Sports & Sleep

avatar

လုံလောက် ပြည့်ဝသော အိပ်စက်ချိန် ဖြစ်ဖို့က အရေးကြီးလှ၏။ အထူးသဖြင့် အားကစား သမားတွေအဖို့ အဆိုပါ ကိစ္စက အရေးပါလှ၏။ ဒီရက်ပိုင်း Training ကြောင့် ညဘက်တွေ အစော အိပ် ဖြစ်၏။ မနက်၊ ည Training ဆိုတော့ အိပ်ရာဝင်ပြီး ခေါင်းအုံးပေါ် ခေါင်းချတာနဲ့ တန်း အိပ်ပျော်တော့တာပါပဲ။ ယခင်လို phone လေး သုံးမယ် ဆိုတာမျိုးလည်း မလုပ်နိုင်တော့ပေ။ Training ပြီး နည်းပြ ဆရာတွေ အတွက် စားရေး သောက်ရေး စီစဉ်ပေးရတော့ တနေ့ကုန် နီးပါး မအားသလိုတောင် ဖြစ်နေ၏။ ဒီရက်ထဲ စိတ်ကော လူကော ပင်ပန်း၏။ ပင်ပန်းပေမဲ့ ပျော်ပါ၏။ ကိုယ် လုပ်ချင်တဲ့ဟာ လုပ်နေရသည်ကိုး။

စောစော အိပ်ဖြစ်တယ် ဆိုပေမဲ့ ကျနော့် အိပ်စက်ချိန်က ၈ နာရီ မပြည့်ပေ။ ၆ နာရီသာ ရှိ၏။ အိပ်ရေး ဝလား ဆိုတော့ ဝသလို မဝ သလိုပင်။ ပြီး Training ကြောင့် တန်း အိပ်ပျော်သွားပြီး မနက်ထိ တရေးတောင် မနိုးတော့ပေ။ ကိုယ့်ကို အိပ်လိုက်ရလား၊ မအိပ်လိုက်ရလားတောင် မသဲ ကွဲပေ။ ဆိုတော့ အိပ်ရေး သိပ်ဝသည့်ပုံတော့ မရှိပေ။ အနည်းဆုံး အိပ်ချိန် ပြည့်မှီသည်ဟုသာ ပြောလို့ရ၏။

ပြင်းထန်သည့် အားကစားနည်းကို လုပ်ဆောင်နေသူတွေ အဖို့ ကိုယ်ခန္ဓာ ကြံ့ခိုင်မှု ရှိဖို့၊ ရေရှည် အသုံးချနိုင်ဖို့၊ အထိအခိုက် နည်းဖို့ ကိုလည်း အထူး ဂရုစိုက်ဖို့ လို၏။ ကျန်းမာနေရုံနဲ့ မရပေ။ ဒေါင်ဒေါင်မြည် ကျန်းမာနေမှကို ရမည် ဖြစ်၏။ Futsal အားကစားနည်းက ပါဝါ အလွန်သုံးပြီး ကစားရသည့် ကစားနည်း ဖြစ်၏။ မိနစ်ပိုင်း၊ စက္ကန့်ပိုင်း အတွင်း မြန်မြန်ဆန်ဆန် ဆုံးဖြတ် ကစားရ၏။ ခွန်အား၊ လျှင်မြန်မှု၊ ခံနိုင်ရည်၊ သက်လုံ၊ ဦးနှောက် ဉာဏ်ရည် ဉာဏ်သွေး အစရှိသည်တို့ကို အချိုးကျ မျှတစွာ သုံးနိုင်ဖို့ လို၏။

နည်းပြတွေ၏ ကျေးဇူးကြောင့် Futsal နှင့် ပတ်သက်၍ ယခင်ထက် စာရင် ပိုမို သိရှိလို့ လာခဲ့ပြီ ဖြစ်၏။ အမှားတွေကို သိလို့ အမှန်လည်း ပြင်နိုင် ခဲ့ပြီ ဖြစ်၏။ ပိုမို ထိရောက်သည့် နည်းလမ်းတွေကိုလည်း သိရှိ သင်ကြားခွင့် ရခဲ့လေ၏။ အကောင်းဆုံးက ဘာဆိုတာကို တိကျ မသိသေးတောင် ပိုကောင်းသည့် နည်းလမ်းတွေကို သိရှိခွင့် ရခဲ့၏။ ကိုယ်တွေနှင့် ကိုက်ညီမည့် နည်းစနစ်တွေကို ရှာဖွေဖို့လည်း လမ်းစတွေ ရခဲ့၏။ လောလောဆယ်တော့ အိပ်ချိန် အိပ်ရေး ဝဖို့ အရင်ဆုံး လုပ်ရပေလိမ့်မည်။



0
0
0.000
5 comments
avatar
(Edited)

PIZZA!

$PIZZA slices delivered:
phyowinkoko7 tipped donjaun
@htwegyi(1/10) tipped @donjaun

Send $PIZZA tips in Discord via tip.cc!

0
0
0.000
avatar

ကျန်းမာမှ အားလုံး အဆင်ပြေမှာ‌ပါလေ။
!PIZZA
!MEME

0
0
0.000