ပြောင်းလဲ မရှိ

လူမင်း ဘုန်းကြီး နတ်မင်း မနေသာ ဆိုသည့် စကားက Arsenal အတွက် ဖြစ်မယ် ထင်ပါ၏။ Manchester Derby မှာ United က City ကို 2-0 ဖြင့် နိုင်သွားတော့ Arsenal အတွက် ဖိအား လျော့သွားခဲ့လေသည်ပေါ့။ အမှတ်ကွာဟချက် လျော့ချချင်သည့် City အဖို့ လိုက်လေ ဝေးလေ ဖြစ်လို့နေခဲ့၏။ City က United ကို ရှုံးသွားပေမယ့် Arsenal ကတောာ့ Nottm Forest ကို အနိုင်ကစားနိုင်ခဲ့ခြင်း မရှိပေ။ သရေတမှတ်သာ ရခဲ့၏။ အမှတ်တွေ ထပ်မံဖြတ်ထားနိုင်သည့် အခွင့်အရေးက လွဲသွားခဲ့လေပြီ။
City နှင့် အမှတ်တူပြီး နောက်က လိုက်နေတာက Aston Villa ဖြစ်၏။ Aston Villa သာ Everton ကို အနိုင်ရခဲ့မယ် ဆိုရင် အဆင့် ၂ နေရာသို့ တက်လှမ်း နိုင်မည် ဖြစ်ပြီး အမှတ် ကွာဟချက်လည်း လျော့ချ နိုင်မည် ဖြစ်၏။ သို့ပေမယ့် Aston Villa အနေနဲ့ အိမ်ကွင်းမှာ Everton ကို 0-1 ဖြင့် ရှုံးနိမ့် သွားခဲ့ရလေ၏။ ဆိုတော့ကာ Arsenal တို့ အနေဖြင့် ကိုယ်တိုင် ၃ မှတ် မရ၊ သရေကျခဲ့တယ် ဆိုပေမယ့် အဆင့် ၂၊ ၃ က အသင်းတွေကလည်း ပြိုင်ဘက်တွေကို အနိုင် မကစားနိုင်ခဲ့သောကြောင့် ယခင် အမှတ်ထက် တမှတ်ထပ်တိုးပြီး ဖြတ်ထားနိုင်သည် ဆိုရမည်။

လောလောဆယ် Arsenal က ၅၀ မှတ်ဖြင့် အမှတ်ပေး ဇယားကို ဦးဆောင်ထား၏။ City နှင့် Aston Villa က အမှတ်တူ ၄၃ မှတ် ဂိုးကွာခြားချက် အရ အဆင့် ၂ နှင့် ၃ မှာ ရပ်တည်နေ၏။ Liverpool က ၃၆ မှတ်ဖြင့် အဆင့် ၄၊ United က ၃၅ မှတ်ဖြင့် အဆင့် ၆ နေရာမှာ ရပ်တည်နေ၏။ အဆင့် ၄ မှ ၁၀ အထိ အသင်းတွေက ၁-၄ မှတ်ကြားသာ ကွာဟချက် ရှိကြလေ၏။ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ ကွန့်ဖရန့်လိဂ် ဝင်ခွင့်တွေက အကြိတ်အနယ် ဆက်ရှိနေဦးမည့် ပုံပင်။
အမှတ်ပေး ဇယား အောက်ဆုံးက Wolves အနေဖြင့် အိမ်ကွင်းမှာ New Castle နှင့် ဂိုးမရှိ သရေကျသွားခဲ့၏။ Wolves အနေဖြင့် United နှင့် သရေကျပြီး နောက်ပိုင်း ယခုချိန်ထိ ရှုံးပွဲ မကြုံရသေးပေ။ ၅ ပွဲဆက် ရှုံးပွဲ မရှိသေးပေ။ United နှင့် မတွေ့ခင်က သူတို့ ၁၂ ပွဲဆက်တိတိ ရှုံးနိမ့်ထားခြင်း ဖြစ်၏။ United ကို သရေကစားနိုင်ခဲ့ပြီးနောက် စိတ်ဓါတ်တွေ မြင့်တက်သွားခဲ့တယ် ထင်ပါရဲ့။
United အနေဖြင့် ဒီတပတ်မှာ City ကို 2-0 ဖြင့် အနိုင်ရခဲ့ပြီးနောက် လာမယ့် တပတ်မှာတော့ Arsenal နှင့် အဝေးကွင်းမှာ သွားရောက် ကစားရမည် ဖြစ်၏။ City အသင်းနှင့် ပွဲစဉ်ကလိုသာ ကစားမယ်ဆိုရင် Arsenal ကိုလည်း အခက်တွေ့အောင် United တို့ လုပ်ပေလိမ့်ဦးမည်။
(photos from Premier League Page)
Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP