Pep Guardiola

Super Sunday ရဲ့ EFL Cup ဗိုလ်လုပွဲမှာ City တို့ Arsenal ကို ၀-၂ ဖြင့် အနိုင်ရပြီး ၉ ကြိမ်မြောက် ချန်ပီယံ ဖြစ်ခဲ့လေ၏။ နည်းပြ Guardiola အနေဖြင့်လည်း EFL ချန်ပီယံဆုကို ၅ ကြိမ် မြောက် အဖြစ် ရယူသွားနိုင်ခဲ့၏။ ၅ ကြိမ်မြောက်ဖြင့် အအောင်မြင်ဆုံး နည်းပြ အဖြစ်လည်း စာရင်း ဝင်သွားခဲ့လေ၏။ Barcelona, Bayern Munchen နှင့် လက်ရှိမှာ Man City ကို နည်းပြပေးနေသည့် Guardiola အနေဖြင့် အောင်မြင်မှုတွေလည်း များစွာ ရရှိခဲ့ပြီး ဖြစ်၏။

၂၀၀၇ မှာ Barca Atletic အသင်းကို စတင် ကိုယ်တွယ်ပြီး နည်းပြ ခရီးလမ်းကို စတင်ခဲ့၏။ တနှစ်တာ ကိုယ်တွယ်ခဲ့ပြီး ၂၀၀၈ မှာတော့ Barcelona အသင်းကြီးကို ကိုင်တွယ်၏။ ၂၀၀၈ မှ ၂၀၁၂ လေးနှစ်တာ အတွင်းမှာ Barcelona နှင့်အတူ La Liga ချန်ပီယံ ၃ ကြိမ်၊ UCL ချန်ပီယံ ၂ ကြိမ် နှင့် အခြား ပြည်တွင်း၊ ပြည်ပ ဖလားတွေ ရယူနိုင်ခဲ့၏။ ၂၀၁၃ မှာတော့ Bayern Munchen အသင်းသို့ ပြောင်းရွှေ့ခဲ့၏။ ၂၀၁၃ မှ ၂၀၁၆ သုံးနှစ်တာ အတွင်း Bundesliga ချန်ပီယံ ၃ ကြိမ် နှင့်အတူ ပြည်တွင်း ပြည်ပ ဖလားတွေ ရရှိခဲ့၏။

၂၀၁၆ ဘောလုံးရာသီအပြီးမှာတော့ လက်ရှိ ကိုင်တွယ်နေသည့် Man City အသင်းသို့ ပြောင်းရွှေ့ခဲ့၏။ Man City နှင့်အတူ EPL ချန်ပီယံ ၆ ကြိမ်၊ UCL ချန်ပီယံ ၁ ကြိမ်နှင့် အခြား ပြည်တွင်း ပြည်ပဖလားတွေ ရယူထားနိုင်ခဲ့၏။ Man City အသင်းကို ကိုင်တွယ်ခဲ့တာ ကိုးနှစ်ကျော် ဆယ်နှစ် ဝန်းကျင်သို့ ရောက်ရှိခဲ့ပြီး ဖြစ်၏။ City ကို အချိန်အကြာဆုံး ကိုင်တွယ်ခဲ့၏။ City နှင့်အတူ ဖလား ၃ လုံး (UCL, EPL, FA) တနှစ်ထဲ ရယူနိုင်ခဲ့၏။ Guardiola လက်ထပ်မှာ City အနေဖြင့် မြို့ခံ ပြိုင်ဘက် United နှင့် အောင်မြင်မှုမှာ ရင်ဘောင်တန်းနိုင်ရုံသာမက ကျော်တောင် ကျော်လွန်ခဲ့၏။

နောက်ပိုင်း နှစ်တွေထဲ မြန်မာမှာ City fan တွေ တိုးပွားလာခြင်းက အဆိုပါ အောင်မြင်မှုတွေကြောင့်လည်း ပါပေလိမ့်မည်။ ပြီးခဲ့သော ရာသီအချို့မှာ ရလဒ်ပိုင်း မကောင်းမှု၊ ဖလားမဲ့မှုတွေကြောင့် Guardiola ၏ ခေတ် ကုန်ဆုံးသွားခဲ့ပြီလားဟု မေးခွန်း ထုတ်မှုတွေကို EFL Final မှာ Arsenal ကို အနိုင်ယူပြီး ငါ မအိုသေးဟု ပြသခဲ့၏။ ၂၀၁၈ မှာ Guardiola ပထမဆုံး EFL ဖလား စတင် ရရှိချိန်မှာ Arteta က သူ၏ နည်းပြအဖွဲ့ထဲမှာ ပါဝင်ခဲ့၏။ ခု ၂၀၂၆ ငါးကြိမ်မြောက် EFL ဖလားမှာတော့ တပည့်ကျော် Arteta က Arsenal နည်းပြ အနေဖြင့် သူ၏ ပြိုင်ဘက် ဖြစ်နေခဲ့၏။

EFL ဖလားကြောင့် လာမယ့် ရာသီမှာ Pep Guardiola တယောက် City မှာ ဆက်ရှိနေဖို့ ပိုများသွားလောက်၏။ အမှတ်‌ပြတ်နေတယ် ဆိုပေမဲ့ EPL ချန်ပီယံအတွက် မျှော်လင့် နိုင်သေးသလို FA Cup လည်း ကျန်နေသေးသည် မဟုတ်လား။

(photos from Premier League Page)



0
0
0.000
0 comments