မပြောင်း မလဲ

မနေ့ တနေ့က ပြည်နယ်ကွင်း သွားပြီး ဘောလုံးပွဲ ကြည့်ဖြစ်ရာကနေ အရင်တုန်းက အကြောင်းတွေ ပြန်သတိရဖြစ်၏။ ပြည်နယ် ဘောလုံးကွင်းက ဘောလုံးပွဲတွေ သွားမကြည့်ဖြစ်ခင် ကတည်းကကို မကြာခဏ ရောက်ဖြစ်ခဲ့၏။ လွန်ခဲ့သော ဆယ်နှစ်၊ ဆယ့်ငါးနှစ်ကဆို နေ့တိုင်းတောင် ရောက်ဖြစ်ခဲ့သေး၏။ ထိုစဉ်က တိုက်ကွမ်ဒို ကစားသမား တဦး ဖြစ်နေတဲ့ အချိန်ပေါ့။ တိုင်းနဲ့ပြည်နယ် ပြိုင်ပွဲ အတွက် လေ့ကျင့်နေရချိန်တွေပေါ့။ ညနေခင်း အပြင် မနက်ခင်း training ပါ လုပ်ရ၏။

ညနေခင်း training က technic ပိုင်း အတွက် ဖြစ်ပြီး မနက်ပိုင်း training ကတော့ stamina ပိုင်း အတွက် ရည်ရွယ်၏။ တိုက်ကွမ်ဒိုက အခြား တိုက်ခိုက်ရေး အားကစားများ နည်းတူ (၃) မိနစ်၊ (၃) ချီ ကစားရ၏။ အဆိုပါ (၉) မိနစ်စာ အတွက် ကျနော်တို့တွေ ဘောလုံး training လောက် နီးနီးကို လုပ်ကြရ၏။ မနက်ခင်းတင်ပဲလားဆို ဘယ်ဟုတ်မလဲ၊ ညခင်းပိုင်း training မှာလည်း အားကုန်သည် အထိကို လေ့ကျင့် ကစားရ၏။ (၆) တန်း နှစ်လောက်ကနေ တက္ကသိုလ် တတိယနှစ်လောက်အထိ တိုက်ကွမ်ဒို ကစားခဲ့၏။ ဘွဲ့ရပြီး နောက်ပိုင်းမှာတော့ မကစား ဖြစ်တော့ပေ။ တိုက်ကွမ်ဒို အစား futsal ဖက် ရောက်သွားခြင်း ဖြစ်၏။

ပို စိတ်ဝင်စားတာကတော့ ကွင်းကြီး ဘောလုံး ဖြစ်၏။ သို့ပေမယ့် (၁၁) ကစားရတာထက်၊ (၅) ယောက်စီ ကစားရသည့် futsal ကိုပဲ ရွေးဖြစ်သွား၏။ ကွင်းကြီး ကစားရင်က မိုးရွာ၊ နေပူ ရှိသေးသည် မဟုတ်လား။ futsal မှာတော့ ဒါတွေ ပူစရာ မလိုပေ။ မိုးလုံ လေလုံ မလား။ ထိုအချက်က ကျနော် သဘောကျသည့် အချက်ထဲ ပါ၏။ ပြီး ကွင်းကြီးထက် ဘောလုံး ထိရသည့် အကြိမ် အရေအတွက်လည်း ပိုများ၏။

မိနစ် (၂၀) နှစ်ပိုင်းကို မနားတမ်း လှုပ်ရှားနေရ၏။ ကွင်းကြီး (၁၁) ယောက်မှာလို ခဏတဖြုတ် နားလို့ ပြုလို့ မရပေ။ futsal မှာက ဘောလုံး ရနေချိန်မှာသာမက ဘောလုံး ဆုံးရှုံးချိန်မှာလည်း လှုပ်နေ ပြုနေရ၏။ ဆိုရရင် futsal မှာက နားနေဖို့ အချိန် မရှိပေ။ ကွင်းကြီးထက် ပိုမော၏။ ထို့ကြောင့် ကွင်းကြီးထက်လည်း လူစားလဲခွင့်တွေ ပိုရနေခဲ့ခြင်း ဖြစ်၏။

Futsal ကစား ဖြစ်လာခဲ့တာ ၂၀၁၇ လောက်ကတည်းက ဖြစ်၏။ ဒီအတိုင်း အပျော်တန်း ဝါသနာရှင် အဖြစ်ရယ်ပါ။ ကိုယ့် ‌ခြေစွမ်း၊ ကိုယ့် အသက်အရွယ်နဲ့ pro ကစားသမား ဖြစ်လာဖို့က မလွယ်ဘူးလေ။ ပြီး ဒီနိုင်ငံမှာက အားကစားနဲ့ ပတ်သက်ရင် လောက်လောက်လားလား ပြစရာမှ မရှိနေဘဲ။ အဓိကက အားကစားနဲ့ ကစားသမားတွေ အပေါ် ထောက်ပံ့ ပေးမှုလိုမျိုးတွေမှာပေါ့။ တိုးတက်လာဖို့၊ ဖွံ့ဖြိုးလာဖို့နဲ့ ပတ်သက်ပြီးတော့ကောပေါ့။

အမှန်တော့ ဒီနေ့ ပြောပြချင်တာက ကျနော့် အကြောင်း မဟုတ်ပေ။ ကျနော်တို့ဆီက ဘောလုံး အသင်းနဲ့ ပရိတ်သတ်တွေ အကြောင်း ဖြစ်၏။ ပြည်နယ် ဘောလုံးကွင်း တဖန် ပြန်ရောက်တော့ အရင်က ရောက်ခဲ့၊ အားပေးခဲ့တာတွေ သတိရရင်း မပြောင်းလဲသေးသည့် အသင်းနဲ့ ပရိတ်သတ်တွေ အကြောင်းကိုပါ တပါတည်း သတိရမိသွားစေခဲ့၏။ ယခုတော့ စာလည်း ရှည်နေပြီမို့ နောက်ရက်မှ ပြောပါတော့မည်။



0
0
0.000
6 comments
avatar

@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @donjaun gets !HUG from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

0
0
0.000
avatar

@hiq.smartbot, sorry!

You are out of hugs for today.

You can call the HUG bot a maximum of 2 per day.

The current call limits are:

HUG in walletcalls per day
01
12
103
0
0
0.000