UCL is Back

ဒီကြားရက်ထဲမှာတော့ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ ကွန့်ဖရန့်လိဂ် အစရှိသည့် ဥရောပလိဂ်ပွဲစဉ်တွေ ကစားသွားဖို့ ရှိနေပါတယ်။ ဒီနေ့ညနှင့် မနက်ဖြန် မနက်အစောပိုင်းတို့မှာ ချန်ပီယံလိဂ် ပွဲစဉ်အချို့ ကစားသွားမှာ ဖြစ်ပါတယ်။ အသင်းကြီးတွေ ထိပ်တိုက်တွေ့ဆုံနေတဲ့ ပွဲစဉ်တွေလည်း ပါနေတာမို့ Round 7 ပွဲစဉ်တွေက စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ အထူးသဖြင့် Inter Milan vs Arsenal တို့လို့ ပွဲစဉ် မျိုးတွေပေါ့။
Series A အဆင့် ၁ နှင့် EPL အဆင့် ၁ တို့ ထိပ်တိုက်တွေ့ဆုံတဲ့ ပွဲစဉ်ပါ။ ဆင်ပျံကြီးက ချန်ပီယံလိဂ်မှာ ရှုံးပွဲ မရှိ ရာနှုန်းပြည့် နိုင်ပွဲ ရယူထားပါတယ်။ Inter ကတော့ ၆ ပွဲမှာ ၄ ပွဲနိုင် ၂ ပွဲရှုံး ရလဒ်ဖြင့် အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။ ဆိုတော့ကာ Inter Milan အနေဖြင့် EPL အသင်းတွေတောင် ရပ်တန့်ခြင်းငှာ မစွမ်းသာသေးသော Arsenal ကို ရပ်တန့်သွားနိုင်မလားကတော့ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။ Arsenal အနေဖြင့် Inter Milan နဲ့ ပွဲပြီးရင် United နဲ့ EPL ပွဲစဉ် ကစားသွားဖို့ ရှိနေပါတယ်။

EPL မှာ ရလဒ်တွေ ဆိုးရွားနေတဲ့ Tottenham ကတော့ ဂျာမန်ကလပ် Dortmund အသင်းနဲ့ ယှဉ်ပြိုင် ကစားသွားဖို့ ရှိနေပါတယ်။ Round of 16 တိုက်ရိုက် ဝင်ခွင့်အတွက် နှစ်သင်းလုံးမှာ မျှော်လင့်ချက် ရှိနေပါသေးတယ်။ အနိုင်ရတဲ့အသင်း အနေဖြင့် အမှတ်ပေးဇယား ရပ်တည်မှု အပြောင်းအလဲ ရှိနိုင်တာမို့ ကြည့်ကောင်းမယ့် ပွဲစဉ်ပါပဲ။ ၁၁ မှတ်စီနဲ့ အမှတ်တူ ဂိုးကွာခြားချက်အရ အဆင့် ၁၀ နှင့် အဆင့် ၁၁ နေရာမှာ အသီးသီး ရပ်တည်နေပါတယ်။
EPL အသင်း ၆ သင်းလုံး အနေဖြင့် နောက်တဆင့် တက်နိုင်ဖို့ အခြေအနေကောင်းနေပါတယ်။ Round of 16 တိုက်ရိုက် ဝင်ခွင့်အတွက် Arsenal က သေချာသွားခဲ့ပါပြီ။ လောလောဆယ် Man City က အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။ Liverpool, Tottenham, New Castle, Chelsea တို့ အနေဖြင့် တိုက်ရိုက် ဝင်ခွင့် အတွက် မဟုတ်ခဲ့ရင်တောင် playoff အတွက် အခြေအနေကောင်းနေပါတယ်။ Round of 16 မှာ EPL က အသင်း ၆ သင်းလုံး တက်ရောက် လာနိုင်မလားကတော့ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
ခုထိ ဖလားစုံ လမ်းကြောင်းပေါ်မှာ Arsenal တို့ ရှိနေဆဲပါ။ ဒီရာသီမှာ ဖလားတခုခုတော့ ရတန်ကောင်းပါရဲ့။ ခု Inter နဲ့ ပွဲကိုသာ နိုင်ခဲ့ရင် အသင်းရဲ့ potential က အမြင့်ဆုံးထိ ပြန်ရောက်သွားနိုင်ပါတယ်။ EPL မှာ နှစ်ပတ်ဆက် ဂိုးမရှိ သရေရလဒ်တွေ ထွက်ပေါ်ထားပေမယ့် FA Cup, EFL Cup တွေမှာတော့ အနိုင်ရအောင် စွမ်းဆောင်ထားပါသေးတယ်။ ရာနှုန်းပြည့် နိုင်ပွဲနဲ့ Round of 16 ကို သွားချင်ရင်တော့ Inter Milan ကို သူတို့ အနိုင်ကစားဖို့ လိုပါဦးမယ်။
(photos from UCL page)