Round of 32

ဒီတပတ် ကြားရက်တွေထဲမှာတော့ ချန်ပီယံလိဂ် ၃၂ သင်း အဆင့် ပွဲစဉ်များ ကစားကြမည် ဖြစ်၏။ အဆင့် ၉ မှ ၂၄ ထိ အသင်း ၁၆ သင်း ကစားကြရမည် ဖြစ်၏။ ထိုအဆင့်ကနေ တက်လာသည့် ၈ သင်းက အဆင့် ၁ မှ ၈ ထိ အသင်းတွေနှင့် ၁၆ သင်းဆင့် အဖြစ် ယှဉ်ပြိုင်ကစားရမည် ဖြစ်၏။ ၃၂ သင်းဆင့် မဲခွဲမှုမှာ အသင်းကြီးချင်း တွေ့ဆုံနေတာမျိုး မရှိပေ။ အသင်းကြီးချင်း မဟုတ်ပေမဲ့ မထင်မှတ်သည့် ရလဒ်မျိုးတွေ ထွက်ပေါ် လာနိုင်သေးသည် မဟုတ်လား။
နက်ဖြန်နှင့် ဘဘတ်ခါ နှစ်ရက်မှာ ၃၂ ဆင့် ပထမကျော့ ပွဲစဉ်များ ကစားကြမည် ဖြစ်၏။ တရက်ကို ပွဲစဉ် ၄ ပွဲ၊ ၂ ရက်ကို ပွဲစဉ် ၈ ပွဲ ကစားကြမည် ဖြစ်၏။ အဆင့် ၁ မှာ ၈ ထိ အသင်းတွေကတော့ ၂ ပွဲ ကစားရ သက်သာသွားသည့် သဘောပင်။ ပွဲပန်းမှုကို ရှောင်ပြီးသား ဖြစ်သွားတာပေါ့။ သက်ဆိုင်ရာ လိဂ် ပွဲစဉ်တွေ၊ ဖလား ပွဲစဉ်တွေကြား ချန်ပီယံလိဂ် ပွဲစဉ်ကလည်း ကစားနေရသေးတော့ ပွဲစဉ်တွေများသောကြောင့် ပွဲပန်းမှု အနည်းနဲ့ အများ ရှိလေ၏။

၃၂ သင်းဆင့်မှာ ထိပ်တန်းလိဂ်တွေက အသင်းတွေ ပါဝင်နေသေး၏။ ချန်ပီယံလိဂ် ဘုရင်ကြီး Real Madrid က ပေါ်တူဂီ ကလပ်အသင်း Benfica နှင့် ကစားရမည် ဖြစ်၏။ နောက်ထပ် စပိန်အသင်း Atletico Madrid အနေဖြင့် ဘယ်လ်ဂျီယံကလပ် Club Brugge နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်၏။ စပိန် ကလပ်အသင်း Barcelona ကတော့ ၁၆ သင်းဆင့်မှာ စောင့်ကြိုနေပြီးသား ဖြစ်၏။
EPL မှ ၅ သင်းကတော့ ၁၆ သင်းအဆင့်မှာ ရောက်ရှိနေပြီး New Castle တသင်းထဲသာ ၃၂ သင်းဆင့်မှာ အာဇာဘိုင်ဂျန် ကလပ် Qarabag FK အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်၏။ ဂျာမန်မြေဘက် ကြည့်ရင် ဂျာမန်ဘီလူးကြီး Bayern Munchen က ၁၆ သင်းဆင့်မှာ ကစားဖို့ စောင့်နေပြီး Dortmund က အီတလီ ကလပ်အသင်း Atalanta အသင်းနှင့် ကစားရမည် ဖြစ်၏။ Leverkusen ကတော့ ဂရိကလပ် Olympiacos နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်၏။
နောက်ထပ် အီတလီကလပ် နှစ်သင်း ဖြစ်သည့် Juventus က တူရကီကလပ် Galatasaray နှင့် လည်းကောင်း၊ Inter Milan က နော်ဝေးကလပ် Bodo/Glimt နှင့် လည်းကောင်း အသီးသီး ယှဉ်ပြိုင် ကစားရမည် ဖြစ်၏။ လက်ရှိ ချန်ပီယံ PSG ကတော့ ပြင်သစ် ကလပ်အချင်းချင်း ဖြစ်သည့် Monaco နှင့် ၃၂ သင်းဆင့်မှာ စောစီးစွာပဲ တွေ့ဆုံနေခဲ့၏။ ပြင်သစ်ကလပ် ၂ သင်းထဲက ၁ သင်းသာ နောက်တဆင့် တက်ရောက်နိုင်တော့မည် ဖြစ်၏။
(photos from UCL page)
⚠️⚠️⚠️ ALERT ⚠️⚠️⚠️
HIVE coin is currently at a critically low liquidity. It is strongly suggested to withdraw your funds while you still can.