Manchester Derby

International break အပြီးမှာတော့ ဒီတပတ်မှာ EPL Round 4 ပွဲစဉ်များ ကစား၏။ မနေ့က Saturday မှာ 7 ပွဲ၊ ဒီနေ့ မနက် 1 နာရီခွဲမှာ 1 ပွဲ ကစားပြီးသွားခဲ့၏။ 2 ပွဲသာ ကစားဖို့ ကျန်၏။ Burnley vs Liverpool, Man City vs Man United တို့၏ ပွဲစဉ်များ ဖြစ်၏။

ကစားပြီးထားသည့် 8 ပွဲမှာ သရေပွဲက 3 ပွဲ ရှိခဲ့ပြီး ကျန် 5 ပွဲကတော့ အရှုံးအနိုင် အဖြေ ပေါ်ခဲ့၏။ လန်ဒန် မြို့ခံအသင်းတွေ ဖြစ်သည့် Arsenal နှင့် Tottenham တို့ကတော့ ကိုယ်စီ ဂိုးပြတ် နိုင်ပွဲတွေ ရခဲ့၏။ Arsenal က Nottm Forest ကို အိမ်ကွင်းမှာ 3-0 နှင့်လည်းကောင်း၊ Tottenham က အခြား လန်ဒန် ကလပ်အသင်း တသင်း ဖြစ်သည့် West Ham ကို အဝေးကွင်းမှာ 0-3 ဖြင့်လည်းကောင်း အနိုင်ရခဲ့၏။ 54 မိနစ်မှာ ကစားသမား တယောက် အထုတ်ခံလိုက်ရသည့် West Ham အဖို့ နောက်ထပ် ရှုံးပွဲ တပွဲနှင့် တွေ့ကြုံသွားခဲ့ရ၏။

နောက်ထပ် လန်ဒန် ကလပ်အသင်း ဖြစ်သည့် Chelsea အသင်းကတော့ Brentford ကို အဝေးကွင်းမှာ 2-2 သရေကျသွားခဲ့၏။ Cole Palmer ပွဲချိန် 56 မိနစ်မှာ ဝင်ကစား၏။ 61 မိနစ်မှာ ဂိုးသွင်း၏။ ကျနော့် FPL အသင်းမှာ သူ့ကို First lineup မထည့်ထားလိုက်ရပေ။ သူ နာနေတာရယ်၊ ကြားထဲ နိုင်ငံပွဲတွေကြောင့်ရယ်၊ ကျနော်လည်း မအားနေတာနဲ့ရယ် လူစာရင်း အပြောင်းအလဲ လုပ်ဖို့ မေ့သွားခဲ့ခြင်း ဖြစ်၏။ အမှတ်လေး ရမယ့်ဟာ သွားပြီ ထင်ပါရဲ့။ ပြီးခဲ့သော တပတ်ကော၊ ဒီတပတ်မှာကော လူ အရောင်းအဝယ်၊ အပြောင်းအလဲ မလုပ်လိုက်ရပေ။ ကောင်းရော။

ဒီနေ့ Super Sunday ၏ အကောင်းဆုံး ပွဲစဉ် Manchester Derby ကို ည 10 နာရီမှာ ကြည့်ရမည် ဖြစ်၏။ နှစ်သင်းလုံးက ရလဒ်တွေ အနေနဲ့ သိပ်တော့ အားရစရာ မရှိပေ။ မန်ချက်စတာ ညီနောင်တွေ အခြေအနေ မဟန်နေပေ။ 3 ပွဲ ကစားပြီးချိန်မှာ United က 1 ပွဲနိုင်၊ 1 ပွဲ သရေ၊ 1 ပွဲရှုံးနှင့် အဆင့် 11 နေရာမှာ ရပ်တည်နေ၏။ City ကတော့ 1 ပွဲနိုင်၊ 2 ပွဲရှုံးနှင့် အဆင့် 16 နေရာမှာ ရပ်တည်နေ၏။

လူစုံတတ်စုံ ပါဝင် ကစားနိုင်ခြင်း ရှိမရှိကိုတော့ စောင့်ကြည့်ရပေလိမ့်မည်။ Cunha နဲ့ Mount တို့ City နှင့် ပွဲအမှီ ကြံ့ခိုင်မှု ပြည့်ပြီး ကစားနိုင်ဖို့ ကြိုးစားနေသည် ဆို၏။ ဒီရာသီ ခေါ်ယူထားတဲ့ ကစားသမားတွေထဲ Mbeumo ကတော့ ခြေစွမ်းတွေ ပြထား၏။ ဒီနေ့ ပွဲစဉ်မှာ‌လည်း အကောင်းဆုံး စွမ်းဆောင်ပြသွားနိုင်လိမ့်မယ်လို့ ယုံကြည်၏။

Manchester Derby ကတော့ နှစ်သင်းလုံး အတွက် အရေးပါ၏။ အမှတ် ခွဲယူမလား၊ တသင်းသင်းက အမှတ်ပြည့် ယူသွားမလားကတော့ မကြာမီ သိရမည် ဖြစ်၏။ ဒီနေ့ Man United women အသင်း၏ ပွဲစဉ်လည်း ရှိ‌‌၏။ ညနေ 5 နာရီခွဲမှာ London City Lionesses အသင်းနှင့် အဝေးကွင်းမှာ သွားရောက် ကစားရမည် ဖြစ်၏။

(photos from Premier League Page)



0
0
0.000
1 comments
avatar

Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

0
0
0.000