Match Day

ဒီနေ့ 8 ရက်နေ့ မြန်မာစံတော်ချိန် ည 7 နာရီခွဲနှင့် 9 ရက်နေ့ မနက် 1 နာရီခွဲချိန်တွေမှာ UEFA Nations League A Bronze Final နှင့် Final ပွဲစဉ်များ ကစားသွားဖို့ ရှိနေပါတယ်။ တတိယ လုပွဲ အဖြစ် Germany vs France, ဗိုလ်လုပွဲ အဖြစ် Portugal vs Spain တို့ ယှဉ်ပြိုင် ကစားကြမည် ဖြစ်၏။

အိမ်ရှင် Germany အနေဖြင့် အိမ်ရှင် အားသာချက် ရှိနေသည် ဆိုပေမယ့်လည်း လက်ရှိအသင်းက တခေတ်တခါက Germany အနေအထားမျိုးကို မရှိနေခဲ့ပေ။ ကစားပြီးသွားခဲ့တဲ့ Semi Final နှစ်ပွဲလုံး ကောင်းခဲ့ပေမယ့် Spain vs France ပွဲစဉ်ကတော့ အပြန်အလှန် သွင်းဂိုးတွေနဲ့ အတော်လေးကို ကြည့်ကောင်းခဲ့၏။ ပရိတ်သတ်တွေ အတွက် တကယ့်ကို ရသအပြည့် ပေးခဲ့သည့် ပွဲစဉ်ဟု ပြောရပေလိမ့်မည်။ ကိုယ်စီ တိုက်စစ် အစွမ်းတွေ ပြသခဲ့ကြသည့်ပွဲဟု ဆိုရပေလိမ့်မည်။

France တို့ နောက်ကနေ ဂိုးတွေ ပြန်လိုက်သွင်းခဲ့တယ် ဆိုပေမယ့်လည်း လိုအပ်သည့် လုံလောက်သည့် ဂိုး အရေအတွက်ကို ရယူနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ထို့ကြောင့်လည်း Spain ကို 5-4 နဲ့ ရှုံးကာ အိမ်ရှင် Germany နဲ့ တတိယလုရတော့မည် ဖြစ်၏။

Portugal အသင်း အနေဖြင့် Ronald ၏ ဦးဆောင်မှု နှင့်အတူ အိမ်ရှင် Germany ကို အနိုင်ယူပြီး ဗိုလ်လုပွဲ အဆင့်ထိ တက်လှမ်း ထားနိုင်ခဲ့၏။ အသက် 40 အရွယ် ကစားသမား တယောက်ဟု မထင်ရလောက်အောင် Ronald က ခုချိန်ထိ အကောင်းဆုံး ကစားပြနိုင်နေသေး၏။ သူ၏ စိတ်အား ထက်သန်မှုကတော့ တကယ့်ကို အံ့မခန်းပင်။

လူငယ်ကစားသမား အစုအဖွဲ့နဲ့ Spain က အတော်လေး ကောင်းလှသည်ဟု ဆိုလို့ရ၏။ ကြယ်ပွင့် ကစားသမား Lamine Yamal အနေဖြင့် ဒီပြိုင်ပွဲမှာလည်း အကောင်းဆုံး ပုံစံတွေ ပြသနေပါတယ်။ Semi Final France နဲ့ ပွဲမှာလည်း Man of the Match ဆုကို ရယူနိုင်ခဲ့ပါတယ်။ Ronald, Messi ခေတ်အလွန်မှာ Lamine Yamal က highlight ပြစရာ ကစားသမားများ ဖြစ်လာ လေမလားပေါ့။ Mbappe ကို စောင့်ကြည့်နေခဲ့ပေမယ့် နောက်ပိုင်း နှစ်တွေမှာတော့ သူ၏ ခြေစွမ်းနဲ့ စွမ်းဆောင်ရည်‌တွေက ခဏတန့်နေခဲ့ပြန်၏။

လူငယ်တသိုက်နဲ့ Spain အသင်းကို ဗိုလ်စွဲစေချင်ပေမယ့်လည်း တဖက်မှာ Portugal ကိုလည်း ချန်ပီယံ ဖြစ်စေချင်ပါ၏။ Ronald အတွက် ကစားသမား ဘဝ အနားမယူခင်လေးမှာ ရနိုင်သမျှ ဖလားတွေ၊ အောင်မြင်မှုတွေ အကုန် ရယူစေချင်မိပါ၏။

(photos from UEFA page)



0
0
0.000
2 comments
avatar

Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out our last posts:

Our Hive Power Delegations to the May PUM Winners
0
0
0.000