Liverpool Start with Winning

Liverpool အသင်း အနေနဲ့ EPL အဖွင့်ပွဲစဉ်မှာ Bournemouth အသင်းကို 4-2 ဂိုးဖြင့် အနိုင်ရသွားလဲ့၏။ မြန်မာ စံတော်ချိန်အရ ဒီနေ့ မနက် 1 နာရီခွဲဆိုတော့ စောင့်လည်း မကြည့်၊ ထည်း မကြည့်နိုင်တော့ပေ။ မနက် အိပ်ရာ နိုးမှ Result ကြည့်ရခြင်း ဖြစ်၏။ Liverpool က 2 ဂိုးအရင်သွင်းပေမယ့် Bournemouth က နောက်ကနေ 2 ဂိုး ပြန်လိုက်သွင်းလို့ သရေကျနေခဲ့၏။ 88 မိနစ်မှာ လူစားဝင် ကစားသမား Chiesa က အနိုင်ဂိုး သွင်းယူသွားပေးခဲ့လို့သာ တော်သေးသည် ဆိုရမည်။ 90+40 မိနစ်မှာတော့ Salah က နောက်ထပ် အနိုင်ဂိုး တဂိုးကို ထပ်မံ သွင်းယူပေးခဲ့လေ၏။

Salah ကတော့ Liverpool အတွက် တကယ့်ကို အရေးပါသည့် ကစားပင်။ အသင်း လိုအပ်နေချိန်တိုင်း သူက အဆင်သင့်။ လိုအပ်ရင် လိုအပ်သလို ဂိုးတွေ ဖန်တီး၊ ဂိုးတွေ သွင်းနဲ့။ ဒါကြောင့်ပဲ Liverpool fan တွေက King Salah လို့ ခေါ်ကြတာ ဖြစ်မယ်။ Bournemouth တို့ အနေနဲ့ အဖွင့်ပွဲမှာ Liverpool ထံကနေ သရေတမှတ် ရယူနိုင်ဖို့ မျှော်လင့်ထားတုန်း ရှိသေး၊ အဆိုပါ မျှော်လင့်ချက်ကို 88 မိနစ်မှာ Chiesa က ဖျက်စီး လိုက်လေတော့၏။

Liverpool နည်းပြ Arne Slot အနေဖြင့် 2-2 သရေကျနေချိန်မှာ တယောက်သော ကစားသမားကိုတော့ မျှော်နေ၊ မျက်စိ ရှာနေမိမယ် ထင်ပါရဲ့။ သူ သေချာပေါက် Diogo Jota ကို သတိရနေမှာပါ။ Liverpool fan မဟုတ်တဲ့ ကိုယ်တွေတောင် Jota ကို မမေ့တာ နည်းပြကြီးဆို ပိုဆိုးမပေါ့။ အသင်း ကျဉ်းထဲ ကြပ်ထဲ ရောက်နေချိန် ပွဲရလဒ် ပြောင်းပေးနိုင်တဲ့ ကစားသမားကို မမျှော်တဲ့သူ မည်သူ ရှိမည်နည်း။

ဒီနေ့ မှာတော့ နောက်ထပ် EPL ပွဲစဉ် 5 ပွဲ ကစားသွားဖို့ ရှိနေ၏။ မြန်မာစံတော်ချိန် ညနေ 6 နာရီ၊ ည 8 နာရီခွဲနှင့် ည 11 နာရီတို့မှာ ဖြစ်၏။ အားထားရတဲ့ အသင်းခေါင်းဆောင် မရှိတော့တဲ့ အသင်း နှစ်သင်းကိုလည်း စောင့်ကြည့်ရပေလိမ့်ဦးမည်။ Sonny မရှိတော့တဲ့ Tottenham, De Bruyne မရှိတော့တဲ့ Man City တို့ အနေဖြင့် သူတို့ နေရာတွေမှာ ပြန်လည်ဖြည့်စွမ်းပေးမယ့် ကစားသမားတွေ ရနိုင်၊ ရှိနိုင်မလား။ ဒါမှမဟုတ် ကစားပုံ ကစားကွက် ပြောင်းကြမလားပေါ့။

Sonny က အမေရိကမှ LA FC ၊ De Bruyne ကတော့ အီတလီက Napoli သို့ အသီးသီး ပြောင်းရွှေ့ သွားကြပြိ။ အရည်အချင်း ရှိတဲ့ ကစားသမားတွေမို့ အသင်းသစ်မှာ သူတို့ ဆက်လက် ခြေစွမ်းပြနေမှာ အမှန်ပင်။ အသင်းပြောင်းသူ၊ ထွက်ခွာသူတွေလည်း ထွက်သွားကြသလို တခြား လိဂ်မှာ ပြောင်းလာကြသည့် ကစားသမားတွေလည်း အများသား။ အဆိုပါ ကစားသမားတွေကော အသင်းနဲ့ ခပ်မြန်မြန်ပဲ အံဝင်ပြီး ခြေစွမ်းပြနိုင်မလားကတော့ စိတ်ဝင်စားစွာ စောင့်ကြည့်ရပေလိမ့်ဦးမည်။

(photos from Liverpool page)



0
0
0.000
0 comments