Manchester Derby

ဒီတပတ်မှာတော့ EPL Round 22 ပွဲစဉ်များ ကစားသွားမည် ဖြစ်၏။ စနေနေ့မှာ ပွဲစဉ် ၇ ပွဲတိတိ ကစားသွားမည် ဖြစ်၏။ အစောဆုံး ပွဲစဉ် အဖြစ် Man United vs Man City တို့၏ Manchester Derby ကို ည ၇ နာရီမှာ ကစားသွားမည် ဖြစ်၏။ ရာသီကုန်အထိ ကိုင်တွယ်မယ့် Michael Carrick ၏ ပထမဆုံး ပွဲစဉ်လည်း ဖြစ်၏။ တခုသော ဘောလုံး ရာသီမှာတုန်းက ယာယီ နည်းပြ အဖြစ် ၃ ပွဲ ကိုင်တွယ်ခဲ့စဉ် ရှုံးပွဲ မရှိအောင် စွမ်းဆောင် ထားနိုင်ခဲ့၏။ ခု ကိုင်တွယ်ရမှာကတော့ ၃ ပွဲပဲ မဟုတ်တော့ပေ။ လက်ကျန် ၁၆ ပွဲတိတိကို ကိုင်တွယ်ရမည် ဖြစ်၏။

Middlesbrough အသင်းကို 2022-2025 ထိ ကိုင်တွယ်ပြီး အနေအထား တခု ရောက်အောင် စွမ်းဆောင်ပြထားနိုင်ခဲ့၏။ ခု တကျော့ပြန် နည်းပြခွင့် ရချိန်မှာ United ကို ဘယ်အခြေအနေ ဘယ်အနေအထားထိ ရောက်အောင် ဦးဆောင်ပေးနိုင်မလဲက စိတ်ဝင်စားဖို့ ကောင်းနေ၏။ ချန်ပီယံလိဂ် ဝင်ခွင့် ရနိုင်မလားကတော့ ရင်ခုန် စိတ်လှုပ်ရှားစရာပင်။ လက်ရှိ လူစာရင်းနဲ့ကတော့ အများကြီး မျှော်လင့်ထားလို့ မရနိုင်ပေ။

January လလယ် ရောက်ချိန်ထိ အသင်းက လူဝယ် မဝယ် မသိရသေးပေ။ ခုတိုင်းဆို ခေါ်ဖို့တော့ ရှိမည် မထင်ပေ။ အဓိက လိုအပ်နေတာက ကွင်းလယ် ဖြစ်၏။ Carrick အနေနဲ့ ကစားသမားသစ်သာ မရနိုင်ရင် အကယ်ဒမီထွက် လူငယ်လေးတွေကိုသာ ထုတ်သုံးသွားရမယ့်ပုံပင်။ ဒါလည်း တမျိုးတော့ ကောင်းသား အကယ်ဒမီထွက် လူငယ်တွေအတွက်လည်း အခွင့်အလမ်း ရတာပေါ့။

Round 4 ပထမကျော့ City အိမ်ကွင်းမှာတုန်းကတော့ City က 3-0 ဖြင့် အနိုင်ရထား၏။ ခု ဒုတိယကျော့ United အိမ်ကွင်းမှာတော့ ဘယ်လို အဖြေ ထွက်ပေါ်လာမလဲကတော့ စောင့်ကြည့်ရပေလိမ့်ဦးမည်။ ည ၉ နာရီခွဲမှာ ကစားမယ့် Chelsea vs Brentford ပွဲစဉ်ကလည်း စိတ်ဝင်စားစရာပင်။ လက်ရှိမှာ Brentford က ၃၃ မှတ်နှင့် အဆင့် ၅ Chelsea က ၃၁ မှတ်နှင့် အဆင့် ၈ နေရာမှာ ရပ်တည်နေ၏။

ယခု နောက်ပိုင်းမှာ ခြေပြန်မှန်နေသည့် Liverpool အနေဖြင့် Burnley အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမည် ဖြစ်။ London Derby အဖြစ် Tottenham vs West Ham တို့၏ ပွဲစဉ် ကစားသွားဖို့ ရှိနေ၏။ မနက် ၁၂ နာရီမှာတော့ Nottm Forest vs Arsenal တို့၏ ပွဲစဉ် ကစားသွားဖို့ ရှိနေ၏။

(photos from Premier League & United pages)



0
0
0.000
0 comments