Super Sunday

မနေ့ညက ကစားခဲ့သည့် EPL Round 35 ပွဲစဉ် ၄ ပွဲမှာ ၁ ပွဲသာ သရေကျခဲ့ပြီး ကျန် ၃ ပွဲက အရှုံးအနိုင် အဖြေပေါ်ခဲ့၏။ ၃ ပွဲလုံး ဂိုးပြတ်ခဲ့သည်ဟု ပြောလို့ရ၏။ Wolves vs Sunderland ပွဲစဉ်ကတော့ တဖက် ၁ ဂိုးစီ သရေကျခဲ့လေ၏။ ပထမပိုင်း ၁၇ မိနစ်မှာ ဧည့်သည် Sunderland တို့ ဦးဆောင်ဂိုး ရခဲ့၏။ ၂၄ မိနစ်မှာ Sunderland ကစားသမား တ‌ယောက် တိုက်ရိုက် အနီကဒ်ဖြင့် ထုတ်ပယ်ခံခဲ့ရလေ၏။ ဒုတိယပိုင်း ၅၄ မိနစ်မှာ Wolves တို့ ချေပဂိုး ပြန်လည် သွင်းယူနိုင်ခဲ့၏။

တန်းဆင်းဇုန် ဖိအား ရှိနေသည့် West Ham အနေဖြင့် Brentford ကို ၃-၀ ဖြင့် ရှုံးနိမ့်သွားခဲ့ပြီး စိုးရိမ်စရာ အခြေအနေသို့ ရောက်သွားခဲ့ပြန်လေ၏။ Tottenham အနေဖြင့် Aston Villa နဲ့ အဝေးကွင်း ပွဲစဉ်ကိုသာ အနိုင်ကစားနိုင်ခဲ့မယ် ဆိုရင် အဆင့် ၁၈ နေရာသို့ West Ham တို့ရောက်သွားမည် ဖြစ်ပြီး Tottenham အနေဖြင့် အဆင့် ၁၇ နေရာသို့ တက်လှမ်း နိုင်မည် ဖြစ်၏။ Aston Villa အိမ်ကွင်းမို့ Tottenham အနေဖြင့် ခက်ခဲနိုင်သည် မှန်ပေမဲ့ တန်းဆင်းဇုန်က လွတ်ဖို့ ဆိုရင် ယခုပွဲစဉ်ကို သေချာ ကစားဖို့ လိုမည် ဖြစ်၏။

New Castle vs Brighton ပွဲစဉ်မှာတော့ အိမ်ရှင် New Castle က Brighton ကို ၃-၁ ဖြင့် အနိုင်ရသွားခဲ့လေ၏။ ယခု ရှုံးပွဲကြောင့် Brighton တို့ အဆင့် ၇ နေရာသို့ ဆင်းပေးလိုက်ရလေ၏။ Arsenal vs Fulham ပွဲစဉ်မှာတော့ Arsenal အသင်းက ၃-၀ ဖြင့် အနိုင်ရသွားခဲ့လေ၏။ ၃ ဂိုးလုံးကို ပထမပိုင်းမှာ ကတည်းက သွင်းယူ သွားခဲ့ခြင်း ဖြစ်၏။ ယခု နိုင်ပွဲကြောင့် Arsenal တို့ ၂ ပွဲအသာ ၆ မှတ်ဖြင့် Man City ကို ဦးဆောင် ထားခဲ့လေ၏။

ဒီနေ့မှာ Bournemouth vs Crystal Palace ကစားမည် ဖြစ်၏။ EPL မှာ ၁၄ ပွဲဆက် ရှုံးပွဲ မရှိထားသည့် Bournemouth ကို Crystal Palace တို့ ဟန့်တားနိုင်ပါ့မလားကတော့ စိတ်ဝင်စားဖို့ ကောင်းနေခဲ့၏။ Bournemouth အနေဖြင့် အနိုင်ရခဲ့ရင် Europa League ဝင်ခွင့် နေရာ ဖြစ်သည့် အဆင့် ၆ နေရာသို့ တက်လှမ်း နိုင်မည် ဖြစ်၏။

ည ၉ နာရီမှာတော့ Super Sunday ၏ အကောင်းဆုံး ပွဲစဉ် ဖြစ်သည့် Man United vs Liverpool ပွဲစဉ် ကစားသွားဖို့ ရှိနေ၏။ အဆင့် ၃ နေရာကို ဆက်လက် ကာကွယ်ထားနိုင်ဖို့ United တို့ အနေဖြင့် ကြိုးစားသွားဖို့ ရှိနေ၏။ Liverpool အနေဖြင့်ကလည်း အနိုင်ရခဲ့မယ်ဆိုရင် အဆင့် ၃ နေရာကို ရယူနိုင်မှာမို့ အကောင်းဆုံး တုန့်ပြန် ကစားသွားဖို့ ရှိနေ၏။

(photos from Premier League Page)



0
0
0.000
0 comments