Saudi Arabia Pro League

ဒီနေ့တော့ Saudi Arabia Pro League ဖက် သွားကြည့်ရအောင်လား။ Pro League မှာ လက်ရှိ အမှတ်ပေးဇယား ဦးဆောင်သူက Al Hilal ဖြစ်၏။ Inter Milan နည်းပြဟောင်း Simone Inzaghi ၏ ဦးဆောင်မှုဖြင့် Nunez, Neves တို့လို နာမည်ရှိ ကစားသမားတွေ ပါဝင် ကစားနေကြ၏။ လက်ရှိမှာတော့ ပွဲစဉ် ၁၉ ထိ ကစားထားပြီး ဖြစ်၏။ Pro League မှာက အသင်း ၁၈ သင်း ရှိသည် ဆိုတော့ ပွဲပေါင်း ၃၄ ပွဲ ကစားရမည် ဖြစ်၏။
ပွဲစဉ် ၁၇ ထိ အဆင့် ၂ က Al Nassr အသင်းကို အမှတ်ဖြတ် ဦးဆောင်ထားခဲ့ပေမဲ့ ၃ ပွဲဆက် သရေကျမှုကြောင့် ခုဆိုရင် ၁ မှတ်သာ ကွာတော့၏။ ပွဲစဉ် ၁၂ ထိ Al Nassr တို့ အမှတ်ပေးဇယားကို ဦးဆောင်ထားခဲ့၏။ သို့ပေမယ့် ၃ ပွဲဆက် ရှုံးနိမ့်မှု နှင့်အတူ အမှတ်ပေးဇယား ဦးဆောင်ခွင့်ကို Al Hilal အသင်းထံသို့ လွှဲပြောင်း ပေးခဲ့ရလေ၏။ သို့ပေမယ့် ခု Al Hilal အသင်း၏ ၃ ပွဲဆက် သရေကျမှုက Al Nassr အသင်းအတွက် ဇယားထိပ်ကို ပြန်လည် တက်လှမ်းဖို့ အခွင့်အရေးကောင်း ဖြစ်သွားနိုင်၏။

၃ ပွဲဆက် ရှုံးနိမ့်ပြီးမှာ Al Nassr တို့ အနေဖြင့် ၅ ပွဲဆက်တိုက် အနိုင်ရယူထားခဲ့၏။ ၃ ပွဲဆက် သရေကျထားသည့် Al Hilal တို့ အနေဖြင့် ယခုလိုသာ ဆက်သွားနေမယ်ဆိုရင် Al Nassr အသင်း၏ ကျော်တက်ခြင်းကို ခံသွားရနိုင်၏။ မနေ့ညက Al Nassr နှင့် Al Riyadh တို့ ပွဲစဉ်မှာ Al Nassr က ၀-၁ ဂိုးဖြင့် အနိုင်ရသွားခဲ့၏။ Al Nassr အတွက် အနိုင်ဂိုးကို Mane က ပထမပိုင်း ၄၀ မိနစ်မှာ သွင်းယူပေးသွားခဲ့၏။ အသင်းခေါင်းဆောင် Ronaldo ကတော့ ယခုပွဲစဉ်ကို အနီကဒ်ပွဲပယ် ပစ်ဒဏ်ကြောင့် ပါဝင်နိုင်ခဲ့ခြင်း မရှိပေ။
မနှစ်က ချန်ပီယံ Al Ittihad အနေဖြင့် ရမှတ် ၃၄ မှတ်ဖြင့် အဆင့် ၆ နေရာမှာ ရပ်တည်နေ၏။ ချန်ပီယံဟောင်းအနေဖြင့် ချန်ပီယံ ပြေးလှမ်းမှာ ဆက်လက် ရှိမနေတော့ပေ။ အဆင့် ၁ မှ ၄ ထိ အသင်းတွေသာ ချန်ပီယံ အိပ်မက်ကို ဆက်လက် မက်ခွင့်ရသွားဖို့ ရှိနေ၏။ လက်ရှိမှာ Al Hilal က ၄၇ မှတ် ဖြင့် အဆင့် ၁၊ Al Nassr က ၄၆ မှတ်ဖြင့် အဆင့် ၂၊ Al Ahli က ၄၄ မှတ်ဖြင့် အဆင့် ၃၊ Al Qadsiah က ရမှတ် ၄၀ ဖြင့် အဆင့် ၄ နေရာမှာ ရပ်တည်နေ၏။
Ronaldo တယောက် ၂၀၂၂၊ ၂၀၂၃ မှာ Saudi Arabia Pro League ကို ရောက်လာပြီး နောက်ပိုင်း နာမည်ကြီး ကစားသမား တော်တော်များများ Saudi League ကို ပြောင်းရွှေ့လာခဲ့ကြ၏။ Saudi League အနေဖြင့် ပို၍ နာမည်ကြီး လူသိများလာသလို ပြိုင်ဆိုင်မှု ပိုမို ပြင်းထန်လာသလို အသင်းအချို့တွေကြား ကွာဟချက်တွေလည်း ရှိနေပါသေး၏။ ကစားသမား မခေါ်ယူနိုင်သည့် အသင်းတွေအဖို့ အမှတ်ပေး ဇယား၏ အထက်ပိုင်းကို တက်လှမ်းဖို့ ခက်သလို ပြည်ပ ကစားသမားတွေ ခေါ်ယူမှု များပြားလာခြင်းကြောင့် ပြည်တွင်း ကစားသမားတွေ၏ အခန်းကဏ္ဍ နည်းပါးသွားခြင်းမျိုးလည်း ရှိနေပါသေး၏။
(photos from RSL Page)