှာ ၁-၀၊ ခု အဝေးကွင်းမှာ ၀-၁ ဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်လေ၏။ Europa League မှာက ပကျော့ ရှုံးထားသည့် အသင်းတွေ ဒုတိယကျော့မှာ come back လာပြီး ဗိုလ်လုပွဲ တက်သွားပေမဲ့ Conference League မှာတော့ ပကျော့ နိုင်ထားသည့် အသင်းတွေကပဲ ဒုတိယကျော့မှာပါ ထပ်မံ အနိုင်ရပြီး ဗိုလ်လုပွဲသို့ တက်လှမ်း သွားခဲ့ခြင်း ဖြစ်၏။
Conference League ဗိုလ်လုပွဲကို May 28 မှာ ကစားမည် ဖြစ်၏။ UCL ဗိုလ်လုပွဲကို အချိန် ရှေ့တိုးမယ်ဟု အသံတွေလည်း ထွက်ပေါ်နေသည်မို့ Europa, Conference League ဗိုလ်လုပွဲစဉ်တွေကိုကော ရှေ့တိုးမလား မတိုးမလားတော့ မသိရသေးပေ။
(photos from Europa League Page)