စိတ် ကင်ဆာ

ထိုင်နေတုန်းက အကောင်း၊ ထ သွားမှ ကျိုးမှန်းသိ ဆိုသလိုပေါ့။ မချစ်ရတဲ့ ဒုက္ခထက် ချစ်ရတဲ့ ဒုက္ခက ပိုကြီး သတဲ့။ သောကြာနေ့ မြန်မာစံတော်ချိန် မနက် ၁ နာရီ ၄၅ မိနစ်မှာ Premier League Round 31 အဖြစ် Chelsea vs Manchester United ပွဲစဉ် ကစားခဲ့တယ်။ ပုံမှန်အားဖြင့်တော့ မနက် ၁ နာရီ နောက်ပိုင်းပွဲတွေဆို သိပ်ပြီး ကြည့်လေ့ မရှိဘူးဗျ။ ခုက ကိုယ့်အသည်းကျော် United ပွဲ ဖြစ်နေတာရယ်၊ နောက်ပြီး Chelsea နဲ့ ဆိုတော့ တပွဲလုံး ပွဲချိန်ပြည့် မဟုတ်ရင်တောင် တပိုင်းလောက် ကြည့်မယ်ကွာ ဆိုပြီး လုပ်လိုက်မိရော။

ပထမပိုင်း မိနစ် ၂၀ အတွင်းမှာ Chelsea က ၂ ဂိုးသွင်းပြီး ပွဲကို ဦးဆောင်ထားတယ်။ ပေးလိုကိရတဲ့ ၂ ဂိုးလုံးက Chelsea ကောင်းလွန်းနေတာထက် ကိုယ့်အသင်းကကို မဟုတ်နေတာ။ တော်ပြီ တပိုင်းပဲ ကြည့်တော့မယ် ဆိုတဲ့ အတွေးက ပိုသေချာ သွားရော။ ၃၄ မိနစ်နဲ့ ၃၉ မိနစ်မှာ ချေပဂိုးတွေလည်း ပြန်သွင်းလိုက်ရော ဒုတိယပိုင်းပါ ဆက်ကြည့်ချင်စိတ်တွေ ဖြစ်လာရော။ မထူးပါဘူး ပွဲကလည်း ကောင်းနေတာပဲ ဆက်ကြည့်လိုက်မယ်ကွာ ဆိုပြီး ကြည့်မိ၏။ အဲ့မှာ စတာပဲ။

ဒုတိယပိုင်းမှာ ဧည့်သည် United က ဦးဆောင်ဂိုးသွင်း၏။ (၂-၃) နဲ့ ပွဲပြီးတော့မယ် ထင်မှတ်ထားပြီးခါမှ 90+10 နှင့် 90+11 မိနစ်တွေမှာ Chelsea က ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ ပြန်လည်ပြီး သွင်းယူသွားခဲ့၏။

ဒိုင်၏ ဆုံးဖြတ်ချက်တွေက မေးခွန်း ထုတ်စရာ ဆိုပေမယ့် ကျနော်ကတော့ ကိုယ့်အသင်းကိုပဲ အရင် ပြောချင်၏။ အဝေးကွင်း ဖြစ်နေပေမယ့် ခြေစွမ်း၊ ကစားကွက် ပိုင်းမှာ ကိုယ်တွေ အသင်းက သာ၏။ အနိုင်ဂိုး သွင်းပြီး သာနေသည့် အခြေအနေ တခုကို သေချာ မထိန်းလိုက်နိုင်တာကတော့ တကယ်ဆိုး၏။ ထိန်းရင်လည်း သေချာထိန်း မထိန်းထားချင်ရင်လည်း ဂိုးထပ်သွင်းပေါ့။ တကယ်လည်း ဂိုးထပ်ရဖို့ အခြေအနေတွေ ရှိခဲ့ပါ၏။

United က United မပီသနေတာက အဓိက ပြဿနာ ဖြစ်၏။ 2 ဂိုး ရှုံးနေတုန်းက လိုက်ကစားသည့် ပုံစံမျိုးနဲ့ဆိုရင် ရှုံးစရာ အကြောင်းကို မရှိပေ။ အနိုင်ဂိုး 1 ဂိုးရပြီးနောက် ပွဲကို သေချာ အာရုံမစိုက်တော့တာကလည်း အတော်လေး မှား၏။ အသင်းက ရှိသည့် ကစားသမား တဝက်လောက်ကို ရှင်းထုတ်မှပဲ အဆင်ပြေပေလိမ့်မည်။ United DNA မရှိသည့် ကစားသမားတွေကို ပသို့ကြောင့် အသင်းမှာ ဆက်ထားနေသင့် သေးသနည်း။

ကျနော့် တယောက်ထဲ အမြင်ကတော့ နည်းပြကော ကစားသမားတွေကော ပြောင်းလိုက်တာ အကောင်းဆုံးပင်။ ချစ်မိ သည့် ဒုက္ခ၊ ကြည့်မိသည့်ပွဲ။ ခုတော့ မပျော်ရဘဲ အိပ်ရေးပျက်တာသာ အဖတ်တင်တော့၏။ ကိုယ်ချစ်သည့် အရာတွေကပဲ ကိုယ့်ကို စိတ်ဒုက္ခ ပေးလေ၏။

(photo from Manchester United Facebook page)



0
0
0.000
6 comments
avatar

@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @donjaun gets !LOOL from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

0
0
0.000