Let win the Game

avatar

ဒီနေ့ မန်ချက်စတာ ယူနိုက်တက်တို့ အိမ်ကွင်းမှာ အဲဗာတန် အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်၏။ မြန်မာစံတော်ချိန် ည ၇ နာရီမှာ ကစားမည် ဖြစ်၏။ ည ၁၁ နာရီ ၄၅ မိနစ်မှာလည်း ယူနိုက်တက် အမျိုးသမီးအသင်း၏ ပွဲစဉ် ရှိ၏။ FA Cup ကွာတားဖိုင်နယ် ပွဲစဉ် အဖြစ် ဘရိုက်တန် အမျိုးသမီးအသင်းနှင့် အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမည် ဖြစ်၏။ ခုတလော ယူနိုက်တက် အမျိုးသားရော၊ အမျိုးသမီးပွဲတွေက တရက်ထဲ လာလာကြုံနေ၏။ တမျိုးတော့လည်း ကောင်း၏။ တခါထဲ တဝကြီး ကြည့်ရှု အားပေးလို့ ရ၏။

နှစ်သင်းလုံး အနိုင်ရတော့လည်း နှစ်ဆ ပျော်ရပြီး။ နှစ်သင်းလုံး ရလဒ် မကောင်းတော့လည်း တထိုင် စိတ်ညစ်စရာကို တကြိမ်ထဲ ခံစားရတော့ အနည်းငယ် ခံသာတာပေါ့လေ။

ဒီရာသီ ယူနိုက်တက် အမျိုးသားအသင်းက ယခင်ရာသီထက် ပိုဆိုးနေသလိုပင်။ အမျိုးသားအသင်းကတင်မကဘဲ အမျိုးသမီးအသင်းကပါ ရလဒ်ပိုင်းတွေ ဆိုးရွားနေခဲ့၏။ မနှစ်က အတော်လေး ကောင်းခဲ့သည့် အမျိုးသမီးအသင်းက ဒီနှစ်မှာ မည်သို့ မည်ပုံ ဖြစ်သွားသည် မသိပေ။ အသင်း၏ အဓိက ကစားသမား Russo အာဆင်နယ် အမျိုးသမီးအသင်းသို့ ပြောင်းရွှေ့သွားခြင်းကလည်း ခုလိုမျိုး ရလဒ်မကောင်းမှုတွေ ဖြစ်ပေါ်လာစေခဲ့ခြင်း ဖြစ်မည်။ တချို့ ပွဲတွေမှာ ဂိုးရဖို့ ခက်နေခဲ့၏။ အဆုံးသတ် သေချာသည့် တိုက်စစ်မှူးမျိုး တနည်းအားဖြင့် ဂိုးသွင်းတတ်သည့် တိုက်စစ်မှူးမျိုး လိုအပ်၏။

ပြီးခဲ့သော ရာသီက ချယ်လ်ဆီး အမျိုးသမီးအသင်း ကြီးစိုးထားမှုကို မန်စီးတီး အမျိုးသမီးအသင်းက ချေဖျက်နိုင်ဖို့ ကြိုးစားပြနေ၏။ လက်ရှိမှာလည်း ချယ်လ်ဆီးကို ပုခုံးချင်း ယှဉ်နိုင်တာဆိုလို့ မန်စီးတီးအသင်းသာ ရှိ၏။ ဘာပဲ ပြောပြော ဒီနေ့ ဘရိုက်တန်နှင့် ပွဲစဉ်ကိုတော့ နိုင်မှာပါ။ ဘရိုက်တန်ကို အနိုင်ကစားပြီး ဆီမီးဖိုင်နယ် အဆင့်သို့ တက်လှမ်းနိုင်မည်လို့ ထင်ပါ၏။

ယူနိုက်တက် အမျိုးသားအသင်း အနေဖြင့် အဲဗာတန်ကို အိမ်ကွင်းမှာ ကစားရမည် ဆိုပေမယ့် လွယ်ကူသည့် ပွဲစဉ်တော့ မဟုတ်ပေ။ လက်ရှိ အနေအထားက ဘယ်အသင်းနဲ့ တွေ့တွေ့ ယူနိုက်တက် အတွက် လွယ်ကူတယ် ဆိုတာမျိုးက မရှိနေပေ။ ပြီး ပိုဆိုးတာက အဲဗာတန်က တန်းဆင်းဇုန် ဖိအား ရှိနေတော့ ယူနိုက်တက်ထံကနေ ရသလောက် အမှတ်ခွဲယူဖို့ ကြိုးစားမှာ အသေအချာပင်။

ကိုယ်တွေမှာလည်း ချန်ပီယံလိဂ် ဝင်ခွင့် မရချင် နေပါစေ၊ ယူရိုပါလိဂ်လေး ဝင်ကန်ခွင့် ရရင်ပဲ တော်ပါပြီဟု ကြိုတင်ပြီး စိတ်လျှော့ ထားနေရ၏။

(photos from United football Teams Facebook page)



0
0
0.000
4 comments
avatar

!PGM. !LOLZ. !hiqvote

0
0
0.000
avatar

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 1 SBT - 0.1 THG - 0.000001 SQM - 0.1 BUDS - 0.01 WOO - 0.005 SCRAP - 0.001 INK tokens

remaining commands 7

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444


0
0
0.000
avatar

လောလောဆယ်တော့ 2ဂိုးနဲ့နိုင်နေပြီဗျာ
!pizza

0
0
0.000