Manchester is Red

မနေ့က မန်ချက်စတာဒါဘီ အလွန် ကြည့်ကောင်းခဲ့လေ၏။ Michael Carrick ၏ တကျော့ပြန် နည်းပြ ခရီးစဉ် ဖွင့်ပွဲက အောင်ပွဲနှင့် စတင်နိုင်ခဲ့လေ၏။ မနေ့က Man United အနေဖြင့် Man City ကို 2-0 ဆိုသည့် ရလဒ်ဖြင့် အနိုင်ရသွားခဲ့လေ၏။ ပွဲက အကြိတ်နယ် ရှိလှ၏။ ကြည့်လို့လည်း ကောင်း၏။ ပွဲချိန်တော်တော်များများကို City က စိုးမိုး နိုင်ခဲ့တယ် ဆိုပေမဲ့ United က တန်ပြန်တိုက်စစ်တွေကနေ တဆင့် ဂိုးတွေရသွားခဲ့ခြင်း ဖြစ်လေ၏။

ပထမပိုင်းမှာ ဂိုးမရှိ သရေကျနေခဲ့၏။ ဒုတိယပိုင်းမှာမှ United တို့ အနေဖြင့် ဂိုးတွေ ဆက်တိုက်သွင်းယူနိုင်ခဲ့ခြင်း ဖြစ်၏။ မတူညီသည့် United ကို တွေ့မြင်ခဲ့ရ၏။ AFCON ဖလားကနေ ပြန်လာသည့် ကစားသမားတွေကြောင့်လည်း အသင်းအနေဖြင့် အဆင်ပြေကာ ယခုလို ရလဒ်ကောင်း ရရှိခဲ့သည်ဟု ဆိုရပေလိမ့်မည်။ Mbeumo, Amad တို့ အသင်းနှင့် ပြန်လည် ပေါင်းစုံနိုင်ခြင်းက ပိုပြီးကောင်းမွန်စေခဲ့၏။ ယခုနိုင်ပွဲကြောင့် United တို့ အဆင့် ၅ နေရာထိ တက်လှမ်းလို့ လာခဲ့၏။

အားကျမခံ Chelsea ကလည်း Brentford ကို 2-0 ဖြင့် အနိုင်ယူပြီး United နောက်အဆင့် ၆ နေရာကနေ ထပ်ကြပ်မခွာ လိုက်ပါလို့ နေခဲ့၏။ Liverpool က United နှင့် Chelsea တို့ကို စောင့်ချင်လို့ ထင်ပါရဲ့ Burnley နှင့် 1-1 သရေကျသွားခဲ့လေ၏။ Tottenham အနေဖြင့် အိမ်ကွင်းမှာ West Ham ကို 1-2 ဖြင့် ရှုံးနိမ့်ကာ အဆင့် ၁၄ နေရာထိ ဆင်းသွားခဲ့လေ၏။ နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေခဲ့ပြီး ၂ ပွဲသရေ၊ ၃ ပွဲရှုံး ရလဒ် ထွက်ပေါ်ထား၏။

United က City ကို အနိုင်ကစားပြီး Arsenal အတွက် အခွင့်အရေး ဖန်တီးပေးခဲ့ပေမယ့် အဆိုပါ အခွင့်အရေးကို Arsenal တို့ မဖမ်းဆုပ်နိုင်ခဲ့ပေ။ အဆင့် ၂ က City အဆင့် ၃ က Aston Villa တို့ကို အမှတ်ဖြတ်နိုင်မယ့် အခွင့်အရေးကို သူတို့ လက်လွှတ်ခဲ့ရ၏။ Nottm Forest နှင့် ဂိုးမရှိ သရေကျပြီး တမှတ်သာ ရယူနိုင်ခဲ့၏။ သရေကျခဲ့ပေမယ့် ၇ မှတ်ထိ ဖြတ်ထားနိုင်သေးသည်ဆိုတော့ မဆိုးဟု ပြောရပေလိမ့်မည်။

City တို့ အနေဖြင့် ရှုံးပွဲတွေ့သွားခြင်းကြောင့် Arsenal ကို လိုက်မှီဖို့ ကြိုးစားရင်း Aston Villa ၏ ကျော်တက်ခြင်းကို ခံသွားရနိုင်၏။ ဒီနေ့ ကစားမယ့် Aston Villa vs Everton ပွဲစဉ်မှာ Aston Villa သာ အနိုင်ရခဲ့မယ်ဆိုရင် အဆင့် ၂ နေရာကို သူတို့ ရယူသွားနိုင်မည် ဖြစ်၏။

၄ ပွဲဆက် နိုင်ပွဲ ပျောက်နေခဲ့သည့် Goat ကြီး Ronaldo ၏ Al Nassr အနေဖြင့် Saudi Arabia Pro League Round 16 ပွဲစဉ်မှာတော့ နိုင်ပွဲ ပြန်ရှာတွေ့ခဲ့လေ၏။ Al Shabab ကို အိမ်ကွင်းမှာ 3-2 ဖြင့် အနိုင်ရပြီး ၁ ပွဲ သရေ ၃ ပွဲဆက် ရှုံးနိမ့်မှုတို့ကို ရပ်တန့်နိုင်ခဲ့လေ၏။

(photos from Premier League Page)



0
0
0.000
0 comments