Game Week 11

EPL Round 11 ပွဲစဉ်များ ဒီတပတ်မှာ ကစားမည် ဖြစ်၏။ ထုံးစံအတိုင်း ပွဲကြီး ပွဲကောင်းတွေက ပါဝင်နေမြဲပင်။ Tottenham vs United နှင့် Man City vs Liverpool စတဲ့ ပွဲစဉ်တွေ နှင့်အတူ ရင်ခုန် စိတ်လှုပ်ရှားစရာ ပွဲစဉ်တွေကို ကြည့်ရှု ရမည် ဖြစ်၏။

United အနေဖြင့် ပြီးခဲ့သော ရာသီက Europa League Final ရှုံးကြွေးကို ဆပ်ဖို့ အချိန် ကြရောက်လို့ လာပြီ ဖြစ်၏။ ကြားရက် UCL ကန်ထားရသည့် Tottenham ထက်စာရင် United က နားချိန်ပိုရထား၏။ ဒါပေမယ့် UCL မှာ 4 ဂိုးပြတ် အနိုင်ရလဒ် ရယူထားသည့် Tottenham အနေဖြင့် စိတ်ဓါတ် မြင့်တက်နေမှာ အမှန်ပင်။ ထို့ပြင် နောက်ဆုံး EPL နှစ်ပွဲဆက် ရှုံးထားတာမို့ ဒီနေ့ပွဲမှာ သူတို့ အနိုင်ရလဒ် ရယူနိုင်ဖို့ အရေးကြီးလှပေ၏။

United အနေဖြင့်ကား 4 ပွဲဆက် နိုင်ပွဲ ရယူဖို့ ပျက်စီးသွားရပြီးနောက် ယခု ပွဲစဉ်ကို အကောင်းဆုံး ကြိုးစား သွားဖို့ ရှိနေ၏။ ကစားပုံ ယခင်ထက်စာရင် တိုးတက်လာတာ မှန်ပေမယ့် သိပ်အကောင်းကြီးတော့ မဟုတ်သေးပေ။ လိုအပ်ချက်တွေ ရှိနေသေး၏။ သို့ပေမယ့် နိုင်ပွဲတွေ ရယူလာနိုင်မှုကြောင့် ကစားသမားတွေ အနေနဲ့ ယုံကြည်မှု ပိုတိုးလာမှာကတော့ အသေအချာပင်။

Nottm Forest နဲ့ ပွဲမှာသာ အနိုင်ရခဲ့မယ်ဆိုရင် ခုပွဲစဉ်က Frank Ilett တယောက် ဆံပင် ညှပ်ခွင့် ရမရကို အဆုံးအဖြတ် ရယူရမယ့် ပွဲစဉ် ဖြစ်လာပေလိမ့်မည်။ ခုတော့ အစကနေ ပြန်စမှတ်ကြရုံသာ။

မနက် 12 နာရီမှာတော့ ဆင်ပျံကြီး Arsenal ၏ ပွဲစဉ် ရှိ၏။ Sunderland ၏ အိမ်ကွင်းမှာ သွားရောက် ကစားရမည် ဖြစ်၏။ လက်ရှိ Sunderland အသင်းခေါင်းဆောင် Xhaka အဖို့ တချိန်က အသင်းဟောင်း Arsenal နှင့် ပြန်လည် ရင်ဆိုင်ရမည် ဖြစ်၏။

ညနေ 6 နာရီခွဲမှာလည်း Man United women အသင်း ပွဲစဉ်လည်း ရှိနေ‌ပါသေး၏။ Aston Villa women အသင်းနှင့် ယှဉ်ပြိုင်ကစားသွားရမည် ဖြစ်၏။ ည 8 နာရီ 20 မိနစ် မှာတော့ Ronaldo ၏ Al Nassr အသင်း ပွဲစဉ် ကစားသွားဖို့ ရှိနေ၏။ နောက်ထပ် နိုင်ပွဲ တပွဲ ထပ်မံ ရယူပြီး ရာနှုန်းပြည့် နိုင်ပွဲနဲ့ Saudi Arabia Pro League ကို Al Nassr တို့ ဆက်လက် ဦးဆောင် ထားနိုင်မလားကတော့ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရပေလိမ့်မည်။

(photos from Premier League Page)



0
0
0.000
1 comments