UEFA Nations League
UEFA Nations League A Semi Final ပွဲစဉ်များ ကစားပြီးခဲ့ပြီ ဖြစ်၏။ ပွဲကောင်းတွေချည်း ဖြစ်၏။ မနက် 1 နာရီခွဲ ဆိုတော့ ထလည်း မကြည့်၊ စောင့်လည်း မကြည့်နိုင်ပေ။ မနက် မနက် ဆွမ်းထလောင်းရမှာမို့ စောစောအိပ်မှ အဆင်ပြေပေလိမ့်မည်။ ပြီးမှပဲ Highlight လေးတွေ ပြန်ကြည့်ပေါ့။
Germany vs Portugal ပွဲမှာတော့ အိမ်ရှင် Germany ကို Portugal တို့ 1-2 ဖြင့် အနိုင်ရပြီး ဗိုလ်လုပွဲ တက်သွားခဲ့၏။ Portugal အတွက် Ronald အနိုင်ဂိုး သွင်းယူသွားခဲ့၏။ ဘုရားစူး အသက် 40 ကစားသမားပင်။ သူရဲ့ ကြိုးစား အားထုတ်မှုတွေက အံ့အားသင့်ဖွယ်ပင်။ ခုချိန်ထိ အကောင်းဆုံး ပုံစံကို ပြထား၊ ထိန်းထား နိုင်တာက တကယ်ကို ချီးကျူးချင်စရာပင်။
Spain vs France ပွဲက အိပ်ပျက်ခံပြီးကို ကြည့်သင့်သည့်ပွဲဟု ဆိုရပေလိမ့်မည်။ နှစ်သင်းပေါင်း သွင်းဂိုး 9 ဂိုးတဲ့လေ။ အကြိတ်အနယ် ရှိခဲ့ပေမယ့် အပြန်အလှန် သွင်းဂိုးတွေတော့ မဟုတ်ပေ။ Spain က ဦးဆောင်ဂိုးတွေ သွင်းထားပြီးမှ France က နောက်က လိုက်ချေပ ကစားခဲ့ရ၏။ သို့ပေမယ့် လုံလောက်သည့် ဂိုးပမာ ရောက်အောင် France တို့ မချေပနိုင်ခဲ့ပေ။
ပထမပိုင်းမှာတင် Spain တို့က 2 ဂိုးသွင်းပြီး ဦးဆောင်နေခဲ့၏။ ဒုတိယပိုင်း 54, 55 မိနစ်တွေမှာ 2 ဂိုးထပ်သွင်းပြီး 4-0 နဲ့ ဦးဆောင်နေခဲ့၏။ France တို့ 59 မိနစ်မှာ ချေပဂိုး 1 ဂိုး ပြန်ရ၏။ 67 မိနစ်မှာ Spain က 1 ဂိုးထပ်သွင်းပြီး 5-1 ဖြစ်သွားခဲ့၏။ ပွဲပြီးသွားပြီပေါ့။ နို့ပေမယ့် France တို့က 79, 84, 90+3 မိနစ်မှာ 3 ဂိုးဆက်တိုက် ပြန်လည် သွင်းယူခဲ့၏။ 5-4 ဂိုးနဲ့ ပွဲက အကြိတ်အနယ် ပိုဖြစ်သွားစေခဲ့၏။ ပွဲသိမ်းခရာမှုတ်ချိန်ထိ France တို့ ဂိုး ထပ်မသွင်းနိုင်သောကြောင့် 5-4 နဲ့ပဲ အရှုံးပေးခဲ့ရလေတော့၏။
June 8 မှာ Germany vs France တတိယလုပွဲ ကစားမည် ဖြစ်ပြီး။ June 9 ရက်မှာတော့ Portugal vs Spain တို့ ဗိုလ်လုပွဲ ကစားကြမည် ဖြစ်၏။
(photos from UEFA page)
!hiqvote