Round 25 Highlight

EPL Round 25 ၏ ကျန် ပွဲစဉ် ၂ ပွဲကို တနင်္ဂနွေနေ့မှာ ကစားခဲ့၏။ အစောပွဲ ည ၈ နာရီခွဲမှာ ကစားခဲ့သည့် Brighton vs Crystal Palace ပွဲစဉ်မှာ Crystal Palace က Brighton ကို ၀-၁ ဖြင့် အနိုင်ရသွားခဲ့ပါတယ်။ ယခု နိုင်ပွဲကြောင့် Crystal Palace အသင်းဟာ ရမှတ် ၃၂ မှတ်ဖြင့် Brighton အသင်းရဲ့ အထက် အဆင့် ၁၃ နေရာမှာ ရပ်တည်နေပါတယ်။ Brighton ကတော့ ရမှတ် ၃၁ မှတ်နဲ့ အဆင့် ၁၄ နေရာမှာ ရပ်တည်နေပါတယ်။ သူတို့ အောက်မှာတော့ ဒီတပတ်မှာ United ကို ရှုံးသွားတဲ့ Tottenham တို့ ရမှတ် ၂၉ မှတ်ဖြင့် အဆင့် ၁၅ နေရာမှာ ရပ်တည်နေပါတယ်။
ည ၁၁ နာရီမှာတော့ Liverpool vs Man City တို့ ကစားကြပါတယ်။ ချန်ပီယံလိဂ် ဝင်ခွင့်နှင့် ချန်ပီယံ ဖြစ်ရေး အိပ်မက်တို့ ထိပ်တိုက်တွေ့ကြတဲ့ ပွဲစဉ် ဖြစ်ပါတယ်။ ပထမပိုင်းမှာ တဖက်နဲ့ တဖက် ဂိုးမသွင်းနိုင်ကြဘဲ ဒုတိယပိုင်း ရောက်မှာသာ သွင်းဂိုးတွေ မြင်ခွင့်ရခဲ့ပါတယ်။ ၇၄ မိနစ်မှာ Liverpool က ဦးဆောင်ဂိုး အရင်သွင်းပါတယ်။ ၈၄ မိနစ်မှာ Man City က ချေပဂိုး ပြန်လည် သွင်းယူပါတယ်။

၁-၁ နဲ့ ပွဲပြီးဆုံးတော့မယ်လို့ ထင်ထားခဲ့ပေမဲ့ နာကျင်အချိန်ပို ၉၀+၃ မိနစ်မှာတော့ ပင်နယ်တီ မှတဆင့် Haaland က အနိုင်ဂိုး သွင်းယူသွားခဲ့ပါတယ်။ ၉၀+၁၃ မိနစ်မှာတော့ Liverpool ၏ အဖွင့်ဂိုးရှင် Szoboszlai အနီကဒ်နဲ့ ထုတ်ပယ် ခံခဲ့ရပါတယ်။ ဒီတပတ်ရဲ့ ဒုတိယ အနီကဒ် ပစ်ဒဏ် ဖြစ်ပါတယ်။ ပထမ တကဒ်က Man United vs Tottenham ပွဲစဉ်က Tottenham ကစားသမား Romero ဖြစ်ပါတယ်။
ဒီတပတ်မှာ သရေပွဲ ၁ ပွဲသာ ပါဝင်ခဲ့ပါတယ်။ တဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ Bournemouth vs Aston Villa ပွဲစဉ် ဖြစ်ပါတယ်။ အိမ်ရှင်အသင်းတွေ အနိုင်ရတာ ၃ ပွဲသာ ရှိပြီး ဧည့်သည်အသင်းတွေ အနိုင်ရတာ ၆ ပွဲတိတိ ရှိခဲ့ပါတယ်။ Round 25 အပြီးမှာ အသင်းတွေ၏ လမ်းကြောင်း ဦးတည်ချက်က တဖြည်းဖြည်း ပိုမို ပီပြင် ပေါ်လွင်လာကြပြီ ဖြစ်ပါတယ်။ ချန်ပီယံ၊ ဥရောပပြိုင်ပွဲ ဝင်ရောက် ကစားခွင့်၊ တန်းမဆင်း ရရရေး အစ ရှိသဖြင့်ပေါ့။ လက်ကျန်ပွဲစဉ်တွေက အကြိတ်အနယ် ရှိနေမှာ အသေအချာပါပဲ။
(photos from Premier League Page)