Last Minute Goal

EPL Round 23 ၏ ပွဲစဉ်တွေထဲက ၅ ပွဲ စနေနေ့မှာ ကစားသွားခဲ့ပါတယ်။ ၁ ပွဲ သရေကျပြီး ကျန် ၄ ပွဲက အရှုံးအနိုင် အဖြေထွက်ပေါ်ခဲ့ပါတယ်။ တန်းဆင်းဇုန် အသင်းတွေထဲမှာ West Ham တသင်းသာ အနိုင်ရခဲ့ပါတယ်။ အိမ်ကွင်းမှာ Sunderland ကို 3-1 ဖြင့် အနိုင်ရသွားခဲ့ပါတယ်။ ယခု နိုင်ပွဲကြောင့် တန်းဆင်းဇုန်က လွတ်ဖို့ အတွက် အားအင်တွေ ရရှိကောင်း ရရှိလာနိုင်ပါတယ်။ West Ham ရဲ့ အထက်က Nottm Forest, Crystal Palace တို့ အနေနဲ့ ကျန်ပွဲစဉ်တွေကို အာရုံစိုက် ကစားဖို့ လိုပါလိမ့်မယ်။

အဆင့် ၁၉ က Burnley အနေနဲ့ Tottenham အသင်းနဲ့ တဖက် ၂ ဂိုးစီ သရေကျသွားခဲ့ပါတယ်။ Tottenham အနေနဲ့ UCL မှာ ကျား ဖြစ်ပြနေပေမယ့် EPL မှာတော့ ကြောင်တကောင်လေလား ထင်မှတ်မှား နေရပါတယ်။ ခု Burnley နဲ့ ပွဲစဉ်မှာတောင် Romero ရဲ့ မိနစ် ၉၀ ချေပဂိုးကြောင့်သာ သရေတမှတ် ရယူနိုင်ခဲ့တာပါ။ နို့ဆိုရင် တမှတ်မှ မရဘဲ ဖြစ်သွားနိုင်တဲ့ အခြေအနေပါ။ မနှစ်က ယူရိုပါလိဂ် ချန်ပီယံ ဖြစ်ခဲ့ပေမဲ့ EPL မှာတော့ မနှစ်ကလိုပဲ ရုန်းကန်နေရပါတယ်။

အဆင့် ၂၀ က Wolves အနေနဲ့ကတော့ ၆ ပွဲဆက် ရှုံးပွဲ မရှိဆိုတဲ့ အနေအထားကို ဆက်မသွားနိုင်တော့ဘဲ ၆ ပွဲမြောက်မှာ ရှုံးပွဲ ပြန်တွေ့သွားခဲ့ရပါတယ်။ United နဲ့ စခဲ့တဲ့ ဇာတ်လမ်းကို City က အဆုံးသတ်ပေးသွားခဲ့ပါတယ်။ City က Wolves ကို 2-0 ဖြင့် အနိုင်ရသွားခဲ့ပါတယ်။ EPL ချန်ပီယံဟောင်း Liverpool အနေနဲ့ ကတော့ နောက်ကျသွင်း‌ဂိုးကြောင့် Bournemouth ကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့်သွားခဲ့ရပါတယ်။ 90+5 မိနစ်မှာ Adli က Bournemouth အတွက် အနိုင်ဂိုး သွင်းယူ သွားခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ နောက်ထပ် ၄ ပွဲ ဆက်ကစားသွားဖို့ ရှိနေပါသေးတယ်။ ကျန် ၃ ပွဲ ခဏထားပြီး Arsenal vs Man United ပွဲစဉ်ကိုပဲ ပြောလိုက်ကြရအောင်။ Michael Carrick ရဲ့ တကျော့ပြန် ခရီးကတော့ အဖွင့်လှခဲ့ပါပြီ။ City ကို အိမ်ကွင်းမှာ ၃-၀ ဖြင့် အနိုင်ရပြီး မှတ်ချက်ကောင်းတွေ ပေးခြင်း ခံနေရပါတယ်။ United ကို United လို ပြန်မြင်ရတဲ့ ပွဲဆိုပြီး အတော်များများက ပြောကြပါတယ်။ တကယ်လည်း အဆိုပါ ပွဲစဉ်က အတော်လေး ကောင်းခဲ့ပါတယ်။

အဆိုပါ ပွဲစဉ်တုန်းက စိတ်ဓါတ်ခွန်အားကို Arsenal နဲ့ ပွဲစဉ်မှာပါ ဆက်လက် သယ်ဆောင်လာနိုင်ခဲ့မယ်ဆိုရင် United အနေဖြင့် Arsenal ကို ကောင်းကောင်း ဒုက္ခ ပေးနိုင်ပါတယ်။ ပြီးခဲ့တဲ့ တပတ်က Arsenal fan တွေ United ကို အားပေးခဲ့ကြပေမယ့် ဒီတပတ်မှာတော့ City fan တွေ United ကို တဖန် ပြန်အားပေးကြလိမ့်ဦးမယ် ထင်ပါရဲ့။

(photos from Premier League Page)



0
0
0.000
1 comments
avatar

Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

0
0
0.000