Match Week 6

EPL Round 6 ပွဲစဉ်များ ဒီနေ့ ကစားကြမည် ဖြစ်၏။ ဒီနေ့ ပွဲစဉ် 6 ပွဲ၊ နက်ဖြန် 3 ပွဲ နှင့် အင်္ဂါနေ့မှာ 1 ပွဲ ကစားသွားမည် ဖြစ်၏။ ဒီနေ့ အစောဆုံးပွဲကတော့ Brentford vs Man United တို့၏ ပွဲစဉ် ဖြစ်၏။ မြန်မာစံတော်ချိန် ညနေ 6 နာရီမှာ ကစားသွားမည် ဖြစ်၏။ နိုင်တလှည့် ရှုံးတလှည့် ဖြစ်နေသည့် United တို့ ထပ်မံ စမ်းသပ်ခံရမယ့် ပွဲစဉ်လည်း ဖြစ်၏။

Brentford အိမ်ကွင်းမှာ နောက်ဆုံး 4 ကြိမ်တွေ့ဆုံထားမှု အရ Brentford က 2 ကြိမ်နိုင်၊ United က 1 ကြိမ်နိုင်ပြီး 1 ကြိမ် သရေကျထား၏။ နောက်ပိုင်းနှစ်တွေမှာ Brentford နဲ့ တွေ့တိုင်း United တို့ အနေဖြင့် ခက်ခက်ခဲခဲ ကစားရလေ့ ရှိ၏။ အမှန်တော့ Brentford နဲ့မှ မဟုတ်ပါဘူး ဘယ်အသင်းနဲ့ပဲ ကစားကစား United အတွက်က ခက်ခဲနေတာပါပဲ။

Brentford ၏ ဒီရာသီ အဖွင့်က သိပ်မကောင်းလှပေ။ သူတို့၏ နည်းပြ Thomas Frank ကို Tottenham သို့ ပြောင်းရွှေ့ခွင့်ပြုလိုက်ရခြင်း အဓိက ကစားသမားအချို့ ထွက်ခွာ သွားခြင်းက အသင်းကို အားနည်းသွားစေခဲ့၏။ ဒီရာသီ 5 ပွဲ ကစားပြီးချိန်မှာ 1 ပွဲနိုင်၊ 1 ပွဲရေ၊ 3 ပွဲ ရှုံးထား၏။ နောက်ဆုံး ကစားထားသည့် 4 ပွဲမှာ Brentford အနေနဲ့ နိုင်ပွဲ တပွဲမှ မရထားသေးပေ။ United အနေနဲ့ကတော့ နောက်ဆုံး 4 ပွဲမှာ 2 ပွဲနိုင်၊ 1 ပွဲ သရေ၊ 1 ပွဲရှုံး ရလဒ် ရရှိထား၏။

ကိန်းဂဏန်းတွေအရ လက်ရှိမှာ United က သာနေသည်ဟု ပြောလို့ရပေမယ့် ဒီနေ့ ကစားရမှာက Brentford ၏ အိမ်ကွင်းမှာ ဖြစ်၏။ ထင်သလောက် လွယ်မည် မဟုတ်ပေ။ Mbeumo အနေဖြင့် အသင်းဟောင်း Brentford နှင့် ပြန်တွေ့ရမည့် ပွဲစဉ်လည်း ဖြစ်လေ၏။

ဒီနေ့မှာ Chelsea, Man City & Liverpool တို့၏ ပွဲစဉ်တွေလည်း ရှိနေပါသေး၏။ Crystal Palace vs Liverpool တို့၏ ပွဲစဉ်ကတော့ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းပေလိမ့်မည်။ ရာသီအဖွင့် Community Shield ပွဲစဉ်က ရှုံးကြွေးကို Liverpool တို့ ပြန်ဆပ်နိုင်မလား စောင့်ကြည့်ရပေလိမ့်မည်။

ရှုံးပွဲ မရှိသေးသည့် 2 သင်း တွေ့ဆုံမှုမှာ ဘယ်အသင်းက အသာစီး ရသွားမလဲပေါ့။ Liverpool က ရာနှုန်းပြည့် နိုင်ပွဲ ရထားတယ်။ Crystal Palace က 2 ပွဲနိုင်၊ 3 ပွဲ သရေကျထားတယ်။ အိမ်ရှင် Crystal Palace က Liverpool ကို အနိုင်ယူသွားမလား။ ဒါမှမဟုတ် Liverpool ကပဲ နောက်ထပ် နိုင်ပွဲကို ရသွားမလား။ ဒါမှမဟုတ် အမှတ်ခွဲဝေယူသွားကြမလား စောင့်ကြည့်ကြရမည်။

Saudi Arabia Pro League မှာတော့ Al Nassr အသင်းက 4 ပွဲကစားပြီး 4 ပွဲအနိုင်ဖြင့် ဇယားထိပ်မှာ ဦးဆောင်ထား၏။ မနေ့က Al Ittihad နဲ့ ပွဲစဉ်မှာ Mane, Ronaldo တို့ ၏ သွင်းဂိုးဖြင့် အနိုင်ရယူခဲ့၏။ ဒီရာသီ Al Nassr ကတော့ အတော်လေး အခြေအနေ ကောင်းနေသည်ဟု ပြောရပေလိမ့်မည်။ ဒီပုံစံကို သူတို့ ဆက်ထိန်းထားနိုင်ပါက ဒီနှစ် ချန်ပီယံက သူတို့သာ ဖြစ်ပေလိမ့်မည်။

(photos from Premier League Page)



0
0
0.000
1 comments
avatar

Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You received more than 180000 upvotes.
Your next target is to reach 190000 upvotes.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out our last posts:

Hive Power Up Day - October 1st 2025
0
0
0.000