Grand Final


(photo from Asian Cup Facebook page)

ဒီနေ့မှာ EPL ၆ ပွဲ၊ အပို ၁ ပွဲ (နောက်နေ့ မနက် ၁၂ နာရီ) စုစုပေါင်း ၇ ပွဲ ကစားသွားဖို့ ရှိနေ၏။ ဒီတပတ်မှာ ပွဲကောင်းတွေ အများကြီး ရှိကြောင်းကို မနေ့ကတော့ သတင်းကောင်း ပါးထားခဲ့ပြီး ဖြစ်၏။ EPL အစောဆုံး ပွဲစဉ် အဖြစ် မန်စီးတီးနှင့် အဲဗာတန်တို့ မြန်မာစံတော်ချိန် ည ၇ နာရီမှာ စတင် ကစားကြမည် ဖြစ်၏။ ည ၉ နာရီခွဲမှာတော့ လီပါပူးနှင့် ဘန်လေတို့၏ ပွဲစဉ် ရှိနေ၏။ မန်စီးတီးသာ အနိုင်ရခဲ့ရင် အမှတ်ပေးဇယားထိပ်ကို နာရီတော်တော်ကြာ သိမ်းပိုက်ထားနိုင်မည် ဖြစ်၏။ ည ၉ နာရီခွဲပွဲမှာသာ လီပါပူးက အနိုင်ရသွားရင်တော့ စီးတီးတို့ အဆင့် ၂ နေရာကို ပြန်ဆင်းရမည် ဖြစ်၏။

တန်းဆင်းဇုန်က လွတ်နိုင်ဖို့ အဲဗာတန်တို့ ရုန်းရမည် မှန်သော်လည်း လက်ရှိ စီးတီး၏ ခြေစွမ်းကို ကျော်လွန်နိုင်ဖို့က မဖြစ်နိုင်ပေ။ တန်းဆင်းဇုန်က လွတ်ဖို့ ရုန်းမည့်သူနှင့် ချန်ပီယံဖြစ်ဖို့ ကြိုးစားနေသူတို့ တွေ့ကြပြီ။ အဲဗာတန်တို့ မန်စီးတီးနှင့် တွေ့နေသည့် အခွင့်အရေးကို အပြည့်အဝယူမည့်အသင်းကတော့ လူတန်တောင်း ဖြစ်၏။ ဒီရာသီမှ တန်းတက်လာပြီး တန်း ပြန်ဆင်းရလိမ့်မယ်ဟု အများက သတ်မှတ်ထားသည့် အသင်း ဖြစ်၏။

အစောပိုင်း ခြေစွမ်း၊ အစောပိုင်း ရလဒ်တွေအရ ထိုစကားက မှန်ချင်ချင်ရယ်။ သို့ပေမယ့် ရာသီဝက်အပြီး နောက်ပိုင်းမှာတော့ လူတန်တောင်းတို့ ပုံစံပြောင်းသွား၏။ သိသိသာသာလည်း ကစားအား တိုးတက်ကောင်းမွန်လာ၏။ ဒီတပတ်တော့ လူတန်တောင်းတို့ အိမ်ကွင်းမှာ ရှက်ဖီးယူနိုက်နှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်၏။

အဲဗာတန်၏ အထက် တပွဲလျော့ဖြင့် အဆင့် ၁၇ နေရာမှာ ရပ်တည်နေသော လူတန်တောင်းတို့ ယခုပွဲကို အနိုင်ကစားထားပါမှ ပိုပြီး အဆင်ပြေမည် ဖြစ်၏။ လက်ရှိမှာ လူတန်တောင်းက အမှတ် ၂၀၊ အဲဗာတန်က ၁၉ မှတ် ဖြစ်၏။

ည ၉ နာရီခွဲမှာ အာရှဖလား ဗိုလ်လုပွဲစဉ်လည်း ရှိနေ၏။ ဂျော်ဒန်နှင့် ကာတာ အသင်းတို့ ယှဉ်ပြိုင်ကစား ကြမည် ဖြစ်၏။ အသင်း သမိုင်းတလျှောက် အာရှဖလား ဗိုလ်လုပွဲကို ပထမဆုံး ရောက်ဖူးတဲ့ ဂျော်ဒန် အသင်းနှင့် လက်ရှိ ချန်ပီယံ ကာတာတို့၏ ထိပ်တိုက်တွေ့ဆုံမှုက စိတ်ဝင်စားစရာပင်။ ချန်ပီယံ အသစ် ထွက်ပေါ်လာမလား၊ ဒါမှမဟုတ် လက်ရှိ ချန်ပီယံကပဲ ချန်ပီယံဆုကို ကာကွယ်ပြီး နှစ်ထပ်ကွမ်း ချန်ပီယံ အဖြစ်နဲ့ ချန်ပီယံဆုကို ထပ်မံ သိမ်းပိုက်သွားမလားကတော့ မကြာခင် သိရတော့မည် ဖြစ်၏။



0
0
0.000
9 comments
avatar

@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @donjaun gets !LOOL from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

0
0
0.000
avatar

Yay! 🤗
Your content has been boosted with Ecency Points, by @donjaun.
Use Ecency daily to boost your growth on platform!

0
0
0.000
avatar

အာရှ ဖလား ပွဲစဥ်တွေ မကြည့်ဖြစ်ဘူး။
ဘယ်အသင်းတွေ ခြေစွာလဲမသိဘူး။
နောက်မှ အချိန်ပေးပြီး ကြည့်ဦးမယ်...

!PIZZA

0
0
0.000