Round 25

ဒီတပတ်မှာတော့ EPL Round 25 ပွဲစဉ်များ ကစားမည် ဖြစ်၏။ စနေနေ့မှာ ၈ ပွဲ၊ တနင်္ဂနွေနေ့မှာ ၂ ပွဲ ကစားသွားမည် ဖြစ်၏။ မြန်မာစံတော်ချိန် အရ သောကြာည၊ စနေနေ့ မနက် ၂ နာရီခွဲမှာ အစောဆုံး ပွဲစဉ် အဖြစ် Leeds vs Nottm Forest တို့၏ ပွဲစဉ် ကစား သွားခဲ့၏။ Leeds က Nottm Forest ကို ၃-၁ ဖြင့် အနိုင်ရသွား၏။ တန်းဆင်းဇုန် အထက်နားက အသင်း ၂ သင်း တွေ့ဆုံမှု ဖြစ်သောကြောင့် ပွဲက အကြိတ်အနယ် ရှိ၏။

စနေနေ့ ည ၇ နာရီမှာတော့ United vs Tottenham တို့၏ ပွဲစဉ် ကစားသွားဖို့ ရှိနေ၏။ ပထမကျော့ Round 11 Tottenham အိမ်ကွင်းမှာ တဖက် ၂ ဂိုးစီ သရေကျခဲ့၏။ အကြိတ်အနယ် ရသအပြည့် ပေးခဲ့သည့် ပွဲစဉ် ဖြစ်၏။ United က အရင် ဦးဆောင်ဂိုး သွင်း၏။ Tottenham က ချေပဂိုး ပြန်သွင်း၏။ ၉၀+၁ မိနစ်မှာ Tottenham က ဦးဆောင်ဂိုး ပြန်လည် သွင်းယူ၏။ ၂-၁ နှင့် ပွဲပြီးတော့မယ် ထင်ထားခါမှ ၉၀+၆ မိနစ်မှာ United တို့က ချေပဂိုး ပြန်လည် သွင်းယူသွားခဲ့၏။ အရှုံးအနိုင် အဖြေ မပေါ်ခဲ့ပေမဲ့ ပွဲက အပြန်အလှန်ဖြင့် ကြည့်ကောင်းခဲ့၏။

(photos from Premier League Page)

ခု ဒုတိယကျော့ United အိမ်ကွင်းမှာ ပြန်လည်တွေ့ဆုံရ၏။ နည်းပြသစ် Michael Carrick လက်ထက်မှာ ပုံစံကောင်းတွေ ရယူ ပြသနေသည့် United ကို တားဆီးဖို့ရာ Tottenham အတွက် အနည်းငယ် ခက်ခဲကောင်း ခက်ခဲနိုင်၏။ ပြီးခဲ့သော တပတ် ညီငယ် City နှင့် တွေ့ဆုံချိန်မှာ ၂-၂ သရေကစားထားခဲ့၏။ City က ၂ ဂိုး အရင်သွင်းထားခဲ့ခြင်း ဖြစ်၏။ နို့ပေမဲ့ Tottenham အနေဖြင့် လိုအပ်တဲ့ ဂိုးတွေ သွင်းယူပြီး သရေ တမှတ် ရယူသွားခဲ့၏။ ခုတပတ်မှာတော့ နောင်တော် United နှင့် ထိပ်တိုက် ရင်ဆိုင် ကစားသွားဖို့ ရှိနေ၏။

United အနေဖြင့် ၄ ပွဲဆက် နိုင်ပွဲ ရယူနိုင်ရန် Tottenham ကို ဖြတ်ကျော်နိုင်ဖို့ လိုမည် ဖြစ်၏။ လက်ရှိ ကစားသမားတွေ၏ စိတ်ဓါတ် ကစားပုံကလည်း အတော်လည်း ဟုတ်နေသည်ဟု ပြေလို့ရ၏။ အိမ်ကွင်းမို့ United အနေဖြင့် အခွင့်အရေး ပိုရှိနေ၏။ Aston Villa, Arsenal & Chelsea အစရှိသည့် အသင်းတွေ၏ ပွဲစဉ်များလည်း ကစားဖို့ ကျန်ရှိနေပါသေး၏။

ပွဲစဉ် ၂၅ ထိ ရှိလာပြီမို့ အသင်းတိုင်း အတွက် အရေးကြီး အရေးပါသည့် အချိန်ဟု ဆိုရမည် ဖြစ်၏။ လက်ကျန် ပွဲစဉ် ၁၃ ပွဲက အသင်းတွေ အတွက် အဆုံးအဖြတ် ပေးသွားမယ့် ပွဲစဉ်တွေချည်း ဖြစ်လေ၏။



0
0
0.000
0 comments